Thabaikkyin News

0 0
Read Time:2 Minute, 57 Second

တကောင်းဘက်သို့ စစ်ကူတက်လာသော ပျူစောထီးကားများကို အသင့်စောင့်ကြိုတိုက်ခိုက်မှု ၇ ဦး သေဆုံး ၊ ချောင်းကြီးရွာမှ ရာအိမ်မှူး ၃ ဦးကို ရွာထဲအထိဝင်ရောက်ဖမ်းဆီး (ရုပ်သံ)

 

D Day News

မတ်လ ၂၈

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ မြောက်ဘက်တွင် စစ်ကူပေးရန် တက်လာ သော ပျူများနှင့် စစ်ကူပေးရန်ထွက်လာသော ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ဦးသေဆုံးခဲ့ ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၅ ရက်နေ့က မတ္တရာမြို့နယ်ဘက်မှ တကောင်းမြို့ဘက်သို့ စစ်ကူပေးရန် ပျူစောထီးများ တင်ဆောင်လာသည့် စစ်ကား ၄ စီးကို တိုက်ခိုက်ရန် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာ၏ မြောက်ဘက် ကတ္တရာလမ်းနှင့်မီတာ ၇၀၀ အနီး၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ စစ် ကြောင်း ၂ ကြောင်းဖြင့် အသင့်နေရာယူစောင့်ဆိုင်းခဲ့ကြောင်းသိရသည်။

 

ထို့သို့ စောင့်ဆိုင်းနေစဉ် နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်၌ ယင်းအကြမ်းဖက်စစ်ကားများကို စစ် ကြောင်း ၁ မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကားများ ဘီး‌ပေါက်၍ ထိုးရပ်သွားခဲ့ကြောင်း သိရသည်။

 

ယင်းစစ်ကားများ ရပ်တန့်သွားစဉ် စစ်ကြောင်း ၂ မှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် မိနစ် ၃၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်သား၊ ပျူစောထီးများမှာ ကား ပေါ်က ခုန်ချထွက်ပြေးသွား သည်အထိ ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ ၄၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကား ၂ စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားနေချိန်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာ စစ်ကောင်စီထောက်တိုင် မန်းစိန် ဆိုက်ထဲမှ ပျူများက စစ်ကူပေးရန် တိုက်ရိုက်ထွက်မလာပဲ အခြားနေရာများသို့ ကွေ့ပတ်သွားလာ ပြီး မှ တိုက်ပွဲဖြစ်ပွားရနေရာကို တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ စစ်ကောင်စီခန့် ရာအိမ်မှူး ၃ ဦးကို စစ်သား များ အထိုင်ချထားသည့် ချောင်းကြီးကျေးရွာလယ်ခေါင်အထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဗိုလ်လင်းယုန် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်ဖမ်းဆီးမှုများကို မင်းခစစ်‌ကြောင်းနှင့် ဗိုလ်လင်းယုန်တပ်ဖွဲ့ – သပိတ်ကျင်းတိုက် နယ် ပကဖ တို့ ပူး‌ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *