Chaung U News

0 0
Read Time:3 Minute, 22 Second

ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

 

D Day News

မေလ ၂၉

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးနေရာမှာ ပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ၊ People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ မေလ ၂၉ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က ချောင်းဦးမြို့နယ်၊ မြပုလဲစစ်တပ်ဂိတ်မှထွက် လာသော အကြမ်းဖက်စစ်သားများသည် မုံရွေး တိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူ့ကားများကို တားဆီးစစ်ဆေးအနိုင်ကျင့်နေသဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များက သွားရောက်စောင့်ဆိုင်းခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးမှ မိုင်းကွင်းအတွင်းသို့ မယောက် မလည်ရောက်ရှိသဖြင့် ပဒေသာမိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“မြပုလဲကထွက်လာတာက မများပါဘူး။ ၁၂ ယောက်လောက်ပဲရှိမှာ။သေသွားတဲ့ အလောင်း‌တွေကို နေ့လည်အထိ လမ်းဘးမှာ ဒီအတိုင်းပဲ ပစ်ထားတယ်လို့သိရတယ်။ ပြည်သူတွေလည်း ဖမ်းဆီးခံရ တာမျိုးတော့ မကြားမိဘူး” ဟု မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ၊ People’s Defence Force – South Monywa တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ပြောကြားသည်။

ထိုသို့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၃ ဦး နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်လိုသော်လည်း ပြည်သူအများအပြားရောက်ရှိနေသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည် ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း ၊ People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force ၊ မုံရွာ ခရိုင် တပ် ရင်း ၂၄ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် ကနောင်မင်းသားကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိဘပြည်သူများအနေဖြင့် လမ်းပေါ်တွင်အကြမ်းဖက်စစ်သားများ ရှိနေပါက အနီးအနားတွင် နေထိုင် ခြင်း မပြုပဲ အတတ်နိုင်ဆုံးရှောင်ရှားကြရန်၊ အတတ်နိုင်ဆုံးရှောင်ရှားကြရန်၊ မဖြစ်မနေခရီးသွားလာ နေကြရသည့် ခရီးသွားပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များကို လေးစားလိုက်နာပေးကြပါရန် အထူး မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *