CDM News

0 0
Read Time:3 Minute, 50 Second

KNU တပ်မဟာ ၆ နယ်မြေတွင် ခလရ ၁၀၆ မှ တပ်ထောက်ဗိုလ်ကြီးကျော်မြင့်လွင် လက်နက်ခဲယမ်း များနှင့်အတူ အလင်းဝင်၊ ငွေကျပ် သိန်း ၇၀ ဆုချီးမြှင့်

 

KNU တပ်မဟာ ၆ နယ်မြေတွင် စစ်ကောင်စီတပ်မ အလိုက်ဖွဲ့စည်းပုံပျက်နေသည်ဟု KNU အသိပေး

 

D Day News

ဇွန်လ ၈

 

ကေအဲန်ယူ – ဒူးပလာယာခရိုင် K.N.L.A – တပ်မဟာ (၆) ထံသို့ အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၁၀၆ မှ တပ်ထောက် ဗိုလ်ကြီးအဆင့်ရှိသူ ကျော်မြင့်လွင်သည် လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ဇွန်လ ၇ ရက်နေ့က ကေအဲန်ယူ – ဒူးပလာယာခရိုင် K.N.L.A – တပ်မဟာ (၆) နယ်မြေ၊ မော့ကနင် အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခလရ (၁၀၆) မှ အသက် (၃၅) နှစ်အရွယ်ရှိ တပ်ထောက် ဗိုလ်ကြီး ကျော်မြင့်လွင်သည် MA-3 (၁) လက် ကျည်ဘောက် (၃) ဘောက် ကျည်အတောင့် (၁၃၀) ၊ MA-5 (၁) လက် ကျည်ဘောက် (၁) ဘောက် ကျည် (၁၁) တောင့် နှင့် အီနာဂါ ဗုံးသီး (၄) လုံး စသည့် လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ကာခဲ့ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းသည့် အာဏာသိမ်း စစ်ကောင်စီတပ်မှ တပ် ထောက်ဗိုလ်ကြီး ကျော်မြင့်လွင်ကို K.N.L.A – တပ်မဟာ (၆) မှ မြန်မာငွေ (၇,၀၀၀,၀၀၀) သိန်းခုနှစ် ဆယ် ကျပ် တိတိ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်း စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေ သော မည်သည့် ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်မှ မည့်သည့် စစ်သားမဆို မတရားဖိနှိပ်အုပ်ချုပ်နေသော မိမိတို့၏တပ်အား စွန့်ခွါကာ ကေအဲန် ယူ − ကရင်အမျိုးသားအစည်းအရုံး နှင့် နွေးထွေးသော ပြည်သူလူထုများ၏ ရင်ခွင်သို့ မိမိတို့၏ စိတ် ရင်း ဖြင့် လာရောက်ပူးပေါင်းပေးပါရန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး နှင့် ပြည်သူလူထုများမှ လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်ထားသည်။

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ။ ဒူးပလာယာခရိုင်၊ တပ်မ ဟာ (၆) ထိန်းချုပ်နယ်မြေအတွင်း နေရာအနံ့တိုက်ပွဲများ နေ့စဥ်နှင့်အမျှဖြစ်ပွားလျှက်ရှိနေပြီး အာ ဏာ သိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအများအပြားကိုလည်း K.N.L.A ဦးဆောင်သော တော် လှန်ရေး ပူးပေါင်း တပ်ဖွဲ့များတို့မှ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း သိရသည်။

 

ကေအဲန်ယူ – ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် ရောက်ရှိနေသော အာဏာ သိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် တပ်မ အလိုက် ဖွဲ့စည်းပုံအရ ပျက်ပြားသွားခဲ့ပြီး လူ အင်အား လက်နက်အင်အားများ လျှော့နည်းလာသည့် အပြင် စိတ်ဓာတ်ရေးရာအရ သော်လည်း ကောင်း ကျဆင်းလာသည့်အတွက် ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်တွင်းရှိ အာ ဏာသိမ်း စစ်ကောင်စီတပ်များလည်း အထက်အမိန့်အား ဖီဆန်၍ ကေအဲန်ယူ−ရင်အမျိုးသားအစည်း အရုံး၊ K.N.L.A – တပ်မဟာ (၆) ထံသို့ အများအပြား လာရောက်ပူးပေါင်းခြင်းများ ရှိနေကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *