TNLA News

0 0
Read Time:2 Minute, 16 Second

နမ့်ဆန်မြို့ TLEC ဆရာ၊ ဆရာမ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းကို PSLF/TNLA အထွေ ထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် AA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ညိုထွန်းအောင်တို့ တက် ရောက်

 

D Day News

မေလ ၂၃

 

ရှမ်းပြည်နယ်၊ TNLA ထိန်းချုပ်နယ်မြေအတွင်းရှိ နမ့်ဆန်မြို့ TLEC ဆရာ၊ ဆရာမ စွမ်းရည် မြှင့်တင် ရေး သင်တန်းဆင်းပွဲအခမ်းကို PSLF/TNLA အထွေ ထွေ အတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် နှင့် AA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ညိုထွန်းအောင် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၂ ရက်နေ့က တအာင်းပြည်၊ တပ်မဟာ ၂ စစ်ဒေသ၊ နမ့်ဆန်မြို့တွင် Ta’ang Land Education Council (TLEC) ၏ တစ်လကြာ ဆရာ/မများ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ (PSLF/TNLA) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နှင့် အာရက္ခတပ်တော် (AA) ၏ ဒုတိယစစ်ဦးစီချုပ် ULA ၏ ဒုဥက္ကဌ (၁) ဒေါက်တာညိုထွန်းအောင်တို့ အသီးသီး တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စာသင်ကျောင်းတစ်ခုတွင် သင်ရိုးညွှန်းတမ်းထက် ကျောင်းသူကျောင်းသားများအား ပညာသင်ကြား ပေးမည့် ဆရာ/မ များက အလွန်အရေးကြီးပြီး ပုံစံခွက်ဖြင့် သင်ကြားခြင်းထက် ကျောင်းသူ/သားများ စဥ်းစားတွေးခေါ်နိုင်အောင်၊ အရည်အချင်းပြည့်မီအောင် သင်ကြားပေးရမည်ဟု ဗိုလ်ချုပ် တားဘုန်း ကျော်က မှာကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ အပတ်စဥ်(၃)သင်တန်းကို ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မေလ ၂၂ ရက်နေ့အထိ တစ်လကြာ သင်တန်းပိုချပေးကာ ဆရာ/မ လူဦးရေ (၄၀၀) တက်ရောက်ခဲ့ကြောင်း၊ သင်တန်းကာလအတွင်း ဘာသာရပ်ထူးချွန်သည့် ဆရာ/မများ ဆုချီးမြှင့်ပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဥ်များဖြင့်  အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *