Minkin News

0 0
Read Time:3 Minute, 55 Second

မင်းကင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့်ကင်းပုန်းစစ်သားများကို တိုက်ခိုက်မှု ၁၅ ဦးသေဆုံး

 

D Day News

မေလ ၃၁

 

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်း စစ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ကလေးခရိုင်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

မေလ ၃၀ ရက် မွန်းတည့် ၁၂ နာရီ အချိန်ခန့်က မင်းကင်းမြို့နယ်၊ သင်တောကျေးရွာနှင့် ကျောက်ခဲ တက် (ပျူရွာ)ကြား ဘီးလုံးဇရပ်အနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၃၀ ခန့်ကို Fix Win Drone ၃ စီးဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာကို တည့်တည့်ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာ ကျောက်ခဲတက်ပျူ ရွာ ထဲသို့ ပြေးဝင်သွား ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးခရိုင်စစ်ရေးတာဝန်ခံ၏ ကွပ် ကဲမှုဖြင့် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထူးတိုက်ခိုက်ရေးလက်ရုံး တပ်ဖွဲ့) တပ်ခွဲ ၂ ၊ ကလေး ခရိုင် တပ်ရင်း ၁၁ နှင့် MinGin Local PDF Union အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ညနေ ၃ အချိန်ခန့်တွင် တော်လှန်ရေးအင်အားစုများမှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ မေလ ၂၉ ရက်နေ့က မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်၊ ပန်းဆက်၊ တောင်ဖြူရွာတို့မှ အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၁၈၀ ခန့်သည် သင်တော ကျေးရွာဘက်သို့ စစ်ကြောင်း ထိုးဝင်ရောက်လာခဲ့ပြီး ညနေ၂ နာရီ ၄၅အချိန်တွင် မိုးကောင်းကြီးတော တိုက်အတွင်း၌ တောင်ယာ လုပ်ကိုင်နေသော အရပ်သားပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

 

ထို့နောက် ညနေ ၃ နာရီခန့်တွင် ဘင်ဘုန်ကြီးကန် အရောက်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး အများ အ ပြား ဒဏ်ရာရရှိကာ ညနေ ၆ နာရီ ၄၅အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက စစ် ကြောင်နှစ်ကြောင်းခွဲကာ တောလမ်းအတိုင်း တစ်ကြောင်း၊ ကားလမ်းအတိုင်း တစ်ကြောင်း ဆုတ် ခွာသွားကြောင်း သိရသည်။

 

ထို့သို့ ဆုတ်ခွာသွားသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းအနက် တောလမ်းအတိုင်း ဆုတ်ခွာသွားသည့် စစ်ကြောင်းမှာ မိုင်း ၁ လုံး၊ ကားလမ်းမှ စစ်ကြောင်းသည် မိုင်း ၂ လုံးကွဲ၍အကြမ်း ဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ထပ်မံထိခိုက်သေဆုံးမှုဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။

 

ကလေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးလက်ရုံးတပ်ဖွဲ့ တပ်ခွဲ(၂) မှ ဆုတ်ခွာသွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများနောက်သို့ လိုက်လံတိုက်ခိုက်သော်လည်း မိုးသည်းထန်စွာရွာသွန်းလာ သဖြင့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရသည် ဟု ဆိုသည်။

 

အဆိုပါတိုက်ခိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အထူးတိုက်ခိုက်ရေးလက်ရုံး တပ်ဖွဲ့ )တပ်ခွဲ (၂) နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *