Mon Sate News

0 0
Read Time:2 Minute, 5 Second

သထုံမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ၂ ဦးဒဏ်ရပြီး နေအိမ် ၄ လုံးပျက်စီး

 

D Day News

မေလ ၂၀

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးဒဏ်ရာရပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန် ထားသည်။

 

မေလ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က သထုံမြို့နယ်၊ ခမရ ၉ တပ်ရင်းစခန်းမှ ဝီယော် ကျေးရွာအတွင်းသို့ လက်နက်ကြီး ၃ လုံးပစ်ခတ်ရာ သုံအိမ်စုဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးဒဏ်ရာရရှိကာ နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရ သည်။

အလားတူ ညနေ ၅ နာရီတွင် အကြမ်းဖက်စစ်ကောင်စီ၏ အမတ ၃၁၄ တပ်ရင်းစခန်းမှ သထုံမြို့ နယ်၊ ရွှေရောင်ပြကျေးနယ်ရှိ ရွှေရောင်ပြရွာနှင့် အဝန်းကြီးအကြား ကားလမ်းမအထက် ရော်ဘာခြံ အတွင်းသို့ လက်နက်ကြီး ၅ လုံး နှင့် ရွှေရောင်ပြကျေးရွာအတွင်းသို့ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

မေလ ၁၆ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၉ တပ်ရင်းမှ သထုံ မြို့နယ်၊ ဝီယော်ကျေးနယ်ရှိ ကျေးရွာများထဲသို့ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ဝင်းပကြီးကျေးရွာ နေအသက် ၄၀ အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မေလ ၁၆ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်တွင် ခမရ ၉ တပ်မှ လက်နက်ကြီး ၂ လုံး၊ မွန်းတည့် ၁၂ နာရီ ၁၃ မိနစ်တွင် စစ်ကောင်စီ၏ ခမရ ၃၁၄ တပ်မှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ သေးကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *