Maddayar News

0 0
Read Time:1 Minute, 42 Second

မတ္တရာမြို့နယ်၊ တံငါဂိတ်စစ်တပ်စခန်းနှင့် စစ်ကြောင်းကို ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး ဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဇွန်လ ၃

 

 

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ တံငါဂိတ်စစ်တပ်အထိုင်စခန်းနှင့် စစ်ကြောင်းကို ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း SSTF – People Police ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂ ရက် နံနက် ၅ နာရီ မိနစ် ၅၀ အကြိမ်တွင် SSTF – People Police လှုပ်ရှား တပ်ဖွဲ့ ထိန်းချုပ် နယ်မြေ အတွင်းသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများအား စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီ မိနစ် ၃၀ အချိန်မှ ၁၁ နာရီ မိနစ် ၅၀ အချိန်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

 

အဆိုပါတိုက်ပွဲအတွင်း မိတ်ဖက်အဖွဲ့များဖြစ်သည့် မတ္တရာမြို့နယ် ပကဖ မှ အကြမ်းဖက်စစ်တပ် အထိုင်စခန်းဖြစ်သည့် တံငါဂိတ်ကို Drone ဗုံးသီး ဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခြင်း၊ တိုက်နယ်(၃) ပကဖ အဖွဲ့မှ ပြန်လည်ဆုတ်ခွာသည့် အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း တို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *