Karen State News

0 0
Read Time:3 Minute, 31 Second

ဖာပွန်မြို့ထဲတွင် စစ်ကောင်စီတပ်သားများ မရှိတော့ပဲ အလုံစုံထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိနေသည့် ခမရ ၃၄၀ ၊ ၃၄၁ နှင့် စဗခ ၏ အစိတ်အပိုင်းအချို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ

 

D Day News

မေလ ၂၃

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့ထဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများ လုံးဝမရှိတော့ပဲ မြို့ကို အလုံစုံ ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိနေသည့် ခမရ ၃၄၀ ၊၃၄၁ နှင့် စဗခ ၏ အစိတ်အပိုင်းအချို့ကို သိမ်းပိုက်ရ ရှိနိုင်ရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဗမာပြည်သူ့လွတ်မြောက်တပ်မတော် – BPLA တပ်ဖွဲ့ခေါင်းဆောင် မောင်ဆောင်းခက ပြောကြားသည်။

 

ဖာပွန်မြို့အနီးတဝိုက်တွင် ခလရ ၁၉ ၊ ခမရ ၄၃၄ ၊ ခမရ ၃၄၀ ၊ ခမရ ၃၄၁ ၊ စစန ၆၄၂ နှင့် စဗခ (ဖာပွန်) စသည့်တပ်ရင်းတပ်ဖွဲ့များရှိပြီး ဖာပွန်မြို့ထဲရှိ ခလရ ၁၉ ပတ်ရင်းနှင့် မြို့အနီးရှီ ခမရ ၄၃၄ တပ်ရင်းတို့ကို သိမ်းပိုက်ရရှိထားသဖြင့် ဖာပွန်မြို့ထဲဝွင် အကြမ်းဖက်စစ်ကောင်စီတပ်သားမရှိတော့ပဲ တော်လှန်ရေးတပ်ဖွဲ့များက အလုံးစုံ အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ဖာပွန်မြို့အနီးတဝိုက်မှာ ခလရ (၁၉) ၊ ခမရ (၄၃၄) ၊ ခမရ (၃၄၀) ၊ ခမရ (၃၄၁) ၊ စစန (၆၄၂) နဲ့ စဗခ (ဖာပွန်)ရယ်လို့ တပ်ရင်း/တပ်ဖွဲ့များစွာရှိပါတယ်။ လက်ရှိမှာ ဖာပွန်မြို့ထဲက ခလရ (၁၉) နဲ့ မြို့နားက ခမရ (၄၃၄) တို့ကို သိမ်းပိုက်ထားပြီးဖြစ်လို့ ဖာပွန်မြို့ထဲမှာ စစ်ကောင်စီမရှိတော့ဘဲ တော်လှန်ရေး တပ်ဖွဲ့တွေက အပြည့်အဝထိန်းချုပ်ထားပြီလို့ ပြောရပါမယ်။”ဟု မောင်ဆောင်းခက ပြောကြား သည်။

 

သိမ်းပိုက်ရန်ကျန်ရှိနေသည့် တပ်များအနက် လက်ရုံးတပ်တစ်ခုဖြစ်သည့် စစန ၆၄၂ တပ်ရင်းသည် ဆုတ်ခွာသွားပြီဖြစ်ပြီး ထပ်မံသိမ်းပိုက်ရန်မှာ ခမရ ၃၄၀ ၊ ခမရ ၃၄၁ တပ်ရင်းနှင့် စဗခ ၏ အစိတ် အ စိတ်အပိုင်းအချို့သာ သိမ်းပိုက်ရန် ကျန်ရှိတော့သည်ဟုဆိုသည်။

“စစန(၆၄၂)ဆိုတာကလည်း စစ်လက်နက်ပစ္စည်းတပ်စု(လက်ရုံးတပ်)အဆင့်ပဲရှိတဲ့အတွက် တပ် စခန်း ကနေ ဆုတ်ခွာသွားတာ ကြာပါပြီ။ လက်ကျန် ခမရ ၃၄၀၊ ၃၄၁ နဲ့ စဗခရဲ့ တချို့အစိတ်အပိုင်း တွေပဲ ဆက်သိမ်းဖို့ကျန်ပါတော့တယ်။ ဖာပွန်/မူတြော်ခရိုင်ဟာ ကရင်လူထုခေါင်းဆောင်၊ KNU ဖခင် ကြီး စောဘဦးကြီး နောက်ဆုံးညီလာခံခေါ်ခဲ့တဲ့နေရာဖြစ်လို့ အားလုံးအတွက် နိုင်ငံရေးတန်ဖိုးအရ အ တော်လေးအရေးပါပါတယ်။ ဘယ်လိုခက်ခဲကြမ်းတမ်းမှုတွေရှိနေပါစေ၊ ရအောင်ယူရဖို့ပါ ရဲဘော်တို့” ဟု ဗမာပြည်သူ့လွတ်မြောက်တပ်မတော် – BPLA တပ်ဖွဲ့ခေါင်းဆောင် မောင်ဆောင်းခက တိုက်တွန်း ပြောဆိုထားသည်။

 

ဖာပွန်မြို့သိမ်းတိုက်ပွဲနှင့် ကျန်ရှိနေသော အကြမ်းဖက်စစ်တပ်စခန်းများကို KNLA စစ်ရေးဦးဆောင်မှု ဖြင့် PDF ၊ FFD ၊ BPLA စသည့် မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရန် ကျန်ရှိနေသော စစ်တပ်စခန်းများကိုလည်း ယခုရက်ပိုင်းအတွင်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *