Kyaik Hto News

0 0
Read Time:2 Minute, 19 Second

ကျိုက်ထိုမြို့နယ်၊ တောရကျောင်းပတ်ဝန်းကျင်သို့ တက်လသည့် စစ်သားများကို ၄၀ မမ ဖြင့် တိုက် ခိုက်မှု ၄ ဦးအပြင်းအထန်ဒဏ်ရာရ

 

D Day News

ဇွန်လ ၁၀

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ တောရကျောင်းပတ်ဝန်းကျင်သို့ တက်လာသော အကြမ်းဖက်စစ်သား၊ ရဲများကို ၄၀ မမဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

 

ဇွန်လ ၈ ရက် ညနေ ၃ နာရီ မိနစ် ၄၀ အချိန်က ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ တောရကျောင်း ပတ်ဝန်းကျင်သို့ တက်လာသည့် အကြမ်းဖက်စစ်သား၊ ရဲ ၂၆ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမဖြင့်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၄ ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထို့အပြင် ပြည်သူအမျိုးသမီးတစ်ဦးလည်း ၄၀ မမ ကျည်အစ ခြေသလုံးရှပ်ထိဒဏ်ရာ(မစိုး ရိမ်ရ) ရရှိခဲ့ကြာင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF)၊ KNU/KNLA နှင့် ကျိုက်ထို ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးထိခိုက်ခဲ့မှုအပေါ် ပူးပေါင်းအဖွဲ့ မှ လွန်စွာစိတ်မကောင်းဖြစ်ရပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF မှ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက် ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့် ရှောက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက် နစ်နာ ပျက်စီးဆုံးရှုံး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်း အလျှင်းမရှိပါကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *