BGF Story

0 0
Read Time:28 Minute, 52 Second

ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်၏ ရာဇဝတ်စီးပွား ကွန်ရက်အား ဖော်ထုတ်

 

အပိုင်း -၃

 

ကရင် BGF တပ်သည် မြဝတီမြို့တောင်ဘက်ရှိ ဆိုဘ်ဘာငွေလိမ်လုပ်ငန်း ခြံဝန်းကြီးတစ်ခုဖြစ်သည့် Dongmei Park တွင်လည်း ပါဝင်ပတ်သက်နေသည်။ Dongmei Park စီမံကိန်း စတင်ဖွင့်လှစ်စဉ် တွင် Saixigang Industrial Park ဟုလည်း လူသိများပြီး၊ Dongmei Zone ဟုလည်း အင်္ဂလိပ် ဘာ သာဖြင့် မကြာခဏ ရေးသားသုံးစွဲသည်။

 

နီယိုဟု အမည်လွှဲထားသော တရုတ်နိုင်ငံသားအကြောင်း ဖော်ပြထားသည့် ၂၀၂၃ ခုနှစ်တွင်းက New York Times သတင်းဆောင်းပါးတစ်ပုဒ်တွင် အဆိုပါခြံဝန်းကြီးအတွင်းရှိ အခြေအနေများကို ထုတ်ဖော်ရေးသားထားသည်။

 

နီယိုသည် လစာကောင်းသည့် ဘာသာပြန်အလုပ်ရရှိမည်ဟု လိမ်ညာ သွေးဆောင်ခံခဲ့ရပြီး၊ ယင်းနေ ရာ သို့ လူကုန်ကူးခံရကာ တရုတ်ရာဇဝတ်ဂိုဏ်းအတွက် ခရစ်တို ငွေ ကြေး လိမ်လည်မှုလုပ်ငန်းကို အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။

 

၎င်းသည် Dongmei Park အတွင်း ခုနှစ်လကြာ ပိတ်လှောင်ခိုင်းစေခံခဲ့ရသည်။

 

အဆိုပါခြံဝန်းကြီးသည် “တရားမဝင်လုပ်ငန်းများကို အုပ်စုဖွဲ့စနစ်တကျ လုပ်ဆောင်နေသည့်နေရာ” အဖြစ် ဖော်ပြထားသည်။

 

ယင်းခြံဝန်းကြီးအတွင်း တရားမဝင်မူးယစ်ဆေးဝါးများကို လွတ်လပ်စွာဝယ်ယူနိုင်ပြီး၊ ပြည့်တန်ဆာ အိမ် အဖြစ် အသုံးပြုသည့် အဆောင်ပုံစံတိုက်ခန်း အဆောက်အဦများလည်း ရှိသည်။

 

ထွက်ပြေးလွတ်မြောက်ခြင်း မရှိစေရန် လုံခြုံရေးများ တင်းကျပ်စွာ ချထားပြီး၊ ပင်မဂိတ်တွင် ကင်း မျှော်စင်များ၊ စစ်ယူနီဖောင်းနှင့် ရိုင် ဖယ်သေနတ်များ ကိုင်ဆောင်ထားသည့် လုံခြုံရေးများလည်း ရှိသည်။

 

Dongmei Park တွင် အဓိကရင်းနှီးမြှုပ်နှံသူတစ်ဦးမှာ Wan Kuok-koi ဖြစ်သည်။ သွားကျိုး/Yin Gouju ဟုလည်း လူသိများသည့် Wan Kuok-koi သည် နာမည်ကြီး တရုတ်ရာဇဝတ် အဖွဲ့အစည်း တစ်ခုဖြစ်သော 14K လူဆိုးဂိုဏ်း၏ ယခင်ခေါင်းဆောင်ဖြစ်ပြီး၊ မလေးရှားရဲတပ်ဖွဲ့မှ အလိုရှိနေသူ ဖြစ်သည်။

 

၂၀၂၀ ခုနှစ်တွင် နိုင်ငံတကာအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိ ကန် ပြည်ထောင်စုက Wan Kuok-koi၊ Dongmei Group (Dongmei Investment Group Company Limited ၏ အတိုကောက်နာမည်) နှင့် Wan Kuok-koi ဦးဆောင်သည့် World Hongmen History and Culture Association တို့ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

 

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် “World Hongmen History and Culture Association သည် “အာရှတခွင်တွင် ဖြန့်ကျက်လျက်ရှိပြီး”၊ 14K ဒုစရိုက်ဂိုဏ်းက “၎င်းတို့ကို တရားဝင်စေရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ်” အသုံးပြုနေကြောင်း ဖော်ပြထားသည်။

 

Wan Kuok-koi သည် အဆက်အသွယ်ကောင်းသော မလေးရှားနိုင်ငံသားများနှင့်အတူ Dongmei Park ဖက်စပ်လုပ်ငန်းကို တည်ထောင်ခဲ့သည်။

 

အဆိုပါမလေးရှားနိုင်ငံသားများတွင် Dato Dr Mashitah Ibrahim၊ သူမ၏ ခင်ပွန်းဖြစ်သူ Datuk Abdul Shakor bin Abu Bakar၊ Yong Mun Hong နှင့် Dato Sri Liong Kee Huat တို့ ပါဝင်သည်။

 

Dr Mashitah Ibrahim သည် ဝန်ကြီးချုပ်ရုံး၏ ယခင်ဒုတိယဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး၊ United Malays National Organisation (UMNO) ပါတီ၏ လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်း ဖြစ် သည်။

 

သူမသည် အစ္စလာမ်ဘာသာတရား ဥပဒေဖြင့် ဒေါက်တာဘွဲ့ ရရှိထားသူ ဖြစ်သည်။ သူမသည် Wan Kuok-koi၊ Dongmei Group တို့နှင့် ပူးပေါင်းဆောင်ရွက်မှု စတင်ပြီးနောက်ပိုင်းတွင်လည်း UMNO ပါတီတွင် တက်ကြွသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေဆဲဖြစ်သည်။

 

၂၀၂၀ ရွေးကောက်ပွဲတွင် ဖက်ဒရယ်ရွေးကောက်ခံနယ်မြေ ကွာလာကီးဒက်မှနေ၍ ပါတီကိုယ်စား လှယ် အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

 

Mashitah Ibrahim သည် သူမ၏ Facebook ပို့စ်တစ်ခုတွင် သူမသည် Dongmei Park စီမံကိန်း တွင် “သံမဏိအမျိုးသမီး” အဖြစ် သူ့ကိုယ်သူ ရည်ညွှန်းခဲ့သည်။

 

Datuk Abdul Shakor bin Abu Bakar သည် သံတမန်ဟောင်း တစ်ဦးဖြစ်သည်။

 

Dato Sri Liong Kee Huat ကို မလေးရှားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အကြံပေးတစ်ဦးအဖြစ် World Hongmen History and Culture Association က ရည်ညွှန်းဖော်ပြခဲ့သည်။

 

Dongmei Group တွင် ဟောင်ကောင်မှတ်ပုံတင် ကုမ္ပဏီတစ်ခုရှိသည်။

 

ယင်း Dongmei Investment Group Company Limited ကုမ္ပဏီတွင် မလေးရှားရှယ်ယာရှင်နှင့် ဒါရိုက်တာနှစ်ဦး ပါဝင်ပြီး၊ ၎င်းတို့မှာ Datuk Abdul Shakor bin Abu Bakar နှင့် Yong Mun Hong တို့ ဖြစ်ကြသည်။

 

ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသော်လည်း ၂၀၂၄ ခုနှစ်၊ မေလအထိ စာရင်းအရ ကုမ္ပဏီသည် မှတ်ပုံတင်ထားဆဲဖြစ်သည်။

 

Sri Liong Kee Huat သည် ကုမ္ပဏီမှတ်ပုံ တင်စာရင်းတွင် ၎င်းနာမည် မပါရှိသော်လည်း အနီးစပ်ဆုံး ၂၀၂၂ ခုနှစ်အထိ ၎င်းကိုယ်ကို “Hong Kong Dongmei Group” ၏ ပူးတွဲတည်ထောင်သူတစ်ဦး အ ဖြစ် ရည်ညွှန်းသုံးနှုန်းခဲ့သည်။

 

Dongmei Group သည် မလေးရှားနိုင်ငံတွင် လုပ်ငန်းလည်ပတ်ပြီး၊ မြန်မာနိုင်ငံရှိ Dongmei Park အတွက် မလေးရှားရင်းနှီးမြှုပ်နှံသူများထံမှ ထောက်ပံ့ငွေများ တိုးမြှင့်ရှာဖွေနေသော်လည်း Justice For Myanmar အနေဖြင့် မလေးရှားကော်ပိုရိတ် မှတ်ပုံတင်စာရင်းတွင် Dongmei ကုမ္ပဏီကို တွေ့ရှိ ခဲ့ခြင်း မရှိပေ။

 

အွန်လိုင်းတွင် တင်ထားသော ဓါတ်ပုံများကို ခွဲခြမ်းစိတ်ဖြာမှုအရ Dongmei Group သည် မလေးရှား ကုမ္ပဏီ Grand Commerce Network Sdn. Bhd. နှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။

 

Grand Commerce Network ကုမ္ပဏီကို Mashitah Ibrahim နှင့် Abdul Shakor bin Abu Bakar တို့က ပိုင် ဆိုင်ပြီး၊ ကုမ္ပဏီအား ထိန်းချုပ်နိုင်သည့်ရှယ်ယာကို Mashitah Ibrahim က ပိုင်ဆိုင်ထား သည်။

 

မလေး ရှားကော်ပိုရိတ်မှတ်ပုံတင်ဌာနရှိ ကုမ္ပဏီ၏ဘဏ္ဍာငွေ အချက်အလက်များအရ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အခွန်ဝင်ငွေ မရှိခြင်းနှင့် ငွေသွင်းငွေထုတ် အနည်းငယ်သာ ပြုလုပ်ထားခြင်းကို တွေ့ရ သည်။

 

ယင်းအချက်များက ကုမ္ပဏီသည် သက်ဝင်လှုပ်ရှားမှု မရှိကြောင်းကို ပြသနေသည်။

 

ခြွင်းချက် အနေဖြင့် SaiXigang Industrial Park စီမံကိန်း စတင်ခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ကုမ္ပဏီက မလေးရှား ရင်းဂစ်ငွေ ၇၆၆,၅၈၆ (အမေရိကန်ဒေါ်လာ ၁၈၃,၈၃၃) အရှုံးပေါ်ကြောင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် အစီရင်ခံထားသည်။

 

နယ်မြေအတွင်း အခြားစီမံကိန်းများ ဖော်ဆောင်မှုကြောင့် Dongmei Park စီမံကိန်းသည် နှေးကွေး နေသော်လည်း အဆိုပါ Park သည် မြဝတီမြို့နယ်အတွင်း ဧက ၃၀,၀၀၀ ဧရိယာပေါ်တွင် ဖျော်ဖြေ ရေးဇုန်၊ ဟိုတယ်များနှင့် ရုံးခန်းတိုက်တန်းများ ပါဝင်မည့် အကြီးစား ဘက်စုံခြံဝန်းကြီးတစ်ခုအဖြစ် မျှော်မှန်းထားသည်။

 

စီမံကိန်းစတင်ခြင်းအခမ်းအနားကို World Hongmen History and Culture Association ၏ Wechat အကောင့်တွင် ရေးသားထားပြီး၊ Mashitah Ibrahim ၏ Facebook ပို့စ်များ တွင်လည်း ဖော်ပြထားသည်။

 

Mashitah Ibrahim၊ Abdul Shakor bin Abu Bakar နှင့် Sri Liong Kee Huat တို့သည် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်အချို့နှင့်အတူ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့် မြဝတီမြို့ နယ်များသို့ သွားရောက်ခဲ့သည်။

 

ဓါတ်ပုံတစ်ပုံတွင် Mashitah Ibrahim နှင့် Sri Liong Kee Huat တို့ကို Saixigang Industrial Park ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကရင် BGF တပ်သားများနှင့်အတူ တွေ့ခဲ့ရသည်။

 

၎င်းတို့သည် ထိုင်းနှင့် မြန်မာနိုင်ငံသို့ နောက်တစ်လအကြာတွင် ထပ်မံလာရောက်ခဲ့ပြန်သည်။

 

Mashitah Ibrahim ၏ ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ ဘန်ကောက်လေဆိပ်မှ ပို့စ်တွင် သူမအနေဖြင့် “taikos” ၂၀ အုပ်စုနှင့်အတူ ခရီးသွားနေကြောင်း ရေးသားထားသည်။

 

“taikos” သည် အစ်ကိုကြီး သို့မဟုတ် သူဌေးအတွက် ကန်တုန်အသုံးအနှုန်းဖြစ်သည်။

 

သူဌေးများထဲမှ တစ်ဦးသည် Wan Kuok-koi ဖြစ်သည်။

 

နောက်တစ်နေ့တွင် Mashitah Ibrahim သည် မြဝတီမြို့နယ်၊ စီမံကိန်းလုပ်ငန်းခွင်အတွင်း အုတ်မြစ်ချ အခမ်းအနားမှနေ၍ ပို့စ်တင်ခဲ့သည်။

 

ယင်းအခမ်းအနားကို World Hongmen History and Culture Association ကလည်း ထုတ်ပြန်ခဲ့ သည်။

 

အခမ်းအနားတွင် Abdul Shakor bin Abu Bakar က မိန့်ခွန်း ပြောကြားခဲ့ပြီး၊ မိန့်ခွန်းတွင် “၎င်းတို့ ၏ အသေးစိတ်သုတေသနနှင့် ဈေးကွက်ဆန်းစစ်မှု” အကြောင်းများပါရှိသည်။

 

ထို့အပြင် ခရီးသွားလုပ်ငန်း၊ ကျောက်မျက်၊ အပန်းဖြေလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်းနှင့် ဘလော့ ချိန်းဖော်ဆောင်မှု လုပ်ငန်းများကိုလည်း ထည့်သွင်းပြောကြားခဲ့ပြီး မြဝတီမြို့ကို “အလားအလာရှိ သော ရင်းနှီးမြှုပ်နှံမှုနိဗ္ဗာန်ဘုံ” ဖြစ်ကြောင်း ရည်ညွှန်းခဲ့သည်။

 

(၂၀၂၂ ခုနှစ်တွင် Dato Sri Liong Kee Huat နှင့် Dongmei Park ၏ အခြားရင်းနှီးမြှုပ်နှံသူ တစ်ဦး တို့သည် Meta X Dao ဟုခေါ်သည့် ခရစ်တိုငွေကြေးလုပ်ငန်းကို စတင်တည်ထောင်ခဲ့သည်)။

 

အုပ်မြစ်ချအခမ်းအနား၏ အခြားဗွီဒီယိုတစ်ခုတွင် ဧည့်သည်များက စင်မြင်ပေါ်တွင် နေရာယူ၍၊ တ ရုတ်ဘာသာဖြင့် နံပါတ်စဉ်ရေတွက်ကာ အောင်ပွဲခံခဲ့ကြသည်။

 

Wan Kuok-koi သည် Mashitah Ibrahim နှင့် Abdul Shakor bin Abu Bakar တို့အကြား အရှေ့အလယ်တည့်တည့်နေရာတွင် ရှိနေခဲ့သည်။

 

အုတ်မြစ်ချအခမ်းအနား ဓါတ်ပုံများနှင့် ဗွီဒီယိုများတွင် လက်နက်အပြည့် တပ်ဆင်ထားသော ကရင် BGF စစ်သားများကို အခမ်းအနားအတွင်း စင်မြင့်ပေါ်တွင် နေရာယူထားပြီး၊ လုံခြုံရေးပေး နေသည် ကို တွေ့ရသည်။

 

ယင်းသည် အဆိုပါ Park တွင် ပြည်သူ့စစ်အဖွဲ့၏ ပါဝင်ပတ်သက်ကြောင်း နောက်ထပ် သက်သေအ ထောက်အထား ဖြစ်သည်။

 

Dongmei Group ဧည့်သည်တော်များအတွက် အခမ်းအနားတစ်ခုကိုလည်း မဲဆောက်မြို့ရှိ Centara Hotel ၌ ကျင်းပခဲ့သည်။

 

၂၀၂၀ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် SaiXigang Industrial Park အတွက် မိတ်ဆက်ပွဲနှင့် “ရင်းနှီး မြှုပ်နှံသူများအား ဂုဏ်ပြုပွဲ” ကို ကွာလာလမ်ပူမြို့ရှိ Marriot Hotel ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် Saixigang Industrial Park ရှိ စီမံကိန်းများအတွက် စာချုပ် ၄ ခုကို လက်မှတ်ရေး ထိုးခဲ့သည်။

 

လက်မှတ်ရေးထိုးရာတွင် တရုတ်နိုင်ငံပိုင် အမှတ် (၂၁) တရုတ်မီးရထားဗျူရိုမှ မြဝတီစီမံကိန်း ကိုယ် စားလှယ်တစ်ဦးလည်း ပါဝင်သည်။

 

“လူငယ်အသင်းလှုပ်ရှားမှုများ” အတွက် ပရဟိ တလှုဒါန်းမှုတစ်ခု ကိုလည်း ပြုလုပ်ခဲ့ပြီး၊ ဓါတ်ပုံများ တွင် Dongmei Group နှင့် Grand Commerce Network တို့မှ ထုတ်ထားသော CIMB Bank ချက် လက်မှတ်ကြီးတစ်စောင်ကို တွေ့ရသည်။

 

စင်မြင့်၏ နောက်ခံပိတ်ကားတွင် Saixigang Industrial Park နှင့် Grand Commerce Network တို့၏ လိုဂိုနှစ်ခုကို ဖော်ပြထားသည်။

 

Justice For Myanmar သည် CIMB ဘဏ်နှင့် China Railway 21st Bureau ၏ မိခင်ကုမ္ပဏီဖြစ် သည့် Dongmei Group နှင့် ၎င်းတို့၏ လုပ်ငန်းချိတ်ဆက်မှုများနှင့် ပတ်သက်၍ China Railway Construction Corporation သို့ ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်မှုမရခဲ့ပါ။

 

Mashitah Ibrahim၊ Abdul Shakor bin Abu Bakar နှင့် Liong Kee Huat တို့သည် Justice For Myanmar ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

 

Jinxin Park

 

Jinxin Park သည် မြဝတီမြို့အစွန်၊ အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအထက်ပိုင်း၊ သောင်ရင်းမြစ်ကမ်းပေါ်တွင် တည်ရှိသည့် ဆိုက်ဘာငွေလိမ်စင်တာခြံဝန်းကြီးဖြစ်သည်။

 

လူမှုကွန် ရက်ပို့စ်များတွင် အဆိုပါခြံဝန်းကြီး၏ ရက်စက်မှုများကို ရေးသားဖော်ပြကြသည်။

 

ပို့စ်တစ်ခုတွင် Jinxin Park အတွင်း ပိတ်မိနေသူဟု ယူဆရသူနှင့် အပြန်အလှန်ပြောဆိုချက်များကို မှတ်တမ်းရိုက်ယူ ထားမှုတွင် ထွက်ပြေးရန်ကြိုးစားသူများအား အပြစ်ပေးသည့်အနေဖြင့် ခြေ ထောက်များကို ရိုက်ချိုးခဲ့သည်ဟု ပြောကြားထားသည်။

 

တရုတ်လူမှုကွန်ရက် Douyin ပေါ်တွင် ဖြန့်ဝေထားသည့် ဗွီဒီယိုဖိုင်တစ်ခုတွင် Jinxin Park ၌ စံမြင့် (စောချစ်သူ)၏ ပါဝင်ပတ်သက်မှုကို တွေ့ရသည်။

 

အဆိုပါဗွီဒီယိုဖိုင်တွင် စံမြင့်နှင့် အခြားနယ်ခြားစောင့်တပ် အရာရှိများသည် Jinxin Park သို့ သွား ရောက်လည်ပတ်ခဲ့ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းများကို ကြည့်ရှုကာ အစီအစဉ်များကို စစ်ဆေးခဲ့ သည်။

 

Justice For Myanmar က Jinxin Park ၏ ဂြိုလ်တုဓါတ်ပုံများကို အသုံးပြု၍ ဗွီဒီယိုရိုက်ယူ ထား သည့် တည်နေရာကို ရှာဖွေသတ်မှတ်ခဲ့သည်။

 

ဗွီဒီယိုဖိုင်တွင် စံမြင့်သည် Xiong Shijia ဟု ယူဆရသည့် အမျိုးသားတစ်ဦးနှင့် ရင်းရင်းနှီးနှီး ပြောဆို နေသည်ကို တွေ့ရှိရပြီး၊ ၎င်းကို လူမှုကွန်ရက်ပို့စ်များစွာတွင် အဆိုပါ Park ၏ သူဌေးအဖြစ် သတ် မှတ်ဖော်ပြ ကြသည်။

 

Jinxin Park ကို Jinxin Holding Company Limited မှ တည်ဆောက်လုပ်ကိုင်သည်။

 

ယင်းကုမ္ပဏီကို မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားပြီး၊ Anhui ပြည်နယ်မှ တရုတ်နိုင်ငံသား Cao Guolei နှင့် မှတ်ပုံတင်လိပ်စာတွင် လားရှိုးမြို့ဟု ဖြည့်သွင်းထားသည့် မြန်မာနိုင်ငံသား ရွှေဌေးဆိုသူ ဒါရိုက်တာ နှစ်ဦးတို့ ပါဝင်သည်။

 

ကုမ္ပဏီကို မြန်မာ့ဒေဝါလီဥပဒေအရ ၂၀၂၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော်လည်း အဆိုပါ Park ကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။

 

KK Park

 

ကရင်နယ်ခြားစောင့်တပ်ဖွဲ့သည် နာမည်ဆိုးဖြင့်ကျော်ကြားသော KK Park နှင့်လည်း ဆက်နွှယ်နေ သည်။

 

မကြာသေးမီက Deutsche Welle သတင်းဌာန၏ စုံစမ်းရေးသားမှုတစ်ခုတွင် BGF တပ်ဖွဲ့ဝင် များ သည် ဆိုက်ဘာငွေလိမ်ခြံဝန်းကြီးတစ်ခုဖြစ်သည့် KK Park တွင် လုံခြုံရေးယူပေးလျက်ရှိကြောင်း တွေ့ရှိခဲ့သည်။

 

အဆိုပါခြံဝန်းကြီးအတွင်း အလုပ်လုပ်ရန် လှည့်ဖြားသွေးဆောင်ခံရသူ သားကောင်များ အပေါ် ဆိုး ရွားပြင်းထန်သည့် လူ့အခွင့််အရေး ချိုးဖောက်ကျူးလွန်မှုများကိုလည်း မှတ်တမ်းအများ အပြား ရရှိထားသည်။

 

United States Institute of Peace ကလည်း KK Park နှင့် အခြား ဆိုက်ဘာ ငွေလိမ်လုပ်ငန်းခြံ ဝန်းကြီးများနှင့် “ကာစီနိုမြို့များ” တွင် ကရင် BGF/KNA တပ်၏ ပါဝင်ပတ်သက်မှုအ ကြောင်း အစီရင်ခံ ရေးသားခဲ့သည်။

မြဝတီမြို့သစ်

 

ကရင် BGF/KNA တပ်သည် မြဝတီမြို့တွင် ကြီးမားသည့် စီးပွားရေးရည်မှန်းချက်များ ရှိနေသည်။

 

မြဝတီမြို့ရှိ ကရင် BGF/KNA တပ်၏ ချစ်လင်းမြိုင်စီးပွားရေးလုပ်ငန်းသည် Steel Stone Group of Companies နှင့်အတူ “မြဝတီမြို့သစ်” ဖော်ဆောင်ရာတွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်သည်။

 

Steel Stone Group သည် ယခင်စစ်အာဏာရှင်လက်ထက်တွင် တည်ထောင်ခဲ့သော မြန်မာအိမ်ခြံ မြေ ဖော်ဆောင်သူဖြစ်ပြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း အပါအဝင် တန်ဖိုးပမာဏကြီးမားသော စာ ချုပ် များကို ရရှိခဲ့သည်။

 

မြဝတီမြို့သစ်သည် ၅၄၄ ဧက စီမံကိန်းဖြစ်ပြီး၊ လူနေတိုက်တန်းများ၊ ကုန်တိုက်၊ အပန်းဖြေ စခန်းနှင့် ဟိုတယ်တို့ ပါဝင်သည်။

 

ယင်းစီမံကိန်းသည် ကရင် BGF/KNA တပ်၏ နောက်ထပ် ရာဇဝတ်လုပ်ငန်း ဗဟိုချက်ဖြစ်လာနိုင် သည်။

 

Steel Stone Group က ထုတ်ဝေခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းက ဗွီဒီယိုတစ်ခုတွင် အဆိုပါနေရာတွင် မြေနေရာရှင်းလင်းပြီးဖြစ်ကြောင်းကို တွေ့ရသည်။

 

မြဝတီမြို့သစ်တွင် မြေကွက်များရောင်းချခြင်းကို iMyanmarHouse Company Limited နှင့် ပူး ပေါင်း၍ ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သည်။ အရောင်းပြပွဲအခမ်းအနားကို ရန်ကုန်နှင့် မြဝတီမြို့တို့တွင် တစ်ပြိုင်နက်ကျင်းပပြုလုပ်ခဲ့ပြီး၊ စံမြင့် (စောချစ်သူ) နှင့် စောထူးအယ်မူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။

 

မြဝတီမြို့သစ်တွင် ရောင်းချမည့်မြေကွက်များကိုလည်း ၎င်းတို့ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

 

iMyanmarHouse ကို သြစတြေးလျအများပိုင်ကုမ္ပဏီ Frontier Digital Ventures က အများစုပိုင် ဆိုင်သည်။

 

Frontier Digital Ventures သည် မြဝတီမြို့သစ်တွင် ၎င်းတို့ကုမ္ပဏီ၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါ။

 

အုပ်စုဖွဲ့ရာဇဝတ်လုပ်ငန်းကို လျှပ်စစ်ဓါတ်အားပေးခြင်း

 

BGF/KNA တပ်သည် ပုံမှန်လျှပ်စစ်မီးနှင့် မြန်နှုန်းမြင့်အင်တာနက် ရရှိရန်လိုအပ်သည့် ဆိုက်ဘာငွေ လိမ် လုပ်ငန်းများ၊ တရားမဝင်ကာစီနိုရုံများနှင့် အွန်လိုင်းလောင်းကစားရုံများသို့ ထိုအရာများ ရောင်း ချခြင်း ဖြင့် နောက်ထပ်အကျိုးအမြတ်များလည်း ရရှိနေသည်။

 

၂၀၁၈ ခုနှစ်တွင် ကရင် BGF တပ်ကုမ္ပဏီ ရွှေမြစ်သောင်ရင်း စက်မှုလက်မှုနှင့် ထုတ်လုပ်မှုကုမ္ပဏီ သည် မြဝတီမြို့နယ်တွင်း နေရာသုံးခုသို့ လျှပ်စစ်မီးတင်ပို့ရန်အတွက် ထိုင်းနိုင်ငံပိုင် Provincial Electricity Authority (PEA) ၏ ကုမ္ပဏီခွဲတစ်ခုနှင့် ဝယ်ယူရေးစာချုပ်များ လက်မှတ်ရေးထိုး ချုပ် ဆိုခဲ့သည်။

 

ထိုနေရာသုံးခုမှာ မြဝတီမြို့၊ ရွှေကုက္ကိုလ်နှင့် မြဝတီတောင်ဘက်ရှိ လေးကေ့ကော် (ဘန်းလီလီကို) တို့ ဖြစ်ကြသည်။

 

Dongmei Park၊ KK Park နှင့် the Huanya International New City စီမံကိန်းများအပါအဝင် မြဝတီမြို့တောင်ဘက်နှင့် လေးကေ့ကော်အနီးတဝိုက်ရှိ များစွာသော ဆိုက်ဘာငွေလိမ်ခြံဝန်းကြီး များနှင့် ကာစီနိုရုံများကြောင့်လည်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားနေသည်။

 

Huanya International New City စီမံကိန်းသည် ကရင် BGF/KNA တပ်နှင့် KNU ခေါင်းဆောင် အချို့ နှင့် ဆက်နွှယ်မှုရှိသည်ဟု သတင်းများက ရေးသားကြသည်။

 

ရွှေမြစ်သောင်ရင်းစက်မှုလက်မှုနှင့် ထုတ်လုပ်မှုကုမ္ပဏီကို ကရင် BGF/KNA တပ် ဗိုလ်မှူးစောတင် ဝင်းနှင့် သူ၏ ဇနီးဖြစ်သူ နန်းမြင့်မြင့်ဝင်းတို့က ထိန်းချုပ်ထားသည်။

 

PEA ၏ အချက်အလက်များကို Pracatai မှလေ့လာသုံးသပ်မှုအရ ရွှေကုက္ကိုလ်၏ လျှပ်စစ်ဓာတ်အား ဝယ်လိုမှုမှာ အထူးမြင့်မားနေသည်ကို သိရသည်။

 

သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးနောက် ကရင် BGF တပ်၏ ထိုင်းနိုင်ငံသား လုပ်ဖော်ကိုင်ဖက်၊ ထိုင်းကုမ္ပဏီ Bioenergy Development Company Limited ၏ တစ်ဦးတည်း သောဒါရိုက်တာ ဖြစ် သူ Chumroen Benchavitvilai သည် ဓာတ်အားကွန်ရက်များ ချိတ်ဆက်ပြီး မြဝတီနှင့် ရွှေကုက္ကိုလ် သို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများ စတင်လုပ်ဆောင်ခဲ့သည်။

 

၂၀၂၃ ခုနှစ်၊ အစောပိုင်းထိတင်ထားသော Benchavitvilai ၏ Facebook ပို့စ်များအရ ကရင် BGF/ KNA တပ်မှ စောထူးအယ်မူးနှင့် စောတင်ဝင်းတို့သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ထို့အ ပြင် ထိုင်းနှင့် မြန်မာကုမ္ပဏီများ၊ ခရိုနီများ၏ ပါဝင်ပတ်သက်မှုများကိုလည်း တွေ့ရသည်။

 

ရထိုက်ကိုယ်စားလှယ်များ၊ Earth Group of Companies ဥက္ကဌ ခိုင်ဇော်နှင့် Benchavitvilai တို့ တွေ့ဆုံခဲ့သည့်၊ အွန်လိုင်းပေါ် တင်ထားသော ၂၀၂၂ ခုနှစ်၊ မေလ ဘန်ကောက်အစည်းအဝေးတစ်ခုမှ အစီအစဉ်များအရ PEA သည် ရွှေကုက္ကိုလ်သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးနေကြောင်းနှင့် ထိုင်း နိုင်ငံဘက်မှ Enova ကုမ္ပဏီ၊ မြန်မာနိုင်ငံဘက်မှ “STMY” ပါဝင်ကြောင်း သိရသည်။

 

ခိုင်ဇော်သည် ခရိုနီစီးပွားရေးလုပ်ငန်းစုကြီး ထူးကုမ္ပဏီများအုပ်စု၏ ဥက္ကဌဖြစ်သူတေဇ၏ဇနီး သီတာဇော်နှင့် ညီအစ်မတော်သူဖြစ်သည်။

 

“STMY” သည် ရွှေမြစ်သောင်ရင်းစက်မှုလက်မှုနှင့် ထုတ်လုပ်မှုကုမ္ပဏီ၏ အတိုကောက် “SMTY” ကို စားလုံးပေါင်းမှားခြင်း ဖြစ်ဖွယ်ရှိသည်။

 

Enova Group သည် လျှပ်စစ်ကဏ္ဍတွင် အင်ဂျင်နီယားရင်း၊ ဝယ်ယူရေးနှင့် ဆောက်လုပ်ရေး လုပ် ငန်း များတွင် လုပ်ကိုင်နေသော ထိုင်းကုမ္ပဏီတစ်ခုဖြစ်ပြီး ယင်းကုမ္ပဏီ၏ ဖောက်သည်များတွင် PEA ပါဝင်သည်။

 

Benchavitvilai သည် ၂၀၁၈ ခုနှစ်မှစ၍ Enova နှင့် တွေ့ဆုံမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

 

၂၀၂၀ ခုနှစ်အတွင်း ၎င်း၏ ကရင်ပြည်နယ်ခရီးစဉ်တွင် Enova ကိုယ်စားလှယ် အနည်းဆုံးတစ်ဦး လိုက်ပါသွားခဲ့ပြီး၊ ခရီးစဉ်အတွင်း “ရွှေကုက္ကိုလ်မြို့သို့ လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးနိုင်ရန်အတွက် ပံ့ပိုးမှုအပြည့်အဝရရှိရေး Grand Myawaddy Group နှင့်အတူ ပူးပေါင်းခြင်း” ဟု ဖော်ပြခဲ့သည်။

 

Grand Myawaddy သည် မြဝတီမြို့ရှိ တရားမဝင်ကာစီနိုရုံတစ်ခု ဖြစ်သည်။ Evova Group သည် မြန်မာနိုင်ငံရှိ ၎င်းတို့၏လုပ်ငန်းနှင့်ပတ်သက်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားခြင်းမရှိပေ။

 

၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ Benchavitilai သည် ရထိုက်ကုမ္ပဏီ၊ ကရင် BGF ခေါင်းဆောင်ပိုင်းများနှင့် ဆက်တိုက်တွေ့ဆုံခဲ့သလို၊ PEA နှင့်လည်း မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ သည်။

 

ဆွေးနွေးမှုများတွင် ရွှေကုက္ကိုလ်သို့ နောက်ထပ်လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ် ထပ်တိုးပေးမည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့သည်။

 

Benchavitilai သည် ဓာတ်အားပေးစီမံကိန်းအတွက် ဘဏ္ဍာငွေရရှိရေးတွင်လည်း ပါ၀င်ပတ်သက် ခဲ့ပြီး၊ မြန်မာနိုင်ငံရှိ Kasikorn Bank ကိုယ်စားလှယ်နှင့် အစည်းအဝေးများစွာ ပြုလုပ်ခဲ့သည်။

 

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Benvhavitilai သည် မြဝတီနှင့် ရွှေကုက္ကိုလ်တို့တွင် လျှပ်စစ်ဓာတ် အား ထုတ်လုပ်၊ ဖြန့်ဖြူးရေးတို့အတွက် ပံ့ပိုးကူညီရေးကိစ္စများ ဆွေးနွေးရန် Kasikorn ဘဏ်၊ မြန်မာ ရုံးခွဲ၏ စီစဉ်မှုဖြင့် မဲဆောက်မြို့တွင် Kasikorn ဘဏ်နှင့် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

 

၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပြည်တွင်းနှင့် နိုင်ငံတကာဖိအားများကြောင့် PEA သည် လေးကေ့ကော်နှင့် ရွှေကုက္ကိုလ်တို့ကို လျှပ်စစ်မီး ဖြတ်တောက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မတ်လ အချက်အလက်အရ ထိုင်း နိုင်ငံမှ လျှပ်စစ်ဓာတ်အား ပေးဝေမှု ပြတ်တောက်နေကြောင်း Karen Information Center က သတင်းရေးသားခဲ့သည်။

 

Benchavivilai သည် ၂၀၁၉ ခုနှစ်မှစတင်၍ မြဝတီမြို့နယ်တွင် ဓာတ်အားကွန်ရက်မဲ့ LNG အသေး စား ဓာတ်အားထုတ်လုပ်ရေးအတွက် အစီအစဥ်များကို ရေးဆွဲလျက်ရှိခဲ့သည်။

 

ယင်းအစီအစဉ်၏ လက်ရှိအခြေအနေကို Justice For Myanmar က အတည်ပြုနိုင်ခြင်း မရှိသော် လည်း၊ ယင်းအစီအစဉ် အကောင်အထည်ဖော်ခဲ့ပြီးပါက ထိုင်း သို့မဟုတ် မြန်မာ ဓာတ်အားလိုင်းများ ကို သုံးစွဲရန် မလိုအပ်ဘဲ ဆိုက်ဘာငွေလိမ်လုပ်ငန်းများ၊ တရားမဝင်ကာစီနိုရုံများနှင့် အွန်လိုင်း လောင်း ကစားလုပ်ငန်းများ အတွက် လျှပ်စစ်ဓာတ်အား ပေးအပ်နိုင်မည် ဖြစ်သည်။

 

Chumroen Benchavitvilai ထံ ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရခဲ့ပါ။

 

ကရင် BGF တပ်သည် LNG စီပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ချစ်လင်းမြိုင်အင်(န်)နာဂျီကုမ္ပဏီကို ထူ ထောင်ထားပြီး၊ ယင်းကုမ္ပဏီကို စံမြင့် (စောချစ်သူ) ၏ မိသားစုက ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

 

ကုမ္ပဏီက LNG ကို တင်သွင်း၊ ဖြန့်ဖြူးပြီး၊ ရွှေကုက္ကိုလ်တွင် အနည်းဆုံး ဂက်စ်ဖြည့်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားသည်။ ၂၀၂၂ ခုနှစ် တွင် ယင်းကုမ္ပဏီ၏ ထရပ်ကားတစ်စီးကို တော်လှန်ရေး တပ်ဖွဲ့ များက တိုက်ခိုက်ခဲ့သည်။

 

BGF/KNA တပ်၏ ရွှေမြစ်သောင်ရင်းကုမ္ပဏီသည်လည်း နောက်ထပ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရောင်း ဝယ်ရေး စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ပြီး၊ အာရှလမ်းမကြီးပေါ်တွင် အရောင်းဆိုင်များ ဖွင့်လှစ်ထားသည်။

 

BGF/KNA တပ်သည် ထိုင်းနိုင်ငံမှ လောင်စာဆီ မှောင်ခိုတင်သွင်းခြင်းဖြင့် စွမ်းအင်ကဏ္ဍမှလည်း ၀င်ငွေများရရှိနေသည်။

 

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားရောင်းချမှု ဖြတ်တောက်ခဲ့ပြီးနောက် ဆိုက်ဘာငွေလိမ်လုပ်ငန်းများ နှင့် တရားမဝင်ကာစီနိုရုံများသည် ၎င်းတို့၏လုပ်ငန်းများကို မီးစက်များဖြင့် လျှပ်စစ်ဓာတ်အားပေး နေရပြီး၊ လောင်စာဆီလိုအပ်မှု မြင့်တက်လာမှုနှင့်အတူ BGF/KNA တပ်အတွက် အကျိုးအမြတ်များ ရရှိခဲ့သည်။

 

ကရင် BGF တပ်သည် ရွှေကုက္ကိုလ်တွင် မြန်နှုန်းမြင့် အင်တာနက်တပ်ဆင်ထားပြီး၊ ဒေတာပမာဏ ကြီးမားစွာ အသုံးပြုနိုင်သည့် အင်တာနက်လိုင်းကို မြင့်မားသည့်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချမှုမှ တဆင့် အကျိုးအမြတ်ရရှိနေကြောင်း သတင်းဖော်ပြမှု ရှိခဲ့သည်။

 

ဆိုက်ဘာငွေလိမ်လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်သည့် အနေဖြင့် ထိုင်းအမျိုးသား အသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင်သည် နယ်စပ်တလျောက် တယ်လီ ကွန်းတာဝါများမှ မြန်မာနိုင်ငံသို့ အချက်ပြထုတ်လွှင့်မှုများကို ဖြတ်တောက်ခဲ့ပြီး၊ မကြာသေးမီက ရွှေကုက္ကိုလ်နှင့် ကပ်လျက်ရှိသော တာဝါတိုင်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုင်းနယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေး ဖြိုခွင်းမှုအပြီး ငွေလိမ်လုပ်ငန်းများတွင် အသုံးပြုနေသည့် Mytel ဖိုက်ဘာအင်တာနက်လိုင်းတစ်ခု ရှိနေကြောင်း ရထိုက်ကုမ္ပဏီဝန်ထမ်း၏ ပြောဆိုချက်ကို ကိုး ကား၍ မဇ္စျိမသတင်းမီဒီယာက ရေးသားခဲ့သည်။

 

Mytel သည် မြန်မာစစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက အဖွဲ့ဝင် အ ဖြစ်ပါဝင်သော Telecom International Myanmar Company Limited နှင့် ဗီယက်နမ်ကာကွယ် ရေးဝန်ကြီးဌာနအောက်ရှိ Viettel Global Investment JSC တို့အကြား ဖက်စပ်လုပ်ဆောင်သည့် မြန်မာဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သည်။

အပိုင်း ၄ ကို ဆက်လက်စောင့်မျှော်ဖတ်ရှုပါရန်-

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *