Myingyan News

0 0
Read Time:2 Minute, 20 Second

မြင်းခြံမြို့နယ်၊ ကံချောရွာဘုန်းကြီးကျောင်းသို့ ဝင်ရောက်တပ်စွဲသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၆ ဦးဒဏ်ရာရ

 

D Day News

မေလ ၂၄

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကံချောကျေးရွာဘုန်းကြီးသို့ ဝင်ရောက်တပ်စွဲသည့် အကြမ်းဖက်စစ် သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ချက်ချင်း ပြန် ဆုတ်ပြေးသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံထံမှ သိရသည်။

 

မေလ ၂၂ ရက် နံနက် ၁၀ နာရီခန့်က အင်းအား ၅၀ ခန့်ဖြင့် မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှ စစ်ကြောင်းထိုး လာပြီး ကံချောကျေးရွာဘုန်းကြီးကျောင်းသို့ ဝင်ရောက်တပ်စွဲသည့် အကြမ်း ဖက် စစ်တပ်သား များကို ဒရုန်း ၃ စီး ဖြင့် ဗုံးသီး ၁၁ လုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများမှာ ချက်ချင်းပြန် ဆုတ် ပြေးသွားကြောင်း သိရသည်။

“ပထမ တစ်ကြိမ်က ဒရုန်း ၃ စင်းနဲ့ ဗုံးသီး ၉ လုံးတပြိုင်တည်းချတာ။ ရှောင်ချိန်တိမ်းချိန်မရအောင်၊ Fixed Wings ဒရုန်းက ၃ စီး၊ လေးလက်ဒရုန်းအကြီးက တစ်စီးနဲ့ လေးလက်ပေါင်းချတာပေါ့။ ထိချက်ကကောင်းသွားတာ။ ၆ ကောင်အပြင်းအထန်ဒဏ်ရာရတယ်။ သေဖို့တော့ များတယ်။ ချက် ချင်းမသေသေးတာ။ ဗုံးလဲချခံရပြီးတော့ လူနာတွေရောတစ်ခါတည်းသယ်ပြီးတော့ နဘူးအိုင်ဘက်ကို တခါတည်းထွက်ပြေးတာ။” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *