Pakokku News

0 0
Read Time:3 Minute, 7 Second

ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံရွာအနီးတွင် ကားဖြင့်ထွက်လာသည့် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးအရှင်ဖမ်းမိပြီး သေနတ် ၂ လက်နှင့်ကျည်ဆံများ သိမ်းဆည်းရရှိ၊ ဗိုလ်ဖြစ်သူ ဒဏ်ရဖြင့် ထွက်ပြေး

 

D Day News

မေလ ၃၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာနှင့် မီးသွေးကန်ကြားတွင် အကြမ်းဖက်စစ်ကား တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး၊ သေနတ် ၂ လက်နှင့် ကျည်ဆံများသိမ်းဆည်းရရှိခဲ့ ပြီး ဗိုလ်ဖြစ်သူမှာ ဒဏ်ရာဖြင့် ထွက်ပြေးသွားကြောင်း King Cobra PDF တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၇ ရက်ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာအတွင်းသို့ စစ်သား ၆ ဦးလာရောက်ပို့ ဆောင်ပြီး ပခုက္ကူမြို့ဘက်သို့ ပြန်လည်ထွက်ခွာလာသော မတ်တူးယာဉ် တစ်စီးကို ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ယာဉ်ပေါ်ပါ အကြမ်းဖက်စစ်ဗိုလ်တစ်ဦးနှင့် စစ်သား ၂ ဦးအနက် စစ်သားဖြစ်သူကို MA 3 အမျိုး အစား သေနတ် ၁ လက်၊ MA 5 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက်က ၂ ခု၊ ကျည် ၅၆ တောင့်တို့နှင့်အတူဖမ်းမိခဲ့ကြောင်း၊ ကားပေါ်ပါ စစ်ဗိုလ်ဖြစ်သူမှာ ဒဏ်ရာ များ ဖြင့် ထွက်ပြေးသွား ကြောင်း သိရသည်။

“အရှေ့ဘုန်းကံရွာကို လာတုန်းကတော့ ခွေး ၆ ကောင်လာချတာ။ အပြန်ကို စောင့်ပြီး ပစ်လိုက် တော့ ခွေး ၂ ကောင်ပဲပါလာတာ။ တစ်ကောင်ကို အရှင်ဖမ်းမိတယ်။ MA 3 တစ်လက်ရယ်၊ MA 5 တစ်လက်ရယ်ရတယ်။ ကျည်ဘောက်က ၂ ဘောက်။ ကျည်က ၅၆ တောင့်နဲ့ ဂန်းထဲမှာ ကျန်တာ ပါတယ်။ အတိုက ကျည် ၇ တောင့်ပါတယ်။ ၂၅၉ က ဗိုလ်ပေါ့၊ ဗိုလ်ကတော့ လွတ်သွားတယ်၊ ဒဏ် ရာနဲ့ ထွက်ပြေးသွားတာ။” ဟု King Cobra PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရှေ့ဘုန်းကံကျေးရွာရှိ အကြမ်းဖက်စစ်သားများက လက်နက် ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ပြီး စစ်ကူများလည်း အလျှင်အမြန်ရောက်ရှိလာသဖြင့် အပြန်အ လှန်ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့် ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို King Cobra People Defence Force ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ တပ်စု ၃ တပ်ခွဲ ၃ ဒေါင်းညီနောင်တပ်ဖွဲ့နှင့် ပြည်သူ့အားမာန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *