War Crime News

0 0
Read Time:5 Minute, 16 Second

အကြမ်းဖက်စစ်တပ် အနေဖြင့် အပြစ်မဲ့အရပ်သား ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများများ ချက်ချင်းရပ်တန့်ရန် ညီနောင်မဟာမိတ် ၂ ဖွဲ့ သတိပေး

 

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ထိရောက်စွာအရေးယူပေးရန် တောင်းဆို

 

D Day News

ဇွန်လ ၇

 

အကြမ်းဖက်စစ်တပ်အနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေမှု များ ချက်ချင်းရပ်တန့်ရန် ညီနောင်မဟာမိတ် ၂ ဖွဲ့က သတိပေးပြောကြားလိုက်သည်။

 

 

အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ပြည်သူလူထုများအပေါ် အကြမ်းဖက်လုပ်ရပ် များ နှင့်အတူ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော မြန်မာစစ်ကောင်စီ၏လုပ်ရပ်အား ကန့်ကွက်ရှုတ်ချခြင်း နှင့် ထိုလုပ်ရပ်များကို အမြန်ဆုံးချက်ချင်းရပ်တန့်ရန် PSLF/TNLA နှင့် MNTJP/MNDAA တို့က သဘောထား ထုတ်ပြန်ရာတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

 

၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် မြန်မာစစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းတပ်ဖွဲ့မှ ထုတ်နုတ်ထားသည့် တပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ အကြမ်း ဖက်သင်တန်းဆင်း မူဆလင် တပ်ဖွဲ့ဝင်များ အစရှိသော အင်အား (၁၇၀) ကျော်ရှိ စစ်ကြောင်းတစ် ကြောင်းသည် အာရက္ခပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာအား ဝိုင်းရံပိတ်ဆို့ပြီး ကျေးရွာပြည်သူလူ ထုများဖြစ်သည့် အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်၊ လူကြီး၊ လူငယ် တစ်ယောက်မကျန် ဖမ်း ဆီး ချုပ်နှောင်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

 

ထိုစစ်ကောင်စီ စစ်ကြောင်းသည် ဖမ်းဆီးထိန်းသိမ်းထားသည့် ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ပြည်သူ များအား အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်း၊ ပြည်သူလူထု (၇၆) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ အလောင်းများဖျောက်ဖျက်ခြင်း၊ ကျေးရွာပြည်သူလူထု၏ ရွှေငွေပစ္စည်းများကို လုယက်သိမ်းယူခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း အစရှိသည့် စစ်ရာဇဝတ် မှုကြီးများကို လက်ရဲဇက်ရဲ ကျူးလွန်နေခြင်းအပေါ် မိမိတို့ PSLF/TNLA နှင့် MNTJP/MNDAA တို့မှ အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ဤကဲ့သို့သော ကျူးလွန်မှုမျိုးကို ရက္ခိုင်ပြည်၌သာမကာ မြန်မာ တစ်နိုင်ငံလုံးအနှံ့ နောက်ထပ်မလုပ်ရန်၊ အမြန်ဆုံး ချက်ချင်းရပ်တန့်ရန် မြန်မာစစ်ကောင်စီအား သတိပေးလိုက်ပါကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုးကန့်၊ တအာင်း၊ ရက္ခိုင် ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့ ဦးဆောင်စစ်ဆင်ခဲ့သည့် ၁၀၂၇ စစ် ဆင်ရေးမှ ယနေ့ကာလအထိ မြန်မာပြည်စစ်မြေပြင် တစ်နံတစ်လျားတွင် စစ်ကောင်စီသည် စစ်ရှုံး နေသည့်အပြင် ဘက်ပေါင်းစုံ၌လည်း ကြီးမားသည့်ဆုံးရှုံးမှုများကို ဆက်တိုက်ကြုံလာရသဖြင့် အပြစ် မဲ့ ပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပိုမိုတိုက်ခိုက်လာနေပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည် သူများအားလုံးအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းရန်မှ ကင်းဝေး ကြစေရန်အတွက် လေကြောင်းရန်နှင့် စစ်ရေးသတိရှိကြပါရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။

 

ထို့အတူ စစ်ကောင်စီမှ ထိုကဲ့သို့သော စစ်ရာဇဝတ်မှု ကျူးလွန်သည့်လုပ်ရပ်များ လက်ရဲဇက်ရဲ မကျူး လွန်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ သတင်း မီဒီယာ များမှ ကန့်ကွက်ရှုတ်ချခြင်း၊ ကျူးလွန်နေသည့်ဖြစ်ရပ်မှန်များကို ရယူတင်ပြခြင်းတို့ကို ဝိုင်းဝန်းပြု လုပ် ပေး ကြပါရန် အလေးအနက်တောင်းဆိုထားသည်။

 

စစ်ရာဇဝတ်မှုမျိုးစုံကို မြန်မာနိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေသည့် မြန်မာစစ်ကောင်စီ၏ လုပ်ရပ် များကို အမြန်ဆုံးအရေးယူဆောင်ရွက်ရန်၊ မြန်မာပြည်သူ လူထုတစ်ရပ် လုံးအတွက် စစ်ကောင်စီ၏ မိုက်ရူးရဲဆန်သောလုပ်ရပ်များ၊ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် လုပ်ရပ်များကိုထိရောက်စွာ အကာ အကွယ်ပေးရန် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ယဉ်ကျေးသော နိုင်ငံတကာ အသိုင်းအဝိုင်းတို့အား အ ထူး မေတ္တာရပ်ခံတောင်းဆိုပါကြောင်း PSLF/TNLA နှင့် MNTJP/MNDAA တို့က သဘောထား ထုတ် ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *