KNU News

0 0
Read Time:2 Minute, 23 Second

KNU လယ်ဒိုမြို့နယ်ရုံးကို စစ်တပ်က တိုက်လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ရုံး အဆောက်အအုံ ၃ လုံးနှင့် နေအိမ်တစ်လုံးပျက်စီး

 

  • စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

 

D Day News

ဇွန်လ ၂

 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ရုံးကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရုံးအဆောက် အအုံ ၃ လုံးနှင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

မေလ ၃၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ အချိန်တွင်လည်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်မှ လယ်ဒိုမြို့နယ် ရုံးတည်ရှိရာ လယ်ထူးလူနေရာသို့ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကြဲချ တိုက်ခိုက် ခဲ့ရာ ရုံး အဆောက်အဦး ၃ လုံးနှင့် ရုံးဝင်းအတွင်း ရှိနေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ သည်။

 

ထို့အပြင် မေလ ၃၀ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ အချိန်ခန့်က အာဏာသိမ်းအကြမ်းဖက်စစ် ကောင်စီ တပ် ခလရ−၃၀၇ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကေအဲန်ယူ− မူး မြို့နယ်အုပ်ချုပ်နယ် မြေ နတ်လောင်း ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး အသက် ၈ နှစ် အရွယ် နော်မူးမူး ထိခိုက်သေဆုံးခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်သက်နှင့် အသက် ၃၆ နှစ် အရွယ် ကိုမောင်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ပြည်သူလူထု များ နေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်း ခွင်များအတွင်းသို့ လက် နက်ကြီးများ နှင်လေကြောင်းတို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *