Myitkyina Jail News

0 0
Read Time:5 Minute, 12 Second

မြစ်ကြီးနားအကျဉ်းထောင်တွင် ဆန္ဒပြမှုအတွင်းပါဝင်သည်ဟု ဆိုကာ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ခွဲချမှတ်ကာ တိုက်ပိတ်

 

  • ဆန္ဒပြမှုကို ထောင်ဗဟိကင်းနှင့် အုတ်ရိုးမျှော်စင် ၃ နှင့် ၄ ပေါ်မှ G3 ၊ ကာဘိုင်သေနတ်များ ဖြင့် ပစ်ခတ်ခဲ့

 

D Day News

မေလ ၂၇

 

မြစ်ကြီးနားအကျဉ်းထောင်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုအပေါ် တရားမျှတမှုမရှိသဖြင့် ဆန္ဒပြ ခဲ့ရာကြ ယင်းဆန္ဒပြမှုတွင်း ပါဝင်သည်ဟုဆိုသော နိုင်ငံရေးအကျဉ်းသားများအပါအဝင် ၁၃ ဦးကို ထောင်ဒဏ် ၃ နှစ်ခွဲ ထပ်တိုး ချမှတ်ကာ တိုက်ပိတ်ပစ်ခဲ့ ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အ ကျဉ်းသားများကွန်ရက် -PPNM က ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက် ညနေ ၄ နာရီအချိန်က မြစ်ကြီးနားအကျဉ်းထောင်၏ အ ဆောင် ၆ နှင့်အဆောင် ၇ မှ အခြားရာဇဝတ်အကျဉ်းသားများနှင့်နိုင်ငံရေးအကျဉ်းသားများသည် စစ်ကောင်စီကပေးသည့် လွတ်ငြိမ်း ချမ်းသာခွင့် တန်းတူမရှိသည့်အပေါ် တောင်းဆိုဆန္ဒပြခဲ့ကြ ကြောင်း သိရသည်။

 

အဆိုပါဆန္ဒပြမှုဖြစ်စဉ်အတွင်း အ‌ကျဉ်းထောင်၏ ဗဟိုကင်းမှ G-3 သေနတ်ဖြင့် ပစ် ခတ်ခဲ့ပြီး အုတ် ရိုးမျှော်စင်အမှတ် ၃ နှင့် ၄ မှ ကာဘိုင်သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ရန် အဓိက အမိန့်ပေးစေခိုင်းသူမှာ ညွှန်ကြားရေးမှူး ဦးကျော်စိုးဖြစ်ပြီး သေနတ်ဖြင့် ပစ်သည့်သူများထဲ တွင် တပ်သား ဇော်ဇော်မိုး တို့ပါဝင်ခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၈ ရက်နေ့ ထောင်တွင်းအကြမ်းဖက်ဖြိုခွင်းပြီး နောက် ၁၁ ရက်အကြာ ဧပြီလ ၂၉ ရက်နေ့ တွင် ထောင်တွင်းဆန္ဒပြပွဲ၌ ဦးဆောင်ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေး အကျဉ်း သားနှင့် အခြားအကျဉ်းသား ၁၃ ဦးကို ထောင်ပြင်ပ မြို့နယ်တရားရုံးသို့ လူမသိ သူမသိခေါ်ထုတ်ကာ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆ (၁) ၊ ၆၆ (ဃ) တို့ဖြင့် ထောင်ဒဏ် ၃ နှစ် ၆ လအမိန့်ချမှတ်ကာထောင်တွင်း၌ တိုက်ပိတ်ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချမှတ်ခြင်းခံရသူများထဲတွင် ပုဒ်မ ၁၉ (က) နှင့် ၁၉ (င) တို့ဖြင့် ထောင်ဒဏ် ၅ နှစ် ၃ လ အမိန့် ချမှတ် ခြင်းခံထားကြရသည့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်း မင်းမင်း နှင့် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခြင်းခံထားရသည့် ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံတို့အပြင် အခြားအကျဉ်းသားများလည်း ပါဝင်ကြောင်း သိရှိရသည်။

 

ယင်းဖြစ်စဉ်အတွင်း နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသားများ သေဆုံးခဲ့ရမှုအပေါ် တာဝန်ရှိ သူများမှာ ထောင်ပိုင်ကြီး -ဦးကျော်မြင့်စိန် နှင့် ထောင်ပိုင်လေး -ဦးကျော်မင်းဦးတို့သည် ပစ်ခတ်ရန် အမိန့်ပေးစေခိုင်းသူများထဲတွင် ပါဝင်ကြောင်း၊ လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်ပိုင်ကြီး အဖြစ် လှမျိုးအောင်နှင့် ထောင်ပိုင်လေးအဖြစ် ဇေယျာလင်းတို့ကို အသစ်ခန့်အပ်ထားကြောင်း သိရ သည်။

 

လက်ရှိတာဝန်ယူနေသည့် ထောင်ပိုင်လေး ဇေယျာလင်းသည် အင်းစိန်ထောင်မှ ပြောင်းရွှေ့ လာသူဖြစ်ပြီး အကျဉ်းသားများကို အမြဲဆဲဆို၍ ဖိနှိပ်သူဖြစ်ကြောင်း သိရှိရသည်။

 

ထပ်တိုးထောင်ဒဏ်ချမှတ်ခံရပြီး တိုက်ပိတ်ခံထားရသည့် အကျဉ်းသား ၁၃ ဦးကို မိသားစုဝင်များက ပါဆယ်ပေးပို့ခွင်ပါ ပိတ်ပင်ထားသဖြင့် စိတ်မကောင်းဖြစ်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်း သားများ ကွန်ရက် – PPNM က ထုတ်ပြန်ထားသည်။

 

ဧပြီလ ၁၈ ရက်နေ့က မြစ်ကြီးနားထောင်တွင်းဆန္ဒပြမှု ဖြစ်စဉ်အတွင်း အစုလိုက် အပြုံလိုက်သတ် ဖြတ်မှုကျူးလွန်ခဲ့သူ အကျဉ်းဦးစီးဝန်ထမ်း၊ ရဲတပ်ဖွဲ့တို့ကို အကြမ်းဖက် စစ်ကောင်စီက အကာအ ကွယ် ပေးထားပြီး ပြည်သူတင်မြှောက်သည့် အစိုးရတရပ်ပေါ်ပေါက်လာချိန်တွင် နစ်နာခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားများအတွက် တရားမျှတမှု ပြန်လည်ရရှိရေး အစွမ်းကုန်ကြိုးစားသွားမည်ဖြစ် ကြောင်း၊ လက်ရှိတာဝန်ယူထားသည့် ထောင်အာဏာပိုင်များကိုလည်း အမြဲစောင့်ကြည့်နေမည် ကြောင်း အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *