Myingyan News

0 0
Read Time:3 Minute, 17 Second

မြင်းခြံမြို့နယ်၊ ရွာရှည်ရွာထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်သည့်နေရာအား နယ်မြေ ရှင်းလင်းစဉ် စစ်သားအလောင်း ၁ လောင်း၊ RPG ၃ လုံးနှင့် ကွန်ပျူတာတစ်လုံးသိမ်းဆည်းရရှိ

 

D Day News

မေလ ၂၀

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာအား နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်းတစ်လောင်း၊ RPG ၃ လုံးနှင့် ကွန်ပျူတာ ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ်ပကဖ – ပုဂံပြည်ဘီလူးတပ်ထံမှ သိရသည်။

 

မေလ ၁၆ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်ခန့်က မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ကိုင်းရွာ ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်း ၃ နှင့် ပေပါမိုင်း အသုံး ပြုပြီး မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗျူဟာမှူးအပါအဝင် ၆ ဦးသေဆုံးကာ ၁၁ ဦးခြေ ပြတ်၊ လက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေရာအား နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စစ်သားအ လောင်း ၁ လောင်း၊ RPG ၃ လုံးနှင့် ကွန်ပျူတာတစ်လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သေတာတွေကလည်း ၆ ကောင်မကလောက်ဘူး၊ များတော့များမယ်။ အရာခံဗိုလ် ၂ ယောက်ပါ သေတယ်လို့ သိရတယ်။ အလောင်းတွေ မီးရှို့ထားခဲ့တဲ့ နေရာတွေလည်း တွေ့ရတယ်။ ပဒေသာမိုင်း ၃ လုံးနဲ့ ပေပါမိုင်းဆိုတော့ အတော်ထိတာ။ သူတို့က အုပ်စု လိုက်ကြီး တက်လာတာဆိုတော့။ သူတို့ ပစ္စည်းတွေထားပြီး ထွက်ပြေးသွားတာ၊ ပထမတော့ ၆၀ မမ တစ် လက်တောင်ကျန်ခဲ့တယ်။ ပြီး တော့ ပြန်လာယူသွား တာ။ ဝရုန်းသုန်းကားနဲ့ဆိုတော့ ကျန်နေ ခဲ့တာ၊ အခုတော့ ကိုင်းရွာကနေ စစ်ကြောင်းက ပြန်ဆုတ် သွားပြီ။ သိမ်းမိခဲ့တဲ့အထဲမှာ ကွန်ပျူတာ ၁ လုံးပါ သိမ်းမိတာ၊ ကွန်ပျူတာ ကို စစ်ကြည့်တဲ့အချိန်ကျတော့ ပြည်သူတွေဆီက ခိုးလာတဲ့ ကွန်ပျူတာဖြစ်ဖို့များတယ်။ သူတို့ ကွန် ပျူတာတော့ မဟုတ်လောက်ဘူး” ဟု ညောင်ဦးမြို့နယ်ပကဖ – ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

သေဆုံးများထဲတွင် ဗျူဟာမှူးတစ်ဦးပါအဝင်ပြီး သေဆုံး ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ဆီမီခုံဆိပ်ကမ်းမှတဆင့် ရေလမ်းအတိုင်း မြင်းခြံမြို့သို့ သယ်ဆောင်သွားကြောင်း၊ ယခုအခါ ကိုင်းရွာမှ ထွက်သွားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ မရိုးကုန်းရွာသို့ ရောက်ရှိနေပြီး မြင်းခြံမြို့သို့ ပြန်နိုင်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို MP9 PDF ၊ မိုင်းဇာနည် PDF ၊ တလုပ် PDF ၊ One PDF ၊ MGN 9 Star ၊ ဧရာဝတီမင်းသား PDF နှင့် ပုဂံပြည် ဘီလူးတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *