Chaung U News

0 0
Read Time:2 Minute, 52 Second

ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

 

D Day News

မေလ ၁၇

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေး လမ်းမပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်း ဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၅၄ မိနစ်အချိန်တွင် မုံရွာမြို့ဘက်မှ ထွက်လာသော ဝမ် ပေါင် ကုမ္ပဏီမှ ကြေးနီများတင်ဆောင်လာသည့် တွဲကား ၇ စီး နှင့် နမခ တပ်မှ ထွက်လာသည့် မိုး ကာအုပ်ကားစီးကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့်ရေပိုးစားကျေးရွာကြား အရောက် ရှေ့ထွက်မိုင်း ၃ လုံး၊ ထန်းလုံးမိုင်းအကြီး ၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် နှစ်နေရာခွဲ ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“မုံရွာဘက်က ထွက်လာတော့ ကြေးနီတင်တွဲကား ၇ စီး၊ မိုးကာအုပ်ကား ၂ စီးပါ၊ မုံရွာ- ချောင်းဦး လမ်းပိုင်းမှာ မိုးကာအုပ်ကားတစ်စီးကို မိုင်းဆွဲပြီး ဝင်ပစ်တော့ အပစ်ခံရတဲ့ မိုးကာအုပ်ကားတစ်စီးက ချောင်းဦးမှာ ကျန်ခဲ့တာ။ အဲဒါကြောင့် မြင်းမူဘက်ကို ဆက်ထွက်လာတဲ့ တွဲကား ၇ စီးနဲ့ မိုးကာအုပ် ကားတစ်စီးကို ထပ်ပြီး မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မိုးကာအုပ်ကားပေါ်မှာတော့ စစ်ခွေး တွေ ပါတယ်။” ဟု People’s Defence Force – South Monywa မှ Daung Karyan က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၁ – Monywa Ranger Group/ Truth Army ၊ နွေဦးလူငယ် People’s Defence Force ၊ Myinmu Local Defence Force ၊ တောသားကြီးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

 

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywaအနေဖြင့် ရန်ပုံငွေ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး ခဲယမ်းမှ အစ ပြန်လည်ဖြည့်တင်းနိုင်ရန် လိုအပ်လျက်ရှိသဖြင့် မိဘပြည်သူက တတ်သမျှ ဝိုင်းထောက်ပံ့ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *