ကဗျာကဏ္ဍ “စဥ်းစားချိန်”
ပျိုးကြဲလက်
တောတောင်ဖြတ်ကျော် ၊ စစ်သည်တော်တို့
ရဲဘော်ရဲဘက် ၊ အသက်ဆက်၍
မပျက်တိုက်ပွဲ ၊ ရအောင်နွှဲသည် ။
တို့တိုက်ခိုက်ရာ ၊ စစ်မြေမှာကား
ပြောင်းကာမယွင်း ၊ မြို့ရွာကျင်းသော်
သားချင်းဆွေမျိုး ၊ အပူတိုး၏ ။
ငါ့ဆွေငါ့မျိုး ၊ မင်းနဲ့တိုးသို့
မင့်မျိုးမင့်ဆွေ ၊ ငါ့ကြောင့်သေပြီ
မှားပေပြီပေါ့သူငယ်ချင်း ။
ပြည်သူ့အမုန်း
သံပုန်းသံကြား ၊ ငါတို့နားဝယ်
ခံစားမရ ၊ ငိုမိကြ၏ ။
သေတူရှင်ဖက် ၊ တို့ရဲမက်လည်း
တွဲလက်စုံလင် ၊ မျက်ရည်ဆင်သည်
သူလျှင်အသည်းနဲ့ပါတကား ။
ငါတို့ဘိုးဘေး ၊ လွတ်လပ်ရေးကို
စိတ်အေးချမ်းသာ ၊ ပြည်သူပါ၍
ယူလာမနှေး ၊ အောင်နိုင်သေး၏ ။
ငါတို့ခေတ်မှာ ၊ သူ့အာဏာတွက်
နိုင်ကာတမူ ၊ အောင်လံထူလည်း
ပြည်သူရွံ့မုန်း ၊ လူဖြစ်ရှုံးပြီ ။
ပြည့်သူ့သားပါ ၊ သည်မြေမှာနေ
သည်ရေကိုသောက် ၊ သည်လမ်းလျှေက်က
တို့လောက်မိုက်သူမရှိပေ ။
အမှန်အမှား ၊ အလေးထားကာ
စဥ်းစားချိန်တန်ပြီ သူငယ်ချင်း ။ ။
ပျိုးကြဲလက်
D Day News