Monywa News

0 0
Read Time:1 Minute, 58 Second

မုံရွာမြို့အဝင်တွင် စစ်တပ်မိုးကာအုပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံး မှုရှိနိုင်

 

D Day News

ဇွန်လ ၂

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်တွင် အကြမ်းဖက်စစ်တပ် မိုးကာအုပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Peace Takers Task Force – PTTF ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်ခန့်က စစ်ကိုင်းမြို့မှ ထွက်လာသည့် မိုးကာ အုပ် ၆ ဘီးကားပါ ၁၅ စီးယာဉ်တန်းကို မိုရွာမြို့အဝင်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပဒေသာ မိုင်း ၅ လုံးဖြင့်‌ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုးကာအုပ် ၆ ဘီးကားတစ်စီး မိုင်းမိပြီးထိုးရပ်သွားကြောင်း၊ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်သားများလည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

“မိုးကာအုပ် ၆ ဘီးကား ကို မိတာ။ အဲဒီကား ထိုးရပ်သွားပြီး ညနေ၅ နာရီဝန်းကျင်လောက်မှ မုံရွာမြို့ ထဲဝင်တယ်။ အသေအပျောက်ကတော့ရှိနိုင်တယ်။ အတိအကျ မသိရဘူး။ မြို့အဝင် မအူဂိတ်က လည်းလမ်းသွားလမ်းလာတွေ အကုန်ပိတ်လိုက်ပြီးတော့ ဂိတ်ကနေ ယာဉ်တန်းကို ကင်းယူပေးနေတဲ့ သူတွေက ရော ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်တာ။” ဟု Peace Takers Task Force – PTTF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို Peace Takers Task Force – PTTF နှင့် The Brightness Monywa အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *