Pakokku News

0 0
Read Time:3 Minute, 54 Second

ပခုက္ကူမြို့နယ်၊ ဖလံအိုရွာရှိ စစ်တပ်ကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှု ဘန်ကာ ၅ ခုအနက် ၃ ခု အထိ သိမ်းပိုက်နိုင်ပြီး စစ်ကူအင်အား အများအပြား ရောက်ရှိလာသဖြင့် ပြန်ဆုတ်စဉ် PLA မှ နိုင်ငံရေးမှူး ရဲဘော် ထွန်းနိုင်ကျဆုံး (ရုပ်သံ)

 

D Day News

မေလ ၂၇

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကင်းစခန်းကို အနီး ကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်၏ ဘန်ကာ ၅ ခုအနက် ၃ ခုအထိ သိမ်းပိုက်နိုင်ခဲ့ ပြီး စစ်ကူအင်အး အများအပြား ရောက်ရှိလာသဖြင့် ပြန်လည် ဆုတ်ခွာစဉ် PLA မှ နိုင်ငံရေးမှူး ရဲ ဘော်ထွန်းနိုင် ကျဆုံးခဲ့ရကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၆ ရက် နံနက် အစောပိုင်း ၄ နာရီအချိန်ခန့်တွင် ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ် ကင်းစခန်းကို လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ စစ်ကူအင်အား အများအပြားရောက်ရှိသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အဲဒီမှာ တပ်စွဲထားတာက အင်အားက ၃၅ ၊ ၄၀ ဝန်းကျင်လောက်ပဲရှိမှာ။ ဘန်ကာ ၅ ခုရှိတယ်။ ၃ ခု အထိ သိမ်းပိုက်နိုင်ခဲ့တယ်။ ကျန်တဲ့ ၂ ခု အတွင်းကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေ တာရယ်။ စစ်ကူအင်အား ၁၀၀ ဝန်းကျင်လောက်ချက်ချင်းရောက်လာတာရယ်ကြောင့် ကျန်တဲ့ ဘန်ကာ ၂ ခုကို မသိမ်းနိုင်တော့ပဲ ပြန်ဆုတ်ခဲ့ရတာ၊ အဲလိုပြန်ဆုတ်တဲ့အချိန်မှာ ကျဆုံးသွားတဲ့ ရဲဘော်ထွန်းနိုင်က ကျန်တဲ့ရဲဘော်တွေ ဆုတ်နိုင်ဖို့ သူတစ်ယောက်တည်း ကာပစ်ပေးပြီး ကျန်ခဲ့တာ။ အဲလိုကျန်ခဲ့ပြီး သူပြန်အဆုတ်မှာ သူ့ဦးခေါင်းကို ကျည်ထိမှန်တာ။ ကျန်တဲ့ရဲဘော်တွေသွားပြီး ကူခဲ့ ပေမယ့် သူ့ကို သယ်ဖို့ ပုခက်ထဲထည့်နေချိန်မှာပဲ ကျဆုံးသွား၊ အလောင်းတော့ ပြန်ရခဲ့ပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကိုပိန်က ပြောကြားသည်။

 

ကျဆုံးသွားသွားသူ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA အမှတ် ၈၁၅ တပ်ရင်းမှ နိုင်ငံရေးမှူး ရဲဘော် ထွန်းနိုင် (ခ) ကိုအောင်သူရသည် မြင်းခြံနည်းပညာကောလိပ်ကျောင်းသားများသမဂ္ဂ – ဗက သများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ဟောင်းလည်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှု တပ်ရင်း တပ်ဖွဲ့၊ ပခုက္ကူ-မြိုင်-ပေါက်မှ မဟာမိတ်အဖွဲ့များ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ မှ – THURAIN-TR ၊ PAKOKKU UNDERGROUND FORCE ၊ BLACK CHEETAH I PAKOKKU RANGER। TATY GYI । SHWE NYAR MYAE နှင့် YOUNG FORCE-UG အဖွဲ့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများ အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ပခုက္ကူမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၂ – Young Force UG မှ ပြုလုပ်လျက်ရှိသော “အစုံဖြည့်တင်း သူပုန်မြေနင်း မယ်” ကမ်ပိန်းကို မိဘပြည်သူများက ဝိုင်းဝန်းပူးပေါင်းပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *