BGF News

0 0
Read Time:19 Minute, 41 Second

ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်၏ ရာဇဝတ်စီးပွား ကွန်ရက်အား ဖော်ထုတ်

 

အပိုင်း -၄ (နောက်ဆုံးအပိုင်း)

 

တရားမဝင်ကုန်သွယ်မှု

===================

 

ကရင် BGF/KNA တပ်သည် သောင်ရင်းမြစ်တလျောက် ၎င်းတို့ ထိန်းချုပ်ထားသည့် တရားမဝင် နယ် စပ် ဖြတ်ကျော်ဂိတ်များကိုဖြတ်၍ တရားမဝင်ကုန်သွယ်မှုများမှ နှစ်စဉ်အခွန်ငွေ “ဒေါ်လာဘီလျံချီ ရှိနိုင်သော” များပြားလှသည့် ဝင်ငွေများကို ရရှိသည်။

 

အကျိုးအမြတ်များသည့် ကုန်စည်များတွင် မော်တော်ယာဉ်များ၊ လောင်စာဆီများ၊ လျှပ်စစ်ပစ္စည်း များ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် အရက်များ ပါ ဝင်ပြီး၊ အချို့ကို ကရင် BGF/KNA တပ်ကုမ္ပဏီ များကပင် တင်သွင်း၊ ဖြန့်ဖြူးသည်။

 

ကရင် BGF/KNA တပ်သည် မြစ်တလျောက် ၎င်းတို့ဆိပ်ကမ်းများမှ ဖြတ်သန်းသူများကိုလည်း အခွန် ကောက်ခံသည်။

 

ကော့ကရိတ်-နဘူး-ထီလုံ-ဘားအံ ကားလမ်းမှတစ်ဆင့် ကရင်ပြည်နယ် ဘားအံနှင့် ရန်ကုန်သို့ ထိုင်း နယ်စပ်မှ မှောင်ခိုကုန်ပစ္စည်းများ သယ်ဆောင်သည့် ထရပ်ကားများကိုလည်း ကရင် BGF/KNA တပ် က ငွေကြေးကောက်ခံသည်။

 

ကရင် BGF/KNA တပ်အနေဖြင့် စစ်အုပ်စုနှင့်အတူ မြဝတီမြို့ကို ဆက်လက်ထိန်းထားနိုင်မည် ဆိုပါ က ထိုင်းနိုင်ငံနှင့် သွယ်သန်းထားသည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှစ်စင်းမှ ဖြတ်သန်းသွား လာကြသည့် လူများနှင့် ကုန်စည်များအပေါ် အခွန်ငွေများ ကောက်ခံနိုင်မည်ဖြစ်ရာ ကရင် BGF/KNA တပ်၏ ဘဏ္ဍာတိုက်သည် သိသိသာသာ ကြီးထွားလာမည်ဖြစ်သည်။

 

ကရင် BGF/KNA တပ်သည် မှောင်ခိုကုန်ပစ္စည်းများကို ၎င်း၏ လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်းများမှတဆင့် ဖြန့်ဖြူပေးပြီး၊ ယင်းလုပ်ငန်းအချို့သည် ၎င်း၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များနှင့် ဆက်နွှယ်နေသည်။

ရာဇဝတ်ခရီးသွားလုပ်ငန်းပုံစံ

=====================

ကရင်ပြည်နယ်မြို့တော် ဘားအံအနီးရှိ ချစ်သူမြိုင်အပန်းဖြေစခန်းသည် ဆိုင်ခန်းများစွာနှင့် အခွန် လွတ်ဆိုင်ပါဝင်သည့် အပန်းဖြေဥယျာဉ်တစ်ခုဖြစ်ပြီး၊ အပန်းဖြေဥယျာဉ်ကို ခရိုနီစီးပွားရေးလုပ်ငန်းစု ထူးအုပ်စု၏ Air Bagan လေကြောင်းလိုင်းမှ လက်ရှိအသုံးမပြုတော့သည့် လေယာဉ်တစ်စင်းဖြင့် အလှဆင်ထားသည်။

 

အခွန်လွတ်ဆိုင်များသည် အရက်၊ ဆေးလိပ်၊ လက်ဝတ် ရတနာများနှင့် ဖက်ရှင်များ၊ အခြားပစ္စည်း များကိုလည်း ရောင်းချသည်။

 

စံမြင့်(စောချစ်သူ) မိသားစုသည် ချစ်သူမြိုင်နှင့်ရွှေကုက္ကိုလ်တို့တွင် ဟော့ပေါ့ဆိုင်များနှင့်ရွှေကုက္ကိုလ် တွင် ကော်ဖီဆိုင်တစ်ဆိုင်ကို ပိုင်ဆိုင်ထားသည်။ အဆိုပါလုပ်ငန်းများ၏ အချို့တွင် စံမြင့်၏ ဇနီး ဖြစ်သူ နန်းခင်လှသူက စီမံခန့်ခွဲသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း Facebook ပို့စ်များက ညွှန်ပြနေ သည်။

 

ကရင် BGF/KNA တပ်စီးပွားရေးလုပ်ငန်း ရွှေမြစ်သောင်ရင်းသည် စားသောက်ဆိုင်၊ ကုန်စုံဆိုင်နှင့် ရေ တံခွန်အပါအဝင် ကရင်ပြည်နယ်အတွင်း လက်လီအရောင်းဆိုင်နှင့် ခရီးသွားလုပ်ငန်း အများအပြား ကို လုပ်ကိုင်လျက်ရှိသည်။

 

ကရင် BGF တပ်၏ စီမံကိန်းတစ်ခုသည် ဇွဲကပင်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ အစွန်း ရောက် ဗုဒ္ဓဘာသာအမျိုးသားရေးလှုပ်ရှားမှု “မဘသ” တွင် ဦးဆောင်သူ ဦးကောဝိဓဇအတွက် ကေ ဘယ်ကားတည်ဆောက်ရေး ဖြစ်သည်။

 

ဦးကောဝိဓဇသည် စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင် နှင့် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တွေ့ ဆုံခဲ့သည်။

 

ကေဘယ်ကားစီမံကိန်းသည် ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီလီမိတက်နှင့် ZMH Group of Companies တို့အကြား ဖက်စပ်လုပ်ငန်းဖြစ်ပြီး Myanmar Native Land Public Company Limited က ဒေသတွင်း ကန်ထရိုက်အဖြစ် ဆောင်ရွက်သည်။

 

ZMH Group ကို ယခင်စစ်အာဏာရှင်လက်ထက် ၁၉၉၇ ခုနှစ်တွင် ကုန်သွယ်ရေးကုမ္ပဏီအဖြစ် စတင် တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံမှ မော်တော်ယာဉ်များ၊ စက်ယန္တရားများနှင့် အခြားကုန်ပစ္စည်း များကို တင်သွင်းခဲ့သည်။

 

ကုမ္ပဏီကို ဗညားဇော်က ဦးဆောင်ပြီး၊ ၎င်းသည် မြဝတီနှင့် ရွှေကုက္ကိုလ်သို့ လျှပ်စစ် ဓာတ်အား ကွန် ရက် သွယ်တန်းရောင်းချရေးအတွက် ညှိနှိုင်းရာတွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။

 

ZMH နှင့် ကရင် BGFတပ်တို့သည် ၂၀၁၈ ခုနှစ်တွင် Zwe Ka Pin Land & Cable Car Development Company Limited စီမံကိန်းကုမ္ပဏီကို တည်ထောင်ခဲ့ကြသည်။

 

အဆိုပါစီမံကိန်းသည် ကေဘယ်ကားများနှင့် အင်ဂျင်းနီးယားရင်းလုပ်ငန်းများအတွက် Swiss/ Austrian Doppelmayr/Garaventa Group နှင့် the Swiss company LABAG AG တို့နှင့်လည်း ကောင်း၊ ကေဘယ်ကရိန်းစနစ်အတွက် ဩစတြေးလျကုမ္ပဏီများဖြစ်ကြသည့် LCS Cable Cranes GmbH နှင့် ZTE Leitner ZT GmbH တို့နှင့်လည်းကောင်း စာချုပ်များ ချုပ်ဆိုခဲ့သည်။

 

၂၀၁၇ ခုနှစ်တွင် စံမြင့် (စောချစ်သူ)၊ ဗညားဇော်နှင့် အပေါင်းအပါများသည် ဆွစ်ဇာလန်နိုင်ငံ အယ်လ်ပ် တောင်တန်းနှင့် သြစတြီးယားနိုင်ငံ Mellau ရှိ Mount Pilatus နှင်းလျှောစီးအပန်းဖြေ စခန်း များသို့ သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း စံမြင့် (စောချစ်သူ)သည် ကေဘယ်ကားစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြောင်း Facebook ပို့စ်များက ဖော်ပြသည်။

 

လူမှုကွန်ရက်တွင် တင်ထားသည့် ဓါတ်ပုံများတွင် ကေဘယ်ကားစီမံကိန်းတွင် ပံ့ပိုးကူညီသည့် မြန်မာ စစ်တပ်၏ အခန်းကဏ္ဍကို တွေ့ရသည်။ ထိုအထဲတွင် ဇွဲကပင်တောင် ကေဘယ်ကားတည်ဆောက် ရေးလုပ်ငန်းအတွက် လေတပ်ဟယ်လီကော်ပတာ အသုံးပြုခြင်းနှင့် လေတပ်နှင့်ကြည်းတပ်စစ်သား များ အသုံးပြုခြင်းတို့ ပါဝင်သည်။

 

ကေဘယ်လ်ကားစီမံကိန်းကို အနည်းဆုံး တစ်စိတ်တစ်ပိုင်း ဆောက်လုပ်ပြီးစီးထားပြီးဖြစ်သော် လည်း စီမံကိန်းကုမ္ပဏီက ၎င်း၏ Facebook စာမျက်နှာတွင် ၂၀၂၀ ခုနှစ်နောက်ပိုင်းကတည်းက တစုံတရာ ပို့စ်တင်ခြင်း မရှိတော့ပေ။

 

ကေဘယ်လ်ကားစီမံကိန်းနှင့် ပတ်သက်၍ Justice For Myanmar ၏ မေးမြန်းမှုများကို Doppelmayr Seilbahnen GmbH ၏ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားရာတွင် “ဒေသတွင်း အခြေအနေများကြောင့် ၂၀၂၁ နွေဦးမှစ၍ ယင်းစီမံကိန်းအတွက် မိမိတို့လုပ်ငန်းအားလုံးကို ရပ်ဆိုင်း ထားပြီးဖြစ်ပါတယ်။ Doppelmayr Group အနေဖြင့် မိမိတို့ စီးပွားရေးမိတ်ဖက်များနှင့် ဆက်ဆံလုပ် ကိုင်ရာတွင် နိုင်ငံတကာစံနှုန်းများနှင့် ကျင့်ဝတ်ကောင်းများကို မှန်ကန်စွာနှင့် ဂုဏ်သိက္ခာရှိစွာ လိုက် နာဆောင်ရွက်ပါတယ်။ စီပွားရေးမိတ်ဖက်များကို ရွေးချယ်ရာတွင်လည်း ဓမ္မဒိဌာန်ကျသော၊ ပွင့်လင်း မြင်သာသည့် အကဲဖြတ်ဆန်းစစ်မှုစံနှုန်းများကို အသုံးပြုပါတယ်” ဟု ဖြေကြားခဲ့သည်။

 

LABAG AG၊ LCS Cable Cranes GmbH နှင့် ZTE Leitner ZT GmbH တို့သည် ကေဘယ်လ်ကားစီမံ ကိန်းတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုနှင့်ပတ်သက်၍ မေးခွန်းများကို ဖြေကြားခဲ့ခြင်းမရှိပေ။

 

လုပ်ငန်းစတင်လည်ပတ်နိုင်မည်ဆိုလျှင် အဆိုပါစီမံကိန်းသည် ကရင် BGF/KNA တပ်နှင့် ဇွဲကပင် ဘုန်းကြီးကျောင်း ဦးဆောင်သည့် အစွန်းရောက်ဗုဒ္ဓဘာသာအမျိုးသားရေးလှုပ်ရှားမှုအတွက် ဝင်ငွေ များ ရရှိ စေမည် ဖြစ်သည်။

 

၂၀၁၉ ခုနှစ်တွင် စောမင်းမင်းဦးက ချစ်သူမြိုင်အပန်းဖြေစခန်းနှင့် ကေဘယ်လ်ကားစီမံကိန်းတို့ အ တွက် မြန်မာအရှေ့တိုင်းဘဏ်၊ စီဘီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့က ချေးငွေပံ့ပိုးထားကြောင်း ထုတ် ဖော်ပြောကြားခဲ့သည်။

 

စောမင်းမင်းဦးသည် မြန်မာအရှေ့တိုင်းဘဏ်မှ ချေးငွေရရှိမှုကိန်းဂဏန်းများကိုသာ ပြောကြားခဲ့ပြီး၊ အပန်းဖြေစခန်းအတွက် ကျပ်ငွေ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ သန်း) နှင့် ကေဘယ်လ်ကား စီမံကိန်းအတွက် ကျပ်ငွေ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၆ သန်း) တို့ ရရှိခဲ့ ကြောင်း သိရသည်။

 

ချစ်သူမြိုင်အပန်းဖြေစခန်းအနီးတွင် မြန်မာ့အရှေ့တိုင်းဘဏ်နှင့် စီဘီဘဏ်တို့၏ အေတီအမ်ငွေ ထုတ်စက်များကို Google Maps တွင် တွေ့ရသည်။

 

သတ္တုတူးဖော်ရေး

==============

 

သတ္တုတူးဖော်ရေးလုပ်ငန်းသည် ကရင် BGF/KNA တပ်အတွက် ဝင်ငွေရင်းမြစ်တစ်ရပ်အဖြစ် ကာလ ရှည် ဖြစ်တည်လာမှုနှင့်အတူ လူမှုဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်များကိုလည်း ထိခိုက်ပျက်စီး စေခဲ့သည်။

 

ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနှင့် စက်မှုလက်မှုကုမ္ပဏီလီမိတက်ကို စံမြင့် (စောချစ်သူ)မိသားစုက ၆၈ ရာခိုင်နှုန်း ထိန်းချုပ်ထားသည်။ ကုမ္ပဏီသည် ဂျစ်ပဆမ်သတ္တုတူးဖော်ရေး လိုင်စင်နှစ်ခုကိုလည်း ရရှိထားသည်။

 

ယင်းလုပ်ငန်းများကို ၂၀၂၀ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Extractive Industries Transparency Initiative (EITI) ၏ ၂၀၁၇-၁၈ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါလိုင်စင်များကို စစ်တပ် ကြိုးကိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ပေးအပ်ခဲ့ ခြင်းဖြစ်သည်။

 

ထို့အပြင် ရွှေမြစ် သောင်ရင်းစက်မှုလက်မှုနှင့် ထုတ်လုပ်မှုကုမ္ပဏီလီမိတက်သည် ဂျစ်ပဆမ်တူးဖော် ရေးလိုင်စင်တစ်ခုနှင့် ခနောက်စိမ်းတူးဖော်ရေး လိုင်စင်တစ်ခု ရရှိထားကြောင်း အထက်ပါ EITI အ ချက်အလက်များအရ သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို စစ်အုပ်စုက တရားမဝင် ထိန်းချုပ် ခဲ့ပြီး၊ မြန်မာနိုင်ငံကို EITI မှ ပယ်ဖျက်လိုက်ခြင်းကြောင့် အဆိုပါသတ္တုမိုင်းများ၏လက်ရှိ အခြေအနေ ကို Justice For Myanmar က အတည်မပြုနိုင်ခြင်းမရှိပေ။

 

ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနှင့် စက်မှုလက်မှုကုမ္ပဏီလီမိတက်၏ ဆိုးရွားလှသော သတ္တုတူးဖော် ရေး အလေ့အထကို ကရင်ပြည်နယ် လွန်းညတောင်ရှိ ၎င်းတို့၏ ကျောက်မိုင်းတူးဖော်ရေးလုပ်ငန်း ဖြစ်ရပ်တွင် တွေ့မြင်နိုင်သည်။

 

လွန်းညတောင် ကျောက်မိုင်းသည် အာရှဖွံ့ဖြိုးရေးဘဏ်၏ အရှေ့- အနောက်စင်္ကြံအမြန်လမ်းမကြီး ၏ အစိတ်အပိုင်းအတွက် ထုံးကျောက်ရင်းမြစ်တစ်ခု ဖြစ်ခဲ့သည်။

 

Coalition for Human Rights in Development ၏ မှတ်တမ်းများအရ အဆိုပါဒေသရှိ နေထိုင်သူ များသည် ကျောက်မိုင်းကြောင့် ၎င်းတို့၏ရေကို ညစ်ညမ်းမှုဖြစ်မည်ကို စိုးရိမ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နို ဝင်ဘာလတွင် ကျောက်မိုင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။

 

၎င်းတို့အား ကျောက်မိုင်းစောင့် ကရင် BGF စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြသည်။

 

ကျေးရွာသားများက ကန့်ကွက်ဆန္ဒပြပြီးနောက် ကျောက်မိုင်းသို့ သွားရာလမ်းအား ပျက်ဆီးစေခဲ့ သည့် ရွာသားများအား အရေးယူရန် ငြင်းဆန်သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖယ်ရှားခဲ့ ပြီး ရွာသား ၁၁ ဦးကိုလည်း တရားစွဲဆိုခဲ့သည်။

 

နိုင်ငံတကာနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက် Karen BGF/KNA တာဝန်ခံရ မည်

====================================================================

 

စံမြင့် (စောချစ်သူ)၊ သူ၏ မိသားစုနှင့် အခြားအနည်းစုသော ကရင် BGF/KNA တပ်ဖွဲ့ဝင်အချို့သည် တရုတ်၊ ထိုင်း၊ မလေးရှား ၊ ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံသားလက်မှတ်များ ကိုင်ဆောင်ထား သည့် ရာဇဝတ်လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဖက်ဆောင်ရွက်၍ ကြီးမားသော ရာဇဝတ်စီးပွား ကွန် ရက် တစ်ခုကို တည်ဆောက်ထားသည်။

 

အဆိုပါရာဇဝတ်စီးပွားကွန်ရက်သည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်။

 

ကရင် BGF/KNA တပ်နှင့် ၎င်းတို့၏မိသားစုများသည် ဒေသခံလူထုအပြင်၊ ကျွန်သဖွယ်ဖိနှိပ်ခံရသူ များ၊ ဆိုက်ဘာငွေလိမ်လုပ်ငန်းကြောင့် နေရာအနှံ့မှ သားကောင်ဖြစ်ရသူများ ဖြစ်ကြသည့် မြန်မာနှင့် ကမ္ဘာတလွှားမှ အလုပ်သမားများအပေါ် ကျယ်ပြောလှသည့် အတိဒုက္ခတို့ကို ဖြစ်စေပြီးမှ ၎င်းတို့ ကြွယ်ဝချမ်းသာအောင် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

 

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုလုပ်ငန်းများမှ အကျိုးအမြတ် ရရှိနေသည့် တရားမဝင်မြန်မာစစ်အုပ်စုနှင့် စစ်အုပ်စု၏ ပံ့ပိုးကာကွယ်ပေးမှုများဖြင့် ကရင် BGF/KNA ရာဇဝတ်အဖွဲ့ကို တည်ဆောက်ခဲ့ခြင်း ဖြစ် သည်။

 

ကရင် BGF/KNA တပ်သည် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ပြီး ယင်းပြည်သူ့စစ်အဖွဲ့သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ကလေးသူငယ်များအား အတင်းအကျပ် ပေါ်တာဆွဲခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

 

ကရင် BGF/KNA တပ်နှင့် မြန်မာစစ်အုပ်စုအပေါ် လုံလောက်သည့် နိုင်ငံတကာအရေးယူ ဆောင်ရွက် မှုများ မရှိခြင်းကြောင့် အဆိုပါနိုင်ငံတကာနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများသည် ဆက်လက်ဖြစ် ပွားနေခြင်း ဖြစ်သည်။

 

တရားမဝင်စစ်အုပ်စုသည် ကရင် BGF/KNA တပ်၏ ဒုစရိုက်မိတ်ဖက်ဖြစ်ရာ ကရင်ပြည်နယ်အတွင်း ဆိုက်ဘာငွေလိမ်လုပ်ငန်း၊ တရားမဝင်ကာစီနိုလုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ပျံ့နှံ့ နေမှုကို ဖြေရှင်းဆောင်ရွက်ရာတွင် မိတ်ဖက်တစ်ဦး မဖြစ်နိုင်ပေ။

 

မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမို ကရေစီ တည်ဆောက်နိုင်ရန်အတွက် မြန်မာစစ်ရာဇဝတ်ဂိုဏ်းနှင့် ယင်း၏မိတ်ဖက် ပြည်သူ့စစ်များ ကို ဖျက်သိမ်းရမည်။ နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူများအား တာဝန်ခံစေရမည် ဖြစ်သည်။

 

ချက်ချင်းလုပ်ဆောင်ရမည့်လုပ်ငန်းများအဖြစ် ကရင် BGF/KNAတပ်၊ ယင်းအဖွဲ့၏ ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ဒါရိုက်တာများ၊ ရှယ်ယာရှင်များနှင့် အားပေးကူညီသူများအပေါ် အလုံးစုံ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အစိုးရများကို Justice For Myanmar က တောင်းဆိုသည်။

 

စံမြင့် (စောချစ်သူ)၊ စောမင်းမင်းဦးနှင့် She Zhijiang တို့အပေါ် ယူကေနိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှု များကို ကြိုဆိုသော်လည်း ယခုထက်ပို၍ အရေးယူဆောင်ရွက်ရန် လိုအပ်သည်။

 

ကရင် BGF/KNA တပ်ဖွဲ့တစ်ခုလုံးအပြင်၊ ကရင် BGF/KNA ရာဇဝတ်ကွန်ရက်တွင် အရေးပါကြသည့် အောက်ဖော်ပြပါ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဦးစားပေး၍ အလျင်အမြန် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar က တောင်းဆိုသည်။

(ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများစာရင်း အပြည့်အစုံကို Download ရယူပါ)

 

ကရင် BGF/KNA တပ် လူပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ –

 

  • စံမြင့် (စောချစ်သူ)
  • နန်းခင်လှသူ
  • စောထူးအယ်မူး
  • စောချစ်ချစ်
  • နန်းနှင်းန္ဒာအေး
  • စောမင်းမင်းဦး
  • စောတင်ဝင်း
  • နန်းမြင့်မြင့်ဝင်း

 

ကရင် BGF/KNA ကုမ္ပဏီများ –

 

  • ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီလီမိတက်
  • ချစ်လင်းမြိုင်သတ္တုတူးဖော်ရေးနှင့်စက်မှုကုမ္ပဏီလီမိတက်
  • ချစ်လင်းမြိုင်စွမ်းအင်ကုမ္ပဏီလီမိတက်
  • မြန်မာရထိုက် အင်တာနေရှင်နယ်ဟိုးဒင်းအုပ်စုကုမ္ပဏီလီမိတက်
  • မြန်မာအပိုလိုအင်တာနေရှင်နယ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်
  • Yulong Bay Resort Tourism Development Company Limited
  • ရွှေမြစ်သောင်ရင်းဟိုးဒင်းလီမိတက်
  • ရွှေမြစ်သောင်ရင်းစက်မှုလက်မှုနှင့်ထုတ်လုပ်မှုကုမ္ပဏီလီမိတက်

 

ထိုင်းနိုင်ငံအနေဖြင့် ကရင် BGF/KNA တပ်နှင့် ယင်း၏စီးပွားရေးမိတ်ဖက်များက ထိုင်းနယ်မြေကို အသုံး ပြု၍ စီးပွားရေးလုပ်ဆောင်နေခြင်း၊ ထိုင်းဘဏ်များကို အသုံးပြုခြင်းနှင့် ထိုင်းနိုင်ငံရှိ ရောင်းချ သူများထံမှ လျှပ်စစ်နှင့် အင်တာနက် ဝယ်ယူနေခြင်းတို့ကို ပိတ်ပင်ရန် တောင်းဆိုသည်။

 

တရုတ်၊ ဟောင်ကောင်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံကဲ့သို့သော ဒေသတွင်း အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူ့ အခွင့်အရေးချိုးဖောက်မှုများကို ကျုးလွန်နေသော၊ ကူညီပံ့ပိုးနေသော၊ ၎င်းတို့မှတဆင့် အကျိုးအ မြတ်ရရှိနေသော မိမိတို့နိုင်ငံသားများ၊ နိုင်ငံတွင်းနေထိုင်သူများနှင့် ကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှု ကို စုံစမ်းစစ်ဆေးသင့်ပြီး ၎င်းတို့အား တာဝန်ခံအပြစ်ပေး အရေးယူသင့်သည်။

 

ပါဝင်ပတ်သက်မှု အတိုင်းအတာပေါ်မူတည်၍ အရေးယူဆောင်ရွက်ချက်များတွင် လုပ်ငန်းလိုင်စင်နှင့် လုပ်ပိုင်ခွင့်များ ငြင်းပယ်ခြင်း၊ ကုမ္ပဏီမှတ်ပုံတင်နှင့် စတော့အိတ်ချိန်းစာရင်းမှ ဖျက်သိမ်းခြင်း ၊ဗီဇာ ပိတ်ပင်ခြင်း၊ စီမံမှုဆိုင်ရာပြစ်ဒဏ်များချမှတ်ခြင်း၊ ဘဏ်အကောင့်များ ပိတ်သိမ်းခြင်း၊ ဝန်ဆောင် လုပ်ငန်းများ ရယူသုံးစွဲခြင်းမှ ကန့်သတ်ခြင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းနှင့် ရာဇဝတ် ကြောင်း အရ တရားစွဲဆိုခြင်းများ ပါဝင်နိုင်သည်။

 

ကရင် BGF/KNA တပ်ကို မရပ်တန့်နိုင်ပါက ၎င်း၏ ရာဇဝတ်စီးပွားရေးလုပ်ငန်းများသည်လည်း ဆက် လက် လည်ပတ်နေမည်သာဖြစ်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *