Mying News

0 0
Read Time:2 Minute, 11 Second

မြိုင်မြို့နယ်၊ တောင်ဘိုလမ်းခွဲရှိ PDF စခန်းငယ်အား စစ်တပ်က အလစ်အငိုက်တိုက်ခိုက်ခံရမှု PDF တစ်ဦးကျဆုံး

 

D Day News

မတ်လ ၂၈

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာ၏ မြောက်ဘက်ရှိ PDF တပ်ဖွဲ့စခန်းငယ်တစ်ခုကို အကြမ်း ဖက်စစ်သား၊ ပျူများက ဝင်ရောက်စီးနင်းခဲ့ရာ PDF ရဲဘော်တစ်ဦးကျဆုံးပြီး သေနတ် ၂ လက်အပါ အဝင် စစ်အသုံးပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၇ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က မြိုင်မြို့နယ် ကန်နီပျူစောထီးကျေး ရွာမှ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး အင်အား ၁၅၀ ဝန်းကျင်ခန့်သည် ၎င်းကျေးရွာ၏ မြောက် ဘက် ၂ မိုင်ခန့်အကွာရှိ တောင်ဘိုလမ်းခွဲ၌ တပ်စွဲထားကာ အခြေပြုလျက်ထားသည့် PDF စခန်းငယ် ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ အလစ်အငိုက် ဝင်ရောက်လာစဉ် စခန်းအတွင်းရှိ ပကဖ တပ်ဖွဲ့ဝင် ၄ ဦးမှ စတင်တွေ့ရှိပြီး ပစ် ခတ် တိုက်ခိုက်ခဲ့ရာ သာလွန်အင်အား ဖြစ်နေသဖြင့် ဆုတ်ခွာပေးခဲ့ရကြောင်း၊ စခန်းဆုတ်ခွာချိန်တွင် ရဲဘော် အရာတော်မှာ လက်မောင်း ကျည်ထိမှန်သွားပြီး အခြားတပ်ဖွဲဝင်များ လွတ်မြောက်ရန် ခုခံ ပစ်ခတ်ပေးရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။

 

ရဲဘော် အရာတော်၏ ခုခံကာကွယ်ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်သား ၂ ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

 

အဆိုပါ စခန်းစီးနင်းခံရမှုအတွင်း သေနတ် ၂ လက်နှင့် ကျည်ဘောက် ၅ ခု၊ ကျည် ၁၇၀ တောင့်၊ စကားပြောစက် ၇ လုံး၊ အီကွက်မန့် ၄ စုံ၊ မော်တော်ယဥ် ၂ စီးတို ဆုံးရှုံးခဲ့ပြီး ကျဆုံးသွားခဲ့သော ရဲဘော်အရာတော်၏ ရုပ်အလောင်းကို ညနေ ၅ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ က ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *