Karen Sate BGF News

0 0
Read Time:11 Minute, 37 Second

စောချစ်သူခေါင်းဆောင်သည့် BGF/KNA သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအတွက် တာဝန်ရှိ အဖွဲ့ အစည်းဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းလုပ်ဆောင်ရန် Justice For Myanmar တောင်းဆို

 

D Day News

မေလ ၂၂

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စောချစ်သူခေါင်းဆောင်သည့် BGF/KNA တပ်သည် နိုင်ငံ ဖြတ်ကျော် ရာဇဝတ်မှုများအတွက် တာဝန်ရှိအဖွဲ့အစည်းဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်း လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုလိုက်သည်။

 

ကရင် BGF/KNA တပ်၏ ကော်ပိုရိတ်ဖွဲ့စည်းပုံနှင့် ဒေသတွင်းကွန်ရက်များအပေါ် Justice For Myanmar ၏ သုတေသနလေ့လာမှုအတွင်းတွင် အချက်အလက်အသစ်များအဖြစ် အဆိုပါပြည်သူ့ စစ် အဖွဲ့သည် တရားမဝင် ဆိုးရွားကြမ်းကြုတ်သည့် စီးပွားရေးလုပ်ငန်းများ၌ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နှင့် ဟောင်ကောင်နိုင်ငံများမှ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့်အတူ ပါဝင်ပတ်သက်နေကြောင်း ဖော်ထုတ်ထားသည်။

 

ဆိုက်ဘာလိမ်လည်ဒုစရိုက်လုပ်ငန်းများ လုပ်ဆောင်သည့်ခြံဝန်းကြီးများ၊ တရားမဝင် ကာစီနိုရုံများ နှင့် တရားမဝင်အွန်လိုင်း လောင်းကစားလုပ်ငန်းများ ပါဝင်ပြီး၊ စစ်အုပ်စုနှင့် ၎င်း၏မဟာမိတ်ကရင် BGF/KNA တပ်တို့သည် ထိုသို့သော နိုင်ငံတကာရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်း အ လျဉ်းမရှိပဲ ကင်းလွတ်စွာဖြင့် ဆက်လက်ကျူးလွန်နေကြသည်ဟု ဆိုသည်။

 

မလေးရှားနိုင်ငံသားများသည် ကျယ်ပြောလှသော ရာဇဝတ်လုပ်ငန်းများနှင့်လူ့အခွင့်အရေးချိုးဖောက် မှုများ ပါဝင်သည့် ရထိုက်မြို့သစ်စီမံကိန်း (Yatai New City) နှင့် ဒေါင်မေဥယျာဥ် (Dongmei Park) စီမံကိန်းများတွင် ထင်ရှားသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ရထိုက်မြို့သစ်စီမံကိန်းသည် ကရင် BGF/KNA တပ်နှင့် Yatai International Holding Group တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး၊ တရားမဝင်ကာစီနိုရုံများ၊ ဆိုက်ဘာငွေလိမ်လုပ်ငန်းများနှင့် တရားမဝင် အွန်လိုင်းလောင်းကစား လုပ် ငန်းများကို အကြီးအကျယ်ဖော်ဆောင်နေသည့် ဒုစရိုက်မြို့တော်သစ် စီမံကိန်းလည်းဖြစ်ကြောင်း သိရသည်။

 

ရထိုက် (Yatai) ကုမ္ပဏီဥက္ကဌ She Zhijiang သည် နိုင်ငံတကာဖမ်းဝရမ်းဖြင့် ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်းက ဖမ်းဆီးခြင်းခံခဲ့ရပြီး တရားမဝင် လောင်းကစားလုပ်ငန်းများ လုပ်ဆောင်မှုစွဲချက်များ အတွက် ထွက်ဆိုရန် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရေးကို စောင့်ဆိုင်းလျှက်ရှိကြောင်း၊ ရထိုက်အုပ်စု (Yatai Group) ၏ မြန်မာဖက်စပ်လုပ်ငန်းတွင် ကျန်ရှိနေသည့်အခြား အဖွဲ့ဝင်နှစ်ဦးသည် မလေးရှား နိုင်ငံ သား များ ဖြစ်ကြောင်း သိရသည်။

 

ဒေါင်မေဥယျာဥ်စီမံကိန်း (Dongmei Park) သည် ဆိုက်ဘာငွေလိမ်လုပ်ငန်း လုပ်ဆောင်သည့် ခြံဝန်း ကြီးဖြစ်ပြီး၊ ယခင် 14K လူဆိုးဂိုဏ်းခေါင်းဆောင် Wan Kuok-koi (သွားကျိုးဟုလည်း သိကြသူ) က မလေးရှား လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တည်ထောင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ မလေး ရှား လုပ်ဖော်ကိုင်ဖက်များတွင် မလေးရှားဝန်ကြီးချုပ်ရုံး၏ ယခင်ဒုတိယဝန်ကြီးဖြစ်ခဲ့သူ Dato Dr Mashitah Ibrahim နှင့် သူမ၏ခင်ပွန်း ယခင်သံတမန်ဟောင်း Datuk Abdul Shakor Bin Abu Bakar တို့ ပါဝင်သည်။ အဆိုပါဇနီးမောင်နှံသည် စီမံကိန်းစတင်ရန် Wan Kuok-koi နှင့် ထင်ရှား သော မလေးရှားနိုင်ငံသားများနှင့်အတူ ၂၀၂၀ ခုနှစ်တွင် ကရင်ပြည်နယ်သို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

 

Datuk Abdul Shakor Bin Abu Bakar သည် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ထား သော ဒေါင်မေအုပ်စု (Dongmei Group) ၏ ကုမ္ပဏီခွဲဖြစ်သည့် ဟောင်ကောင်ကုမ္ပဏီတွင် ဒါရိုက် တာ နှင့် ရှယ်ယာရှင်အဖြစ် ဆက်လက်တာဝန်ယူလျက်ရှိကြောင်း သိရသည်။

 

သုတေသနလေ့လာမှုတွင် ထိုင်းကုမ္ပဏီများ၊ ထိုင်းနိုင်ငံသားလူပုဂ္ဂိုလ်များနှင့် ကရင် BGF/KNA တပ် ၏ စီးပွားရေးလုပ်ငန်းများအကြား ဆက်နွှယ်မှုအသစ်များကိုလည်း ဖော်ထုတ်ထားပြီး ယင်းတို့တွင် ထိုင်းနိုင်ငံပိုင် EXIM Bank၊ Bangkok Bank၊ Kasikorn Bank နှင့် Krungthai Bank များ၏ ကိုယ်စား လှယ်များသည် ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများ ဆွေးနွေးရန်အတွက် တရားမဝင် Karen BGF တပ်များ ရှိရာ နယ်စပ်လမ်းကြောင်းကတဆင့် ရွှေကုက္ကိုလ်မြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်လည်း ပါဝင် ကြောင်း သိရသည်။

 

သုတေသနလေ့လာမှုအတွင်း စံမြင့် (စောချစ်သူ၏ နံမည်လွှဲအဖြစ် အသုံးပြုထားသူ)နှင့် ၎င်း၏သား သမီး များသည် BGF/KNA တပ်ပိုင်ကုမ္ပဏီများတွင် အဓိကအခန်းကဏ္ဍက ပါဝင်ပတ်သက်လျက်ရှိပြီး (အသေးစိတ်ထပ်မံတင်ပြထား) မိသားစုဝင်များအကြား ရှယ်ယာများ ခွဲဝေပိုင်ဆိုင်ထားခြင်းဖြင့်စံမြင့် မိသားစုသည် ကရင် BGF/KNA တပ်၏ စီးပွားရေးလုပ်ငန်း ၆ ခုကို ထိန်းချုပ်ပိုင်ဆိုင်ထားကြောင်း သိရသည်။

ထို့အပြင် နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဆိုက်ဘာငွေလိမ်လုပ်ငန်းခြံဝန်းကြီး နှစ်ခုဖြစ်သော Apollo Park နှင့် Yulong Bay Park တို့တွင်လည်း အနည်းစုရှယ်ယာရှင်အဖြစ် ပိုင်ဆိုင်ထားကြပြီး ယင်းစီး ပွားရေးလုပ်ငန်းနှစ်ခုလုံးတွင် စံမြင့်၏ သားဖြစ်သူ ကရင် BGF/KNA တပ် ဗိုလ်မှူး စောထူးအယ်မူး သည် ဒါရိုက်တာနှင့် ရှယ်ယာရှင်တစ်ဦး ဖြစ်ကြောင်း သိရသည်။

 

“ကရင် BGF/KNA တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေအတွက် တာဝန်ရှိ တဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ဒီရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်နေ ပါတယ်။ တရားမဝင်စစ်အုပ်စုဟာ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးတွေ ဆက် လက် ဆင်နွှဲ နေသလို၊ တစ်ဖက်မှာလည်း ဒီစစ်ရာဇဝတ်မှုလုပ်ငန်းတွေအပေါ် ကာကွယ်ပေးနေရုံ သာမက ဒီလုပ်ငန်းတွေဆီကလည်း အကျိုးအမြတ်တွေ ရရှိနေပါတယ်။ မြန်မာနိုင်ငံ အကျပ် အ တည်းကို ဖြေရှင်းဖို့နဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေဖို့အတွက် နိုင်ငံတကာအရေးယူမှုတွေ လုံ လောက်မှု မရှိသေးတဲ့အခြေအနေမှာ ကရင် BGF/KNA တပ်နဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ် မှုတွေ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကလည်း ဆက်လက်ရှိနေဆဲ ပါပဲ။ကရင် BGF/KNA တပ်နဲ့ ၎င်းအဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးချမှတ်ဖို့ Justice For Myanmar က တောင်းဆိုပါတယ်။ ဒေသတွင်းအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံ ဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ၎င်းတို့နိုင်ငံသားတွေ၊ နိုင်ငံတွင်းနေထိုင် သူတွေနဲ့ ကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးရေး ယခုထက်ပိုမို လုပ်ဆောင်ရမှာ ဖြစ် ပါတယ်။၂၀၂၅ ခုနှစ်မှာ အာဆီယံဥက္ကဌ ဖြစ်လာမယ့် မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ရာဇဝတ် မှုလုပ်ငန်းတွေမှာ ၎င်းတို့နိုင်ငံသားတွေ ပါဝင်ပတ်သက်မှုတွေ ပပျောက်အောင် တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ မိမိနိုင်ငံသားတွေ ကိုယ်တိုင်က စစ်ရာဇဝတ်ကောင်တွေနဲ့ စီး ပွား ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး၊ ဒါဟာ မြန်မာနဲ့ ဒေသတွင်းပြည်သူတွေအပေါ်ထိခိုက်မှုတွေ ဖြစ်စေမယ်၊ အဲဒီအတွက်လည်း အပြစ်ပေးအရေးယူခံရခြင်း အလျင်းမရှိဘူးဆိုရင် မြန်မာ နိုင်ငံတွင်း အကျပ်အတည်းကို တုန့်ပြန်ဆောင်ရွက်ရာမှာ မလေးရှားနိုင်ငံအနေနဲ့ အများလက်ခံ ယုံကြည် နိုင်မှု ရရှိနိုင်ဖို့ မလွယ်ပါဘူး။ထိုင်းနိုင်ငံဟာ တရားမဝင်စစ်အုပ်စုနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ ကတဆင့် မြန်မာနိုင်ငံတွင်းက နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေဆဲ ဖြစ်သလို၊ ကရင် BGF/ KNA တပ်ကို ကူညီထောက်ပံ့ပြီး အကျိုးအမြတ်တွေ ရရှိနေတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေ အ ပေါ်မှာလည်း လုံလောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ထိုင်းနဲ့ မလေးရှားနိုင်ငံတို့အနေနဲ့ ၎င်းတို့ရဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေက မြန်မာပြည်သူတွေအပေါ် ပိုမိုထိ ခိုက်ပျက်စီးစေတာမျိုးတွေကို ခွင့်ပြုပေးနေခြင်းထက် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်း နိုင် ရေး  အခုကစပြီး လမ်းကြောင်းပြောင်းလဲ ကျင့်သုံးလုပ်ဆောင်ဖို့ လိုအပ်နေပါပြီ” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

 

ကရင် BGF/KNA တပ်၊ ၎င်း၏စီးပွားရေးလုပ်ငန်းများ၊ စံမြင့် (စောချစ်သူ)နှင့် သူ့မိသားစုအပါအဝင် အဓိကလူပုဂ္ဂိုလ်များအပေါ် အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊အထူးသဖြင့် မလေးရှား နှင့် ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်းရှိ အခြားသော အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်ကြသည့် ၎င်း တို့ ၏ နိုင်ငံသားများနှင့် နိုင်ငံတွင်းနေထိုင်သူများအား စုံစမ်းစစ်ဆေးရန်နှင့် တာဝန်ခံစေရန် Justice For Myanmar က တောင်းဆိုထားသည်။

 

ထိုင်းအစိုးရအနေဖြင့် ၎င်းတို့ပိုင်နယ်မြေများအတွင်း ကရင် BGF/KNA တပ်နှင့် ယင်း၏မိတ်ဖက်များ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းများကို မဖြစ်မနေ ပိတ်ပင်ရမည် ဖြစ်ကြောင်း အသိပေး ထားသည်။

 

မြန်မာစစ်အုပ်စု၏ မဟာမိတ်၊ ကရင်အမျိုးသားတပ်မတော် (KNA) ဟု အမည်ပြောင်းထားသော ကရင်နယ်ခြားစောင့်တပ် (BGF) သည် အာဏာရ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်မိသားစုနှင့် ၎င်းတို့၏ မိတ်ဖက်များကို ကြွယ်ဝချမ်းသာစေသည့် နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တစ်ခုကို တည် ဆောက် ထားပြီး၊ ယင်းစီးပွားရေးကွန်ရက်ကြောင့် ကျယ်ပြောလှသော အတိဒုက္ခများကို ဖြစ်ပေါ်စေ ကြောင်း Justice For Myanmar ကထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *