CDM News

0 0
Read Time:1 Minute, 16 Second

ဖလမ်းမြို့တွင် ရဲတပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၃ ဦးလက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

D Day News

ဇွန်လ ၂

 

ချင်းပြည်နယ် ဖလမ်းမြို့တွင် ရဲတပ်ကြပ်ကြီး အပါအဝင် ၃ ဦးသည် CNO/CNDF ထံ လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း သိရသည်။

 

မေလ ၃၁ ရက်နေ့က ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ဦးဆန်ထောင်း၊ တပ်သားဟိန်းထက်စံ နှင့် တပ်သား ဟွာခန့်စိန် တို့သည် CNO/CNDF ထံ လက်နက်ခဲယမ်းများ နှင့်အတူ အလင်းဝင်ရောက်ခဲ့သဖြင့် ကောင်းမွန်စွာ စောင့်ရှောက်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြေင်း သိရသည်။

 

အလင်း၀င်လာသူ ရဲတပ်သားဟိန်းထက်စံ မှ G3 သေနတ် တစ်လက်၊ H. Gernades လက်ပစ်ဗုံး ၄ လုံး၊ 7.62 ကျည်ဆံ 185 တောင့်၊ ကျည်ဘောက် ၃ ခု နှင့်၊ ရဲတပ်သား ဟွာခန့်စိန် မှ လက်ပစ်ဗုံး ၂ လုံး၊ 7.62 ကျည်ဆံ 105 တောင့်နဲ့ အတူ အလင်းဝင်ရောက်လာခဲ့ဖြစ်ကြောင်း CNO/CNDF သတင်းပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနထံမှ သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *