Canada to Myanmar

0 0
Read Time:3 Minute, 13 Second

မြန်မာစစ်တပ်သည် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်ကာ စစ်ရာဇဝတ်မှုများ ဆက် လက် ကျူးလွန်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကနေဒါသံရုံး ထုတ်ပြန်

 

D Day News

မတ်လ ၂၇

 

မြန်မာစစ်တပ်သည် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာချိုးဖောက်ကာ စစ်ရာဇဝတ်မှုများကို ဆက် လက်ကျူးလွန်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကနေဒါသံရုံးက ထုတ်ပြန်သည်။

 

ယနေ့ ကျရောက်ရောက်သော မြန်မာနိုင်ငံ တပ်မတော်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်ကြေညာရာ၌ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

 

စစ်တပ်၏ အခန်းကဏ္ဍမှာ ပြည်သူများကို စောင့်ရှောက်ရန်နှင့် တိုင်းပြည်ကို ကာကွယ်ရန်ဖြစ်ပြီး မြန် မာ စစ်တပ်သည် ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆက်လက် ပျက်ကွက်နေကြောင်း၊ နိုင်ငံတကာ ဥပဒေ ကို ကြီးလေးစွာ ချိုးဖောက်ခြင်းဖြစ်သည့် လူနေအိမ်များ၊ ကျောင်းများ၊ ကျန်းမာရေး စင်တာ များ၊ ကိုးကွယ်ရာ ဘာသာရေး အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်ခြင်း အပါအဝင် အရပ်သား များ နှင့် အရပ်သားများ၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်း၊ အမျိုး သမီး များကို လိင်အကြမ်းဖက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်းတို့ကို ဆက်လက်ကျူးလွန် လျက်ရှိကြောင်း သိရသည်။

 

မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထုတ်ပြန်ထားသည်။

 

ထို့အပြင် ရိုဟင်ဂျာများ အပါအဝင် ထိလွယ်ခိုက်လွယ်သူများကို စစ်တပ်က လုံခြုံရာနေရာများသို့ ရွှေ့ပြောင်း ခွင့်ပြုရန် ငြင်းဆိုခြင်းသည် လုံးဝ လက်ခံ၍ မရသော အခြေအနေဖြစ်သည်ဟု ဆိုသည်။

 

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုများကျူးလွန်ခြင်းအား ရပ်တန့်ရန် ထပ်မံ တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံအား လက်နက်များ၊ စစ်တပ်ဆိုင်ရာ ကိရိယာများ၊ စစ်ဘက်-အရပ် ဘက် သုံး ကိရိယာများ၊ လေယာဉ်ဆီနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များ ပေးနေခြင်းကို ချက် ချင်း ရပ်တန့်ရန် နိုင်ငံများ အားလုံးကို မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက တိုက်တွန်းထားသည်။

 

ယနေ့တွင် မြန်မာပြည်သူများနှင့် ၎င်းတို့၏ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျသော၊ အားလုံးပါဝင် သော အနာဂတ်မျှော်မှန်းချက်များနှင့် အတူတစ်သားတည်းရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံရုံးက ဆက်ပြောကြားသည်။

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *