Rakhine News

0 0
Read Time:1 Minute, 31 Second

ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည် သူများ‌ သေဆုံးထိခိုက်မှုရှိ

 

D Day News

ဇွန်လ ၁

 

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

 

ယနေ့ ဇွန်လ ၁ ရက် နံနက် ၉ နာရီ နှင့် ၉ နာရီ ၄၅ မိနစ်ကြားတွင် ပေါက်တောမြို့နယ်၊ သဲခုံကျေး ရွာနှင့် ကြိမ်ခွေမော်‌‌ကျေးရွာ အားလည်းကောင်း၊ နံနက် ၁၀ နာရီ ၂၄ မိနစ်အချိန်၌ ပုဏ္ဏားကျွန်းမြို့ နယ်၊ ယိုးတရုတ်ကျေးရွာအား လည်းကောင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီက Y-12 လေယာဉ် များ၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအချို့ သေဆုံးခြင်း၊ အသေးစား၊ အလတ်စား၊ အပြင်းစား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီး နောက်ဆက်တွဲသတင်းများနှင့်ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိသူ များစာရင်းကို အတည်ပြု၍ တင်ပေးသွားဖြစ်ကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်ထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *