KIA & NUG News

0 0
Read Time:7 Minute, 17 Second

အမှတ် ၁ စစ်ဆင်ရေးမှူး၏ စစ်ရေးရည်မှန်းချက်၊ စစ်ဆင်ရေး စီမံချက်များ ပြည့်မြောက်သည် အထိ KIA နှင့် PDF ရဲဘော်များ လက်တွဲ ကြိုးပမ်းသွားကြမည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြောဆို (ရုပ်သံ)

 

D Day News

မေလ ၁၈

 

အမှတ် ၁ စစ်ဒေသမှူး ဗိုလ်ချုပ်ခေါန်လွမ်းရေးဆွဲခဲ့သည့် ပြင်ဆင်ခဲ့သည့် စစ်ရေးရည်မှန်းချက်များ၊ စစ်ဆင်ရေး စီမံချက်များ လက်ဆုတ်လက်ကိုင် ကျန်ခဲ့ပြီး ယင်းရည်မှန်းချက်များ ပြည့်မြောက်သည် အထိ KIA နှင့် PDF ရဲဘော်များ လက်တွဲကာ ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

မေလ ၁၃ ရက်နေ့က လိုင်ဇာဌာနချုပ်ရှိနေအိမ်၌ ကွယ်လွန်သွားခဲ့သည့် အမှတ် ၁ စစ်ဒေသမှူး၊ KIA စစ်ဦးစီးချုပ် ဒူကဘာခေါင်လွန်းအကြောင်း ပြောကြားရာတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က ဗိုလ်ချုပ်လို့ ခေါ်ပါတယ်။သူက ဦးနှောက်လည်း ကောင်းသလို စိတ်ကောင်းလည်း ရှိတဲ့သူပါ။သူ့ရဲ့ စစ်ရေး နိုင်ငံရေး တွေးခေါ်မြော်မြင်မှုက ရိုးရှင်းသလောက် ထူးခြားမှုလည်း ရှိပါ တယ်။ လူပုဂ္ဂိုလ်အရလည်း ချစ်ခင်နှစ်သက်ဖွယ်ကောင်းတဲ့ပုဂ္ဂိုလ်ပါ။ PDFရဲဘော် တွေဆို သူ့ကို အင်မတန်ချစ်ပြီး လေးစားကြပါတယ်။ရဲဘော်တွေနဲ့အတူ စစ်မြေပြင်မှာ လက်ရေတပြင်စည်း သူနေ တယ်။ သူကွယ်လွန်တဲ့အတွက် အားလုံးယူကြုံးမရ ဖြစ်ကြရပါတယ်။” ဟု NUG ကာကွယ်ရေးဝန် ကြီး ဦးရည်မွန်က ပြောကြားသည်။

 

ကွယ်လွန်သူ အမှတ် ၁ စစ်ဒေသမှူး ဒူကဘာခေါင်လွမ်းသည် မြန်မာပြည်မြောက်ခြမ်း စစ်ရေး တာဝန်တစ်ခုလုံးကို ယူထားရပြီး အမှတ် ၁ စစ်ဒေသမှူးအဖြစ် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နှင့် မကွေးတိုင်းအထိပါ တာဝန်ယူထားရကြောင်း၊ အညာဒေသ စစ်ရေးအောင်မြင်မှုများသည် ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှုနှင့် ဒူကဘာခေါင်လွန်း၏ အနီးကပ်ကွက်ကဲမှုအစီအမံများဖြင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“ဒီကနေ့ အညာက စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုး ထိန်းချုပ်မှုတွေဟာ သူ့အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ပြည်သူလူထုရဲ့ ပါဝင်မှုနဲ့အတူ သူ့ရဲ့အစီအမံ သူရဲ့အနီးကပ်ကွပ်ကဲမှု ပေါင်းစပ်ပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။သူပြုစုပျိုးထောင်ပေးခဲ့တဲ့ အညာဒေသက ရာနဲ့ချီတဲ့ PDF တပ်ရင်းတွေဟာ ဒီကနေ့ တိုက်ရိုက်ခိုက်ရည် ကောင်းပြီး အားကိုးရတဲ့ တပ်ရင်းတွေ ဖြစ်နေပါ ပြီ။ ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးဖို့ အရေးကြီးတဲ့ အတွက် PDF သာမက မြို့နယ် တိုက်နယ် ကျေးရွာ ပကဖတွေ ကွက်ပြည့် ဖွဲ့ကြဖို့လည်း အားပေးခဲ့တဲ့သူ ဖြစ်ပါတယ်။” ဟု NUG ကာကွယ်ရေး ဝန်ကြီးက ပြောဆိုသည်။

 

ကွယ်လွန်သူ ဒူကဘာခေါင်လွမ်းသည် ၎င်း၏ ကျန်းမာရေးနှင့် တော်လှန်ရေးကို လဲလှယ်ခဲ့ဖြစ်ပြီး ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းက C3C ဗဟိုကွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏ သဘောတူ ဆုံးဖြတ်ချက်အရ အမှတ် ၁ စစ်ဒေသဖွဲ့စည်းချိန်တွင် စစ်ဒေသမှုအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း၊ ယင်းအချိန်က ဒူကဘာခေါင်လွမ်းမှာ KIA တပ်မတော်၏ ဒုစစ်ဦးစီးချုပ်သာဖြစ်ကြောင်း သိရသည်။

 

“ပြောမယ်ဆိုရင်သူက ဆေးကုဖို့ဆိုတာထက် စစ်မြေပြင်ဆင်းဖို့ ရွေးချယ်ခဲ့တာပါ။ PDFတပ်ရင်း တပ်ဖွဲ့တွေ လေ့ကျင်စုဖွဲ့နိုင်ဖို့ နယ်မြေစိုးမိုးထိန်းချုပ်မှုရရေး တိုက်ပွဲဝင်ဖို့ နှစ်နှစ်နီးပါး အချိန်ပေးပြီး သူ အနီးကပ် ကြီးကြပ်ခဲ့ပါတယ်။၂၀၂၃ ခုနှစ် KIA စစ်ဦးစီးချုပ် တာဝန်ထမ်းရမှ လိုင်ဇာ သူပြန်တယ်။ တော်လှန်ရေးအတွက် သူ ပြုခဲ့တဲ့ကျေးဇူး တကယ်ကြီးမားပါတယ်။”ဟု NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

 

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် လိုင်ဇာသို့ ရောက်ရှိချိန် ဒူကဘာခေါင်လွမ်းမှ ဝမ်းသာအာရဖြစ် ခဲ့ကြောင်း၊ ရက်ခြားတွေ့ဆုံကြပြီး ရှေ့လုပ်ငန်းစဉ်အစီအစဉ်များ တိုင်ပင်ဖြစ်ကြကြောင်း သိရသည်။

 

“ကျွန်တော် လိုင်ဇာရောက်လာတော့ သူ တော်တော်ဝမ်းသာတယ်။ရက်ခြားလောက် ကျွန်တော်တို့ ဆုံဖြစ် ကြတယ်။ရှေ့လုပ်ငန်းအစီအစဥ်တွေ တိုင်ပင်ဖြစ်ကြတယ်။ အမှတ် ၁စစ်ဒေသရဲ့ စစ်ရေး အရှိန်ကို ဘယ်လိုတင်ကြမလဲ တစ်နိုင်ငံလုံး ဟန်ချက်ညီအောင် ဘယ်လိုတိုက်ကြမလဲစသဖြင့်ပေါ့။

“ဝန်ကြီးက မဟာမိတ်ရှာတဲ့အလုပ် ရန်ပုံငွေရှာတဲ့အလုပ် လက်နက်ခဲယမ်းရှာတဲ့အလုပ် ပိုအားစိုက် ဗျာ၊ ကျွန်တော်က စစ်ရေးကို ပိုအားစိုက်မယ်”လို့ သူပြောခဲ့တဲ့စကားကတော့ ခုအချိန် မှတ်မှတ် ရရပါပဲ။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒူကဘာခေါင်လွမ်းနှင့်ပတ်သက်၍ အမှတ် တရ စကားပြောကြားသည်။

 

ကချင်ပြည်နယ်တွင် စစ်ဆင်ရေးစတင်ခဲ့သည့် မတ် ၇ ရက်နေ့မှစ၍ ရှေ့တန်းကွက်ကဲရေး စခန်းတွင် အထိုင်ချကာ ကွက်ကဲခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးကိုလည်း လာရောက်နေရန် ဖိတ်ခေါ်ခဲ့ ကြောင်း၊ အမြောက်သံ၊ ဗုံးသံ၊ လေယာဉ်သံအောက်တွင် တစ်လနီးပါးကာ အတူတူ နေခဲ့ကြကြောင်း သိရသည်။

 

“သူရဲ့ စစ်ဆင်ရေးကွပ်ကဲနေပုံကို ကျွန်တော် အနီးကပ် လေ့လာခွင့် သင်ယူခွင့်ရခဲ့တယ်။ အချိန်တို အတွင်း အရေးကြီးတဲ့အောင်ပွဲတွေ ဆက်တိုက်ရယူနိုင်ခဲ့တာလည်း ကျွန်တေ့ာ် မျက်မြင်ကိုယ်တွေ့ပဲ။

ပြီးခဲ့တဲ့ ဧပြီ ၆ရက်နေ့ကတော့ သူလည်း ဆေးကုဖို့ ခရီးသွားမယ် ကျွန်တော်လည်း မြေပြင်ခရီးတချို့ သွားဖို့ ရှိမယ်။ ပြီးရင် ပြန်ဆုံပြီး စစ်မြေပြင် နှစ်ယောက်အတူ ဆင်းကြမယ် စစ်ဆင်ရေးတွေ အတူ ကွပ်ကဲကြမယ်ဆိုပြီး တိုင်ပင်ထားတာပါ။ သူကွယ်လွန်သွားပေမယ် သူရေးဆွဲတဲ့ ပြင်ဆင်ခဲ့ စစ်ရေး ရည်မှန်းချက်တွေ စစ်ဆင်ရေး စီမံချက်တွေ လက်ဆုတ်လက်ကိုင် ကျန်ခဲ့တယ်။ အမှတ် (၁) စစ် ဒေသရဲ့ ဒီရည်မှန်းချက်တွေ ပြည့်မြောက်တဲ့အထိ ကျန်ခဲ့တဲ့ KIAနဲ့ PDFရဲဘော်တွေ လက်တွဲပြီး ကြိုးပမ်းသွားကြမှာဖြစ်တယ်လို့ ပြောလိုပါတယ်။” ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြော ဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *