Kyaik Hto News

0 0
Read Time:2 Minute, 45 Second

ကျိုက်ထိုမြို့မရဲစခန်းအနီးရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် နာမည်ကြီး ပျူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

မေ ၂၃

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထိုမြို့မရဲစခန်းလမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင် တစ်ဆိုင် တွင် နာမည်ကြီး လက်နက်ကိုင် ပျူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅ ၊တပ်ခွဲ ၄ UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၂ ရက် ညနေ၂ နာရီ မိနစ် ၃၀ အချိန်ခန့်က ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်၊ ရေ တံခါးပိုင်းနေ၊ အသက် ၆၀ အရွယ်ခန့်ရှိ လက်နက်ကိုင် ပျုစောထီး အုန်းမြင့်(ခ)အန်ကယ်ကြီး ဆိုသူ ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ တပ်ရင်း-၇၈၀၅၊ တပ်ခွဲ – ၄ ၊ UG တပ်ဖွဲ့ဝင်များက ကျိုက်ထိုမြို့မ ရဲစခန်းလမ်းထိပ်ရှိ 7 Mark လက်ဖက်ရည်ဆိုင် အတွင်း ၀င်ရောက် ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ အုန်းမြင့်(ခ)အန်ကယ်ကြီးသည် အာဏာသိမ်းပြီးအချိန်မှစ၍ ယခုအချိန်ထိ နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားကာ စစ်ကောင်စီ ခိုင်းစေသမျှကို အာကြိုး မာန်တက် ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း၊ မထင်လျှင် မထင်သလို ပြည်သူများကို ငွေညစ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ မကြာခနပြုလုပ်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ကျိုက်ထိုမြိုမရဲစခန်းရှိ ပြည်သူများ၏ အမှုများကို ငွေအဆမတန် ရယူကာ လိုက်လံညှိနှိုင်း ပေးနေသူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ ဝင်ရောက် ပစ်ခတ်မှုအတွင်း ပစ်မှတ်ဖြစ်သည့် အုန်းမြင့်မှ ထွက်ပြေးသွားသဖြင့် လိုက်လံ ပစ် ခတ်ခဲ့ရမှုကြောင့် ဘေးဝိုင်းတွင် ထိုင်နေသော ပြည်သူအမျိုးသားနှစ်ဦး ကျည်ရှပ် ထိဒဏ်ရာရရှိခဲ့ ပြီး ယင်းထိခိုက်ခဲ့မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သားများက အထူးပင်စိတ်မကောင်းဖြစ်ရကြောင်း ပြည်သူများအနေဖြင့်စစ်ကောင်စီနှင့်ပတ်သတ်သောနေရာများနှင့်ဝေးဝေးနေပေးကြပါရန်အထူးပင်တိုင်တွန်းအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *