Dawei Jail News

0 0
Read Time:3 Minute, 13 Second

ထားဝယ်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်

 

D Day News

မတ်လ ၂၈

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ အကျဉ်းထောင်အတွင်း အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟကို အကြမ်းဖက်စစ်တပ်အောက်ခံ ရဲတပ်ဖွဲ့က အပြင်ခေါ်ထုတ်သွားပြီး သတ်ဖြတ် လိုက် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

မတ်လ ၁၆ ရက်နေ့တွင် အကြမ်းဖက်စစ်‌ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့မှ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟ ကို သက်သေခံပစ္စည်းများလိုက်ပြရန်ဟူ သော အကြောင်းပြချက်ဖြင့် ခေါ်ထုတ်သွားကြောင်း၊ ထို့နောက် အကျဉ်းထောင်သို့ ပြန်လည် ရောက် ရှိလာခြင်းမရှိတော့ပဲ သက်သေခံပစ္စည်းများ လိုက်ပြခိုင်းစဉ် ထွက်ပြေးရန်ကြံစည်သဖြင့် ခြောက်လှန် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားသည်ဟု ထားဝယ်အကျဉ်းဦးစီးဌာနက ပြောကြားခဲ့ကြောင်း သိရ သည်။

 

ထားဝယ်ကျဉ်းဦးစီးဌာန၏ ပြောကြားမှုသည် အလွန်ယုတ္တိကင်းမဲ့သည့် ပြောကြားမှုသာ ဖြစ်ပြီး ကိုဝင်းသီဟ သေဆုံးမှုအပေါ် မိသားစုထံ စာပို့အကြောင်းကြားခြင်း၊ဖုန်းဆက်အသိပေးခြင်း မပြုပဲ သေဆုံးမှု(သတ်ဖြတ်ခဲ့မှု)သတင်းကို ဖုံးကွယ်ထားသည်ကို တွေ့ရှိရကြောင်း ၊ယခုကဲ့သို့ ဥပဒေမဲ့ သတ်ဖြတ်နေမှုများကို အကျဉ်းထောင်ပြင်ပရှိ ပြည်သူများထံသို့ မပေါက်ကြား စေရန် ထားဝယ် အကျဉ်းထောင်တွင်း၌ သတင်းအမှောင်ချခံထားရသည့် အခြေအနေကြုံနေရကြောင်း နိုင်ငံရေး အကျဉ်းသား များကွန်ရက်- PPNM က ထုတ်ဖော်ပြောဆိုထားသည်။

 

ထိုကဲ့သို့ အကျဉ်းထောင်ပြင်ပသို့ ဥပဒေမဲ့ ခေါ်ဆောင်ပြီး မတရား သတ်ဖြတ်ခံနေကြရသည့် ကိစ္စရပ် များ အပေါ် နိုင်ငံတကာခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း (UN) အောက်ရှိ လူ့ အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် အကျဉ်းထောင်များအား အမြဲတစေ စောင့်ကြည့်‌လေ့လာ၍ စစ်ဆေး ဖော်ထုတ်ပြီး စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနကို ပြင်းထန်သည့် ဖိအားပေးမှုများကို အမြန် ဆုံး လုပ်ဆောင်ရန် အထူးလိုအပ်လျက်ရှိကြောင်း ထောက်ပြထားသည်။

 

အကျဉ်းထောင်တွင်း ဖမ်းဆီးခံ‌နေရသူ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများသည် အခြေခံအကျဆုံး သော လူ့အခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ပိုင်ခွင့်ဟူသည့် အခြေခံအချက်သည်ပင် အာမခံချက် မရရှိဘဲ ‌ဆုံးရှုံးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်ထားသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *