NLD News

0 0
Read Time:2 Minute, 1 Second

NLD ပါတီ  နာယက သူရဦးတင်ဦး ယနေ့ ကွယ်လွန်

 

D Day News

ဇွန်လ ၁

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးသည် ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အနီးကပ်ပြုစု စောင့် ရှောက်ပေးနေသူများထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဆေးကု သမှုခံယူနေစဉ် ကွယ်လွန် သွားခြင်းဖြစ်ပြီး  အသက် ၉၈ နှစ်အရွယ် ရှိပြီဖြစ်ကြောင်း၊ အဆုတ်ရောင် ဝေဒနာ အပါအဝင် လူကြီးရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူစဉ် ကွယ်လွန်ခြင်းဖြစ်ကြောင်း သိရသည်။

 

သူရ ဦးတင်ဦး သည် ၁၉၂၇ ခုနှစ် ၊ မတ်လ ၁၂ ရက်နေ့ တွင် မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ် မတ်လ ၈ ရက် နေ့မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိ မြန်မာ့တပ်မတော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

 

၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံအပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင်တည်ထောင်ခဲ့သူ များ၌ တစ်ဦးအပါအဝင်ဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ တာဝန်ကို ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်ထိ ထမ်းဆောင်ခဲ့ကြောင်း သိရ သည်။

 

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက အဖြစ် တာဝန်ယူခဲ့ပြီး NLDပါတီ၏ အရေးကြီး သော ဦးဆောင်မှု အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည့် အငြိမ်းစားဗိုလ်ချုပ်ကြီးဖြစ်ကာ ဩဇာကြီးမားသော နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *