Yangon News

0 0
Read Time:2 Minute, 1 Second

အကြမ်းဖက်စစ်ကောင်စီ၏ အရာရှိကြီးများနေထိုင်သော စွယ်တော်အိမ်ယာဝန်းအတွင်းရှိ ရဲစခန်းကို RUG စစ်ကြောင်းက ပထမဆုံးစစ်ဆင်ရေးအဖြစ် မိုင်းခွဲတိုက်ခိုက်

 

D Day News

မေလ ၂၈

 

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီတပ်အရာရှိကြီးများနေထိုင်သော စွယ်တော် အိမ်ယာဝန်းအတွင်းရှိ ရဲစခန်းကို ပထမဆုံးစစ်ဆင်ရေးရေးအဖြစ်မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် မြို့ပြစစ်ကြောင်း – Rangoon UG Column ထံမှ သိရသည်။

 

ယနေ့ မေလ ၂၈ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးရပ်ကွက်၊ စွယ်တော်အိမ်ယာဝန်းအတွင်းထဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှိသော ရဲစခန်းကို ပြင်း အားမြင့် ဗုံးများ ဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိကြောင်း၊ ဗုံးခွဲ တိုက် ခိုက်ခံရပြီး နောက်အကြမ်းဖက်စစ်သားများက ၈ မိုင်လမ်းဆုံနှင့်မင်းဓမ္မလမ်းဆုံကြားပိတ်ဆို့ စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Yangon Federal Army – YFAS GOD Army နှင့် Rangoon UG Column – RUC စစ်ကြောင်း တို့ပူးပေါင်းကာ မြို့ပြစစ်ဆင်ရေးစတင်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်များအထိအခိုက်မရှိဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

Rangoon UC Column – RUC စစ်ကြောင်းအနေဖြင့် စစ်အာဏာရှင်အ အမြစ်ပြတ်သည်အထိ ဆက် လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်သွားသည်အထိ ပြည်သူများနှင့် အတူရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *