သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဖမ်းဆီးရရှိရေးနှင့် မုံရွာမြို့ရှိ ငွေကြေးချမ်းသာသူများကို စာရင်းပြုစု ကာ ဖမ်းဆီးပြီး ငွေဖြင့်ပြန်လည်ရွေးယူခိုင်းနေသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ မှ ရဲအရာခံဗိုလ် ဝင်းနိုင်ကို ဖမ်းမိ
D Day News
မေလ ၂၄
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးရရှိရေးနှင့် မြို့ပေါ်ရှိ ငွေကြေး ချမ်းသာသူများကို စာရင်းပြုစုကာ ဖမ်းဆီးပြီး ငွေဖြင့် ပြန်လည်ရွေးယူခိုင်းနေသည့် အကြမ်းဖက်စစ် တပ် လက်အောက်ခံအဖွဲ့မှ ရဲအရာခံဗိုလ်ဝင်းနိုင်ကို ဖမ်းဆီးရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံ ရေးအဖွဲ့ – ပလဖ ထံမှ သိရသည်။
မေလ ၁၉ ရက်နေ့က မုံရွာမြို့အတွင်းရှိ သပိတ်အဖွဲ့သတင်း၊ တော်လှန်ရေးရဲဘော်များ၏သတင်း၊ ရပ်ကွက်အတွင်းရှိ တော်လှန်ရေးအဖွဲ့အား ထောက်ပို့လုပ်ငန်း လုပ်ကိုင်ပေးသော လုပ်ငန်းရှင်များ အား ဖမ်းဆီးနိုင်ရေးအတွက် အရပ်သားပြည်သူအသွင်ယူဆောင်ရွက်နေသော မုံရွာခရိုင် မှုခင်းဌာန တွင် တွဲဘက်တာဝန် ထမ်းဆောင်နေသူ ရဲအရာခံ ဝင်းနိုင်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ မြို့တွင်းအထိဝင်ရောက်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
“သူ့ကို ဝင်ဖမ်းတဲ့အချိန်မှာ အပြန်အလှန်ပစ်ခတ်မှုမဖြစ်ခဲ့ဘူး။ သူ့ကိုစောင့်ရှောက်နေတဲ့ လက်နက် ကိုင်ဘော်ဒီဂတ်တွေလွတ်တဲ့အချိန်မှာ ဝင်ဖမ်းလာတာ။ သူ့ဆိုင်ကိုလာတဲ့အချိန်မှာ ဝင်ဖမ်းလာတာ။ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တာတော့ မရှိဘူး။ အေးဆေးလိုက်ခဲ့ဖို့ပဲ ကျနော်တို့ ပြောတယ်။ ပစ် ခတ် မှုမဖြစ်ချင်ဘူး။ အေးဆေးလိုက်ခဲ့ဖို့ပြောပြီး ခေါ်လာတာ၊ အချိန်တော့ ပေးလိုက်တယ်။ အရေး တဲ့ အပိုင်းကတော့ NUG အစိုးရ တရား စီရင်အတိုင်းပဲသွားပါ့မယ်၊ လက်ရှိတော့ ကျနော်တို့ဆီကနေ စွဲချက်တင်ပြီး အကျဉ်းထောင်ကို ပို့ထားတယ်။” ဟု မုံရွာမြို့နယ်ပြည်သူ့လုံခြုံ ရေးအဖွဲ့ – ပလဖ မှ ဒုတာဝန်ခံ ကိုသီဟက ပြောကြားသည်။
၂၀၂၁ ခုနှစ်၊ ဇွန်လတွင် မုံရွာမြိုပေါ်သို့ ပြောင်းရွှေ့ရောက်ရှိလာသော ရဲအရာခံဗိုလ်ဝင်းနိုင်သည် ချမ်း မြသာစည်ရပ်ကွက်၊ နေဇာလမ်းထဲ၌ နေထိုင်ပြီး နေအိမ်တွင် “လွင်” ငါးပိ ထောင်းဆိုင်ဖွင့်ထားကာ ရတနာပုံကွက်၊ ချမ်းမြသာစည်ကွက်နှင့် လယ်တီရပ်ကွက် စသည့် ရပ်ကွက် ၃ ခုအတွင်းရှိ သပိတ် စစ်ကြောင်းလှုပ်ရှားမှုများ၊ သပိတ်ခေါင်းဆောင်များ၊ တော်လှန်ရေးရဲဘော်များ၏ လှုပ်ရှားမှုများ၊ ကူညီ ပံ့ပိုးပေးသူများနှင့် ငွေကြေးချမ်းသာသူများ၏ နောက်ကြောင်းရာဇဝင် ကို အရပ်သားအသွင်ယူ ကာ ထောက်လှမ်းခဲ့ကြောင်း သိရသည်။
ရဲအရာခံဗိုလ်ဝင်းနိုင်သည် စုံစမ်းထောက်လှမ်းပေးမှုကြောင့် ၂၀၂၂ ခုနှစ်တွင် သပိတ်ခေါင်းဆောင် ကို ဝေမိုးနိုင်ကို မုံရွာမြို့၊ သာစည်လမ်းထဲတွင် စရဖ အဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ဝန်ခံထွက်ဆို ထားသည်။
ထို့ပြင်ပြည်ထောင်စုလမ်း ဒေါနခြံရပ်ကွက် ရေစဉ်ကြီးအနီး NLD လွှတ်တောအမတ် မောင်တာအား ဖမ်းဆီးနိုင်ရေးအတွက် သတင်းထောက်လှမ်းပေးခဲ့ရပြီး ဝင်ရောက်ဖမ်းဆီးချိန်တွင် မောင်တာအား မမိသဖြင့် ၎င်းနေထိုင်ရာအိမ်အား ချိတ်ပိတ် သိမ်းဆည်းခဲ့ကြောင်း၊ အလားတူ သာစည်လမ်းဘေး အမှတ် ၁ လမ်းထိပ်ရှိ စိန်ဂျော်ကာ ဖိနပ်ဆိုင်ပိုင်ရှင်အား ဖမ်းဆီးနိုင်ရေးအတွက် သတင်းထောက် လှမ်းပေးခဲ့ရပြီး ဝင်ရောက်ဖမ်းဆီးစဉ်တွင် ထိုဆိုင်၌ မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု အကြောင်း ပြကာ ဖမ်းဆီးခဲ့ပြီးနောက် ဆိုင်ထဲရှိ ငွေကျပ် သိန်းငါးရာခန့်အား သိမ်းယူခဲ့ကာ လူကိုလည်း ငွေဖြင့် ပြန်လည်ရွေးခိုင်းခဲ့ကြောင်း သိရသည်။
ထို့နောက် ရတနာပုံ ရပ်ကွက်ထဲရှိ သပိတ်အဖွဲ့အား ထောက်ပံ့နေသည်ဟုဆိုသော ကောင်းစစ်မိုး အပါအဝင် လူငယ် ၆ ဦးကို အားသစ်လက်ဘက်ရည်ဆိုင်အတွင်း၌လည်းကောင်း၊ ရတနာပုံရပ် ကွက်နေ မဆွေမာဦးကို၊ ကျောက်ကျင်းရပ်၊ ဓမ္မပါလ ဘုန်းကြီးကျောင်းအနီးနေထိုင်သူ မအိအိဖြူတ ကို တော်လှန်ရေးရဲဘော်များအား ထောက်ပို့လုပ်ငန်း လုပ်ကိုင်သည်ဟု ဆိုကာ ဖမ်းဆီးမှုတွင်လည်း ၎င်းကိုယ် ထောက်လှမ်းသတင်းပေးခဲ့ကြောင်း ရဲအရာခံဗိုလ်ဝင်းနိုင်က ဝန်ခံထွက်ဆိုထားသည်။
ငွေကြေးချမ်းသာသူများအား ဖမ်းဆီး၍ ငွေဖြင့် ပြန်လည်ရွေးယူခိုင်းချိန်တွင် အထက်လူကြီးများက ရရှိသော ငွေ ၃၀ ရာခိုင်နှုန်းကို ၎င်းအား ခွဲပေးပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘုန်းစိုးရပ်ကွက်မှ စော်ဘွားကြီး သစ်စက်၊ ရတနာပုံရပ်ကွက်မှ သံတိုသံစ ရောင်းချနေ သော ကိုတင်အေးဆိုင်၊ ဘုန်းစိုးရပ်ကွက်မှ နှစ်လုံးထီရောင်းချသော ဒေါ်ပဲ၊ ချမ်းမြသာစည်ရပ်ကွက်မှ သုံးလုံးထီရောင်းသော ဦးမောင်ဦး၊ ရတနာပုံရပ်ကွက်မှ သုံးလုံးထီ ရောင်းသော ဒေါ်တင်တင် တို့ထံမှ တစ်လလျှင်ငွေကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်း ဆက်ကြေးကောက်ခံခဲ့ကြောင်း သိရသည်။
၎င်းတာဝန်ယူထားရာ ရပ်ကွက်အတွင်းမှ ဖမ်းဆီးရန် ကျန်ရှိသည့် ငွေကြေးချမ်းသာသူများမှာ ချမ်းမြ သာစည် ရပ်ကွက် နေဇာလမ်းထဲနေ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းအောင် (ချည်မျှင်လုပ်ငန်း)၊ ချမ်း မြသာစည် ရပ်ကွက် ကျွန်တော်အိမ်ဘေးရှိ ခန့်ညား ကုန်စုံဆိုင်ပိုင်ရှင်၊ သာစည်ဈေးအနီးရှိ “ဇော်” ပရိ ဘောဂ ဆိုင်ပိုင်ရှင် ကိုမြင့်ဇော် ၊ သာစည်လမ်းဘေးရှိ “ထိုက်”ဆေးဆိုင်ပိုင်ရှင် တို့ဖြစ်ပြီး ၎င်းတို့ကို ငွေကြေးလိုအပ်သည့်အခါ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည်ဟု အကြောင်းပြကာ ဖမ်း ဆီးပြီး ငွေဖြင့် လှဲလှယ်ရန် ကြံစည်ထားကြောင်း ရဲအရာခံဗိုလ်က ဝန်ခံထားသည်။
လက်ရှိအချိန်အထိ ရပ်ကွက်ထဲ၌ ပြည်သူတစ်ယောက်အနေဖြင့် အသွင်ယူကာ သတင်းထောက်လှမ်း စုံစမ်းကာ အထက်အရာရှိထံတင်ပြနေခြင်းဖြစ်ပြီး ၎င်းနှင့်အတူ တွဲဖက်လုပ်ကိုင်ရသူမှာ မုံရွာခရိုင်မှု ခင်းဌာနမှ တပ်ကြပ်ကြီး ဟန်ဝင်းအောင်ဖြစ်ကြောင်း၊ ဟန်ဝင်းအောင်သည် ထန်းတောရပ်ကွက်နှင့် မုံရွာတောင် ရပ်ကွက်တို့အတွင်းရှိ PDF သတင်း ထောက်လှမ်းခြင်း၊ တော်လှန်ရေးရဲဘော်များအား ပံ့ပိုးကူညီပေးနေသော စီးပွားရေးလုပ်ငန်းရှင်များ၏ သတင်းများအား လိုက်လံ စုံစမ်းခြင်းတို့လုပ် ဆောင်နေသူဖြစ်ပြီး မုံရွာခရိုင်ရုံးအတွင်းနေထိုင်သူဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရရှိသူ ရဲအရာခံဗိုလ်ဝင်းနိုင်သည် အခြေခံရဲတပ်သားသစ်သင်တန်းကို ရဲတပ်ရင်း ၅ မှော်ဘီ တွင်တက်ရောက်ခဲ့ကာ ဧရာဝတီတိုင်း၊ ငပုတော၊ ယင်းမာပင်၊ ရခိုင်ပြည်နယ်၊ မောင်တော၊ အမ်း၊ မန္တလေးနှင့် မုံရွာတို့တွင် လှည်လည်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
D Day News