Monywa News

0 0
Read Time:1 Minute, 27 Second

မုံရွာမြို့နယ်၊ တောပုရွာရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပျူစောထီး ၃ ဦး ဒဏ်ရာ ရရှိပြီး နေအိမ် တစ်လုံး မီးလောင် (ရုပ်သံ)

 

D Day News

မေလ ၁၈

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၇ ရက်နေ့က မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ် ပေါင်း စုများမှ လက်နက်ကြီးခေါ် ၆၀ မမ ၊ ၈၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး ထိခိုက်ဒာဏ်ရာရရှိခဲ့ပြီး ပျူစောထီး နေအိမ် ၁ လုံး မီးလောင်ပျက်စီးကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၃ ၊ မုံရွာခရိုင်တပ်ရင်း ၇ ၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊ Fighter 1 တပ်ခွဲ Generation Fighter Force နှင့် Monywa Brave Hearts Local Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *