Ye Phyu News

0 0
Read Time:2 Minute, 25 Second

ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီရေတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လအရွယ် ကလေးတစ်ဦးအပါအဝင်မိသားစုဝင် ၃ ဦးသေဆုံးပြီး ကလေး ၁ ဦးအပြင်းအထန်ဒဏ်ရာရ

 

D Day News

ဇွန်လ ၈

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရဘူးရွာသစ်ကို အကြမ်းဖက်စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈ လအရွယ် ကလေးတစ်ဦးအပါအဝင်မိသားစုဝင် ၃ ဦး သေဆုံးခဲ့ပြီး ကလေး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

 

ယမန်နေ့ ဇွန်လ ၇ ရက် နံနက် ၁၀ နာရီခန်ကစတင်ပြီး ရေဖြူမြို့နယ်၊ ရဘူးရွာသစ်ကို အကြမ်းဖက် စစ်ကောင်စီ၏ ရေတပ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူလူထုနေထိုင် ရာ နေအိမ်များပေါ်ကျရောက်ပေါက်ကွဲပြီး နေအိမ် တစ်လုံးအတွင်းရှိ မိသားစုဝင်ထဲမှာ အိမ်ထောင် ဦးစီး အမျိုးသားမှာ နေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ဇနီးဖြစ်သူမှာ လမ်း၌ သေဆုံးခဲ့ကာ လ သားအရွယ် ကလေးငယ်မှာ ဆေးကုသနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

“ရေတပ်ကနေပစ်တယ်လို့ပဲ သိရတယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့အမျိုးသားက နေရာမှာပင်ပွဲချင်းပြီး ဆုံးသွားတယ်၊ ဇနီးဖြစ်တဲ့အမျိုးသမီးကတော့ ဆေးကုပို့ ပို့တဲ့လမ်းမှာပဲ ဆုံးသွားတယ်။ အငယ်လေး လသားအရွယ်ကလေးပေါ့၊ သူကတော့ ဆေးကုတဲ့နေရာမှာပဲ ဆုံးသွားတယ်။ မိသားစု ၄ ယောက်မှာ ၉ နှစ် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်ပဲ ကျန်တာပေါ့၊သူကလည်း နည်းနည်းစိုးရိမ်ရတယ်ဗျ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားပြည်သူလူထု နေထိုင်ရာ ကျေးရွာများပေါ်သို့ တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၀ နာရီမှ စတင် ၍ ညနေ ၃ နာရီအထိ အကြမ်းဖက်စစ်ကောင်စီ ရေတပ်မှ ရဘူးရွာသစ်ကို လက်နက်ကြီးဖြင့် ၆ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *