Myingyan News

0 0
Read Time:2 Minute, 9 Second

မြင်းခြံမြို့မှ ထွက်လာသော စစ်တပ် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကာား တစ်စီးပျက်စီး (ရုပ်သံ)

 

D Day News

ဇွန်လ ၇

 

မန္တလေးတိုင်း၊ မြင်းခြံမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား တစ်စီး ပျက်စီးခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၆ ရက် ညနေ ၅ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မြင်းခြံမြို့မှ နဘူးအိုင်ကျေးရွာဘက် သို့ ကား ၅ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား တစ်စီးထိ မှန်ခဲ့ပြီး ပျက်စီးသွားကာ အဆိုပါနေရာ၌ ကျန်ရှိနေခဲ့ကြောင်း၊ ကျန်ကားများမှာ မြို့သာမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားကြောင်း သိရသည်။

“ကားက ၅ စီးလာတာ။ ၃ စီးကားတန်းကို ဆွဲလိုက်တာ၊ နှစ်စီးက လမ်းမှာ ရပ်ကျန်နေခဲ့လို့။ မိုင်းမထိ တဲ့ကားတွေကတော့ မြို့သာမြို့ဘက်ကို ဆက်မောင်းသွားတယ်။ ခွေးသေထိခိုက်မှုကတော့ အတိ အကျ မသိရဘူး။ မိုင်းထိကျန်နေခဲ့တဲ့ကားကတော့ မနေ့ညက ပြန်ဆွဲယူသွားတယ်” ဟု ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြင်းခြံ ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ မြင်းခြံ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် – ၆ ၊ တပ်ခွဲ ၃ Special Task Force-NZN နှင့် Youths Of Mandalay – Y.O.M မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား များက ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *