Myaung News

0 0
Read Time:5 Minute, 0 Second

မြောင်မြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို စီးနင်းရာ ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများ ကို တိုက်ခိုက်မှု စစ်ဗိုလ်တစ်ဦးအပါအဝင် ၇ ဦးထက်မနည်းသေဆုံး၊ စစ်တပ်က Mi 35 ရဟတ်ယာဉ် ဖြင့် ပစ်ကူပေးတိုက်ခိုက်

 

D Day News

မေလ ၂၅

 

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲစခန်းတစ်ခုကို စီးနင်းရန် ဝင် ရောက်လာသော အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် စစ်သား ၇ ဦးထက်မနည်း သေ ဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းစစ်သည်မြောင်ပြောက်ကျား တပ်ဖွဲ့ ထံမှ သိရသည်။

 

မေလ ၂၃ ရက်နေ့က နေ့လည်ပိုင်းက မြောင်မြို့နယ်၊ ကြာပင်လှကျေးရွာ၊ လက်ယက်မကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်စခန်းတစ်ခုကို ဝင်ရောက်စီး ရန် စစ်ကြောင်း ၃ ကြောင်းခွဲ၍ ချီတက်လာခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက အသင့်စောင့်ကြိုနေရာယူပြီး ခုခံတိုက်ခိုက်ခဲ့ရာ ရှေ့ပြေးတက်လာသည့် အကြမ်းဖက်စစ်သား များ အနီးကပ်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ၇ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

 

“ရွာ ၃ ရွာကြားက PDF စခန်းတစ်ခုကို သတင်းရလို့ ဝင်လာတာ။ ဝင်လာတဲ့အချိန် စခန်းဘေးနားမှာ ဝပ်ပြီး ကြိုပြီးစောင့်တိုက်တာ၊ မီတာ ၃၀ အကွာလောက်ပဲ ရှေ့ပြေးတက်လာတဲ့ တပ်စိပ်ကို ပစ်ခတ် တိုက်တာ။ ၂ ယောက်ပဲကျန်တဲ့ အဲဒီနှစ်ယောက်ဆိုရင် ဘာမှ မလုပ်နိုင်ဘူးဖြစ်သွားတာ၊ တပ်လာတာ က ၃ ကြောင်းခွဲပြီးတက်လာဆိုတော့ တခြားစစ်ကြောင်းဘက်ကကောင်တွေက ကူပေးလို့။ ပစ်ကူ မပေးရင် ပွိုင့်တပ်စိတ်က အကုန်သေတယ်။ အဲဒီမှာကိုက တိုက်ပွဲချိန် ၁ နာရီလောက်ကြာတယ်၊ ကိုယ့်ဘက်ကလည်း ခဲယမ်းတော်တော်သုံးလိုက်ရတယ်၊ အဲဒီမှာကို အနည်းဆုံး ၇ ယောက်လောက် ကျမယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုသို့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်မှ Mi 35 ရဟတ် ယာဉ်တစ်စီးဖြင့် တက်လာပြီး ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

 

“ထိတွေ့တိုက်ပွဲဖြစ်တာကြာတယ်၊ နေ့ခင်းပိုင်းတစ်ပိုင်းလုံးနီးပါပဲ၊ ညနေ ၅ နာရီကျော် ၆ နာရီ လောက်မှ ပြီးသွားတာ။ စစ်တပ်ဘက်က အထိအခိုက်များပြီး ပိတ်မိနေတော့ Mi 35 နဲ့လာပစ် ပြီးတော့ ကယ်ထုတ်သွားတာ။ Mi35 နဲ့ပစ်တာ ၁ နာရီကျော်ကျော်လောက်ကြာတယ်။ မုံရွာ နမခ တက်လာပြီး ပစ်ပေးတာ။ အဲလိုလာပစ်တဲ့ချိန်မှာပဲ အောက်မှာရှိ စခတွေကလည်း ညာသံတွေ ဘာတွေပေးပြီးတော့ တက်လာတာ၊ အဲဒီအချိန်မှာ ကိုယ့်လူတွေကလည်း ဆုတ်ပေးလိုက်ရတာပေါ့။ အပေါ်ရော အောက်ရောဆိုတော့။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်သားများမှာလည်း PDF စခန်းကို မီးရှို့ပြီး ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေး ရွာသို့ သေဆုံးစစ်သား ၇ ဦးနှင့် ဒဏ်ရာရ စစ်သား ၃၀ ကျော်သယ်ဆောင်ကာ ပြန်လည် ဆုတ်ခွာ သွား ကြောင်း၊ အကြမ်းဖက်စစ်သားများ နတ်ရေကန်ကျေးရွာသို့ရောက်ရှိချိန် အကြမ်းဖက်စစ်သား များတပ်စွဲထားရာနေရာ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မေလ ၂၁ ရက်နေ့က ချောင်းဦးမြို့နယ်၊ နတ်ရေကန် ကျေးရွာမှ အင်အား ၈၀ ခန့်ဖြင့် ထွက်လာခြင်းဖြစ်ပြီး မြင်းမူမြို့နယ်၊ လထုတ္တောကျေးရွာဘက်မှ တဆင့် မြောင်မြို့နယ်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းစစ်သည် ပြောက်ကျားအဖွဲ့၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ – CDSOM ၊ အညာမြေအဖွဲ့ ကျောက်ပန်းတောင်း၊ PDF တလုပ်၊ ပြောက်ကျားလက် ရုံးအဖွဲ့၊ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့003 ၊ တိုက်နယ်တပ်ပေါင်းစုအဖွဲ့၊ Hero အဖွဲ့ ၊ မြို့နယ်ပကဖအဖွဲ့နှင့် ဗိုလ်စားဖိုအဖွဲ့ တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *