PDF News

0 0
Read Time:2 Minute, 36 Second

၃ နှစ်တာကာလ စစ်သား ၄၀၀ ကျော် သုတ်သင်ရှင်း နိုင်ခဲ့ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေး အဖွဲ့ ထုတ်ပြန် (ရုပ်သံ)

 

D Day News

ဇွန်လ ၂

 

ကရင်နီဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တိုက်ပွဲများ အ တွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၀၀ ကျော်သုတ် သင်ရှင်းလင်း နိုင်ခဲ့ကြောင်း အလယ် ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့ (P3. 9918) က ထုတ်ပြန်သည်။

 

အကြမ်းဖက်စစ်တပ်က တိုင်းပြည်အာဏာကို မတရားသိမ်းယူပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ စတင်ဖွဲ့ခဲ့ကာ ကရင်နီဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်၊ သံတောင်ကြီး မြို့နယ်တို့တွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ အမြဲမပြတ်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ စစ်ရေးလှုပ်ရှားရာတွင် မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာ သတင်းသိုသိပ်စွာဖြင့် စစ်ရေးများ ဖော်ဆောင်လျက်ရှိပြီး အထူးစစ်ဆင်‌‌ရေးအဖွဲ့ – ဖျက်မြင်း Fighter + Sniper စစ်ကြောင်းမှ အကြမ်း ဖက်စစ်ကောင်စီ အရာရှိများ၊ တပ်သားများ၊ အကြမ်းဖက်စစ်သား Sniper များအပါအဝင် စခ ၄၀၀ ကျော် သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ၃ နှစ်တာ စစ်ရေးဖော်ဆောင်မှုတိုက်ပွဲများအတွင်း ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၅ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် အထူးစစ်ဆင်ရေးအဖွဲ့အနေဖြင့် Fighter / Sniper နှင့် Drone အဖွဲ့များကို ပိုမို အားကောင်းအောင် စုဖွဲ့ပြင်ဆင်ပြီး စစ်ဆင်‌ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

 

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန လက်အောက်ခံ တပ်ရင်းအမှတ် p3.9918 ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများ လိုက်နာ ကျင့်သုံးရမည့် ကျင့်ဝတ်စည်း ကမ်းများနှင့်အညီ ပြည်သူလူထုလိုလားတောင်းတ အပ်သော ဖက် ဒရယ် ဒီမိုက‌ရေစီစနစ်ကို အစဉ်တစိုက်ကြိုး ပမ်းအကောင်အထည် ဖော်သွားမည်ဟု ကတိသစ္စာ ပြုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *