Rakhine News

0 0
Read Time:2 Minute, 48 Second

ရခိုင်ပြည်နယ်အတွင်းရှိ လက်ကျန်မြို့များဖြစ်သော အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ နှင့် မာန်အောင် မြို့များမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခု မကျန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိ

 

D Day News

ဇွန်လ ၄

 

 

ရခိုင်ပြည်နယ်အတွင်းရှိ လက်ကျန်မြို့များဖြစ်သော အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ တောင် ကုတ်၊ သံတွဲ၊ ဂွ နှင့် မာန်အောင် မြို့များမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုမကျန် ဆက် လက် ထိုးစစ်ဆင် တိုက်ခိုက်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ရခိုင့်တပ်တော် -AA က အသိပေးထားသည်။

 

အာရက္ခဒေသအတွင်း ဖက်ဆစ် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့သည် ယနေ့အချိန်အထိ တိုက် ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားလျက် ရှိနေဆဲဖြစ်ကြောင်း၊ အာရက္ခဒေသအတွင်းမှ မြို့ကြီး များကို တစ်မြို့ပြီး တစ်မြို့ သိမ်းယူပြီး ၎င်းမြို့များ၌ စစ်ကောင်စီကင်းစင်အောင် တိုက်ခိုက်လျက်ရှိ သော အာရက္ခတပ်တော်သည် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို တစ်ခု မကျန်သိမ်းပိုက်ပြီးနောက်တွင် လက်ကျန် မြို့များဖြစ်သော အမ်း၊ စစ်တွေ၊ မောင်တော၊ ကျောက် ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ နှင့် မာန်အောင် မြို့များမှ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ် ခုမကျန် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ရခိုင့်တပ် တော် – AA က ထုတ်ပြန်ထားသည်။

 

စစ်ရှုံး ဖက်ဆစ်စစ်ကောင်စီသည် ၎င်းတို့၏ လက်ကျန်စခန်းများ မဆုံးရှုံးစေရန်အတွက် ခုခံစစ်များကို ပြင်ဆင်နေသကဲ့သို့ တန်ပြန်ထိုးစစ်များအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေမှုများကို ထင်ရှားစွာ တွေ့မြင်နေရသည်ဟု ဆိုသည်။

 

တစ်ပြိုင်နက်တည်းတွင် စစ်ပွဲနှင့်မသက်ဆိုင်သော ဆေးရုံ၊ ရပ်ရွာ၊ မြို့များနှင့် ပြည်သူလူထုအစရှိ သော အရပ်သားပစ်မှတ်များကို အဓိက ဦးတည်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရော့ဗုံးကြဲချတိုက်ခိုက်ခြင်းတို့အပြင် အပြစ်မဲ့ အရပ်သားပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက် ခြင်းတို့ကို တောက်လျှောက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *