Salin News

0 0
Read Time:2 Minute, 13 Second

စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းနှင့်စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ ၂၁ ဦးသေဆုံး

 

D Day News

မေလ ၂၂

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား၊ ရဲ ၂၁ ဦးခန့်သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

 

မေလ ၁၈ ရက် နံနက် ၅ နာရီဝန်းကျင်မှစ၍ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းအား တော်လှန်ရေး တပ်ဖွဲ့များမှ RPG ၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၂ နာရီ ကြာတိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ် ဘန်ကာ ၃ ခုကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ၁၁ ဦးသေဆုံးခဲ့ကြောင်း Midland Dolphins Column-MLDC – မြေလတ် လင်းပိုင် စစ်ကြောင်း က ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုအတွင်း သေနတ် အဆင်မပြေမှုကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကျည်အင်အား မလုံလောက်မှုနှင့် စစ်ကူအင်အား အလွန်များပြားစွာရောက်ရှိလာမှု ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

 

ထို့အပြင် ယင်းရဲစခန်းကို စစ်ကူပေး တက်တူတမံလမ်းဘက်မှ တက်လာသည့် ယာဉ်တန်းကို ဖြတ် တောက်တိုက်ခိုကရေးတပ်ဖွဲ့မှ ယာဉ်တန်း၏ ရှေ့ဆုံးကားကို မိုင်းဆွဲပြီး ကြားဖြတ်ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်း က အတည်ပြုထားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊အမှတ် ၁ တပ်ရင်း ၊ အမှတ် ၄ တပ်ရင်း ၊ စလင်းမြို့နယ် ပကဖ ၊ GZ ARMY ၊ MLDCမြေလတ်လင်းပိုင်စစ်ကြောင်း ၊ SLN (PDF) ၊ ဒေါင်းစစ် အောင် Local (PDF) နှင့် မိုးကြိုး ပြောက်ကျား စသော မဟာမိတ်တပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *