KNLA & PDF News

0 0
Read Time:5 Minute, 4 Second

ထိုင်း -မြန်မာနယ်စစ်ရှိ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဖိုးချီးမူစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စခန်းစွန့်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်သားများနှင့် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဖြစ်ပြီး စစ်သား ၂၀ ကျော်သေဆုံး

 

  • ဒုတပ်ရင်းမှူး ဗိုလ်မှူးရန်အောင်၊ 2IC ဗိုလ်မှူးမင်းမင်းထွန်းအပါအဝင် ၂၃ ဦးလက်နက်ချအညံ့ခံ ၄၈ ဦးအရှင်ဖမ်းမိပြီး လက်နက် ၅၀ ကျော်သိမ်းဆည်းရရှိ

 

D Day News

မေလ ၂၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ထိုင်း -မြန်မာနယ်စပ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ဖိုးချီးမူး စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွား သော အကြမ်းဖက်စစ်သားများနှင့် တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း တောင်ပိုင်း တိုင်း စစ်ဒေသ၊ အထူးစစ်ဆင် ရေးတပ်ဖွဲ့ – SOF က ယနေ့‌ မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

 

မေလ ၁၈ ရက် ညပိုင်းက ကော့ကရိတ်မြိုနယ်အတွင်းရှိ ထိုင်းမြန်မာနယ်စပ် စစ်ကောင်စီ၏ အင် အားကြီး အထိုင်စခန်းဖြစ်သော ဖိုးချီးမူး စစ်စခန်းမှ အကြမ်းဖက်စစ်သား ၉၀ ကျော်သည် KNLA ၊ PDF နှင့် ဒရုန်းပူးပေါင်းတပ်များ ရိက္ခာနှင့် စစ်ကူပို့လမ်းကြောင်းများအား ပိတ်ဆိုဖြတ်တောက်ထားမှု ကို မခံနိုင်ဖြစ်သည့်အပြင် မြေပြင်ချေမှုန်းရေးနှင့် ဒရုန်းစစ်ဆင်ရေးများဆောင်ရွက်ခဲ့မှုကို ခံနိုင်ရည် စွမ်းမရှိတော့သဖြင့် အကြမ်းဖက်စစ်သား ၉၀ ကျော် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

 

ထို့နောက် မေလ ၁၉ ရက် နံနက် ၉ နာရီ မိနစ် ၂၀ အချိန်တွင် စခန်းစွန့်ခွာထွက်ပြေးကြသည့် အ ကြမ်းဖက်စစ်သားများနှင့် KNLA၊ SOF တော်လှန်ရေးပူးပေါင်းတပ်များကြား စတင်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် အကြမ်းဖက်စစ်သား အလောင်းနှင့် MA4 ပူး တွဲတစ်လက်၊ ဆက်သွယ်ရေးစက်ကြီး တစ်လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဒရုန်းဖြင့်ဗုံးကြဲပြီး မြေပြင်မှ ပိတ်ဆိုတိုက်ခိုက်ခဲ့ရာ မေလ ၂၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန်တွင် အကြမ်းဖက်စစ်သား ၁၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ဒုတပ်ရင်းမှုး ရန်အောင် နှင့် 2IC မင်းမင်းထွန်းအပါ အကြမ်း ဖက် စစ်သား ၂၃ လက်နက်ချအညံ့ခံလာခဲ့ကြောင်း သိရသည်။

မေလ ၂၁ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်သား အလောင်းတစ် လောင်းနှင့် စစ်သား ၇ ဦးကို လက်နက်များနှင့်အတူ အရှင်ထပ်မံဖမ်းမိခဲ့ကြောင်း၊ မေလ ၂၂ ရက်နေ့ တွင် တပ်ကြပ်ကြီး အဆင့်ရှိသူ ၂ ဦးအပါအဝင် ၆ ဦးထပ်မံဖမ်းမိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးရရှိသည့် အကြမ်းဖက်စစ်သား ၄၈ ဦးရှိပြီး လက်နက် ၅၀ ကျော်သိမ်းဆည်းနိုင်ခဲ့ကာ တိုက်ခိုက်ခံရမှုများအတွင်း အကြမ်းဖက်စစ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်း၊ ကျန်ရှိနေသည့် အ ကြမ်းဖက်စစ်သား ၂၆ ဦးမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။

 

တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်မှ MI35 ဖြင့်နှစ်ကြိမ် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ပြန်ဆုတ်ပြေး သည့် အကြမ်းဖက်စစ်သားများက လမ်း၌တွေ့ရှိသူ ဒေသနေ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး နှင့် အမျိုးသားတစ်ဦးကို  ပစ်သတ်ခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲမှ ရဲဘော်တစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ပြီး (မစိုးရိမ် ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုင်းမြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်းနှင့် ကွီလုံတိုင်စခန်းတိုအား KNLA ၊ SOF နှင့် ဒရုန်းပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိထားပြီး ယ္ခုသိမ်းပိုက်ရရှိသည့် ဖိုးချီးမူးစခန်းသည် စကခ (၁၃) လက်အောက်ခံ (ခလရ-၅၅၇)၊ (ခမရ-၅၆၁)နှင့် (၃၉၉ အမြှောက်တပ်) မှ ဖြစ်ကြောင်း၊ ၄င်း နယ်စပ်တလျှောက် နောက်ဆုံးလက်ကျန်စခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များမှ သိမ်း ပိုက်နိုင်ပြီး ဖြစ်သဖြင့် ထိုင်း -မြန်မာနယ်စပ်တစ်လျှောက်ကို အပြည့်အဝ နယ်မြေစိုးမိုး ထိန်းချုပ် ထား နိုင်ပြီဖြစ်ကြောင်း တောင်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့ -SOF ကထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *