Insein Jail News

0 0
Read Time:4 Minute, 48 Second

အင်းစိန်ထောင်အတွင်း၌ အကျဉ်းဦးစီးမှူး ဒေါ်မိမိလှိုင်က အကျဉ်းသူများအပေါ် ပိုက်ဆံကောက်ပြီး စီးပွားရှာနေဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် – PPNM ထုတ်ပြန်

 

D Day News

မတ်လ ၂၇

 

ရန်ကုန်မြို့၊ အင်းစိန်ထောင်အတွင်း၌ အကျဉ်းဦးစီးမှူး ဒေါ်မိမိလှိုင်က ကျဉ်းသူများအပေါ် ပိုက်ဆံ ကောက်ပြီး စီးပွားရှာနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် – PPNM က ယနေ့ မတ်လ ၂၇ နေ့တွင် ထုတ်ပြန်သည်။

 

ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင်အတွင်း၌ အကျဥ်းဦးစီးဌာန၊ အင်းစိန်ဗဟိုအကျဥ်းထောင်မှ အမျိုး သမီး ဦးစီးမှူး ဒေါ်မိမိလှိုင်ဆိုသူသည် အကျဥ်းသူများထံမှ ပိုက်ဆံကောက်ခြင်း၊ ထောင်အတွင်းနေရာ များ ရောင်းခြင်းစသည်တို့ကို ပြုလုပ်ပြီး အကျဥ်းကျခံနေသူများထံမှ ခေါင်းပုံဖြတ် စီးပွားရှာနေသည် ဟု စုံစမ်းသိရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် – PPNM  ထုတ် ပြန် ချက်တွင် ဖော်ပြထားသည်။

 

အင်းစိန်ထောင်၌ အဆောင်များတွင် အကျဥ်းသူများ နေရာချထားမှု၊ အဆောင်အပြောင်း အရွေ့များ ကို အကျဉ်းဦးစီးမှူးဒေါ်မိမိလှိုင်က အဓိက ကိုင်တွယ်နေပြီး သူ့ခွင့်ပြုချက်ရမှသာ တစ်နေရာမှ တစ် နေရာသို့ ရွေ့ပြောင်းခြင်း ပြုလုပ်နိုင်ကြောင်း၊ ထို့သို့ အဆောင်နေရာကောင်းများဖြစ်သော ဘုရားစင် အောက်၊ အပေါ်ထပ် အဆင့်၊ လေဝင် လေထွက်ကောင်းသောနေရာ စသည်တို့ တွင်နေထိုင်ခွင့် ရရန် ၎င်းကို ငွေပေးနေရကြောင်း သိရသည်။

ငွေမပေးနိုင်သည့် အကျဉ်းသူများကို ဒေါ်မိမိလှိုင်က အိမ်သာဘေး၊ အခန်းအတွင်းရှိ အမှိုက်စွန့်ပစ်ရာ နေရာအနီး၊ အနံ့အသက်ဆိုးသောနေရာများ၌ နေရာချထားပေးကာ အိပ်စက်ခိုင်းကြောင်း၊ ဒေါ်မိမိ လှိုင်အား ငွေပေးရသည့် ပေါက်ကြေးမှာ ၅ သိန်းမှ ၁၀ သိန်းထိပေါက်စျေးရှိနေကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်က စုံစမ်းဖော်ထုတ်ထားသည်။

 

ထို့အပြင် ထောင်တွင်း အရေးပေါ်ဆေးဝါးကုသမူခံယူနေရသည့် နိုင်ငံရေးအကျဥ်းသူများ၊ ကာလ ကြာရှည် ဆေးဝါးကုသမှုခံယူရမည့် ကျန်းမာရေးဆိုးဝါးသူ အကျဥ်းသူများကိုလည်း ထောင်ပြောင်း ခြင်းကို အဓိကထားပြီးလုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အကျဉ်းထောင်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရစေခြင်း၊ ပိုက်ဆံ မပေးနိုင်လျှင် ကျန်းမာရေးအတွက်‌‌ လျှော်ညီသောနေရာများတွင်မနေရခြင်း စသည့်အဖြစ်အပျက် များ သည် အင်းစိန်ထောင်အမျိုးသမီးဆောင်တွင် လက်ရှိဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက် ခံနေရသည့် ကိစ္စရပ်များဖြစ်သည်ဟု ဆိုသည်။

 

အင်းစိန်ထောင်အတွင်း တံမြက်စည်းဝယ်ခြင်း၊ ဆေးသုတ်ခြင်း စသည့် ကိစ္စများတွင်လည်း အကျဥ်း သူများထံမှ ပိုက်ဆံကောက်ခြင်း၊ မိမိအဖမ်းခံရသည့် ထောင်၏ အိပ်မည့်နေရာကို မိမိပိုက်ဆံဖြင့် ပေး ဝယ်ရခြင်း၊ အကျဉ်းဦးစီးဌာနမှ စီစဉ်သော ထောင်အတွင်း အခမ်းအနားများနှင့် ဖျော်ဖြေပွဲများတွင် ရရှိသော အကျဥ်းသားများထံမှ အမြတ်အစွန်းများကို ထောင်ပိုင်နှင့် ခွဲဝေယူကြကြောင်း သိရသည်။

အင်းစိန်ထောင်သည် ခေတ်အဆက်ဆက်သမိုင်းတစ်လျှောက် နိုင်ငံရေးအကျဥ်းသားများကိုဖိနှိပ်မှု စသည့် နာမည်ဆိုးဖြင့်ကျော်ကြားသော ထောင်ဖြစ်ပြီး လွန်ခဲ့သည့် မတ်လကလည်း နိုင်ငံရေး အကျဥ်းသားများအား ရိုက်နှက်နှိပ်စက် တိုက်ပိတ်ခဲ့ပြီး လက်ရှိတွင်လည်း အကျင့်ပျက်ခြစားမှု များ၊ပေါ် ပေါ်ထင်ထင်ဖြစ်ပျက်နေသော လာဘ်စားမူများကြောင့် အကျဥ်းသားများ အသက်ရှင် သန်ခွင့်၊ ဆေးဝါးလုံလောက်စွာကုသခွင့်များအပါအဝင် အခြေခံအကျဆုံးလူ့အခွင့်အရေးများ ဆုံးရှုံး လျက်ရှိကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM)က ထုတ်ပြန်ထားသည်။

 

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *