KNU News

0 0
Read Time:6 Minute, 16 Second

သထုံ၊ မူးနှင့် လယ်ဒိုမြို့နယ်အတွင်းတို့၌ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ မိုင်း ထောင်ထားမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးပျက်စီး

 

D Day News

မေလ ၁၆

 

ဧပြီလ ၃ ရက်နေ့တွင် မူးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသေ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၇၇ ၊ ၉၂ ၊ ၉၃ ၊ ၄၄ ပူးပေါင်းစစ်ကြောင်းသည် ပြည်သူလူထုနေထိုင်ရာ ကျေးရွာနှင့် လုပ်ငန်းခွင်များ အတွင်း မြေမြှုပ်မိုင်းများထောင်ထားခဲ့သဖြင့် ရေလဲ(ဗမာ) ကျေးရွာနေ အသက် ၂၀ အရွယ် စောကျူ ကျူ နှင့် ဝိုင်းတူ အနောက်ရွာနေ နေဇင်ရာအောင်တို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် ခမရ ၄၃၉ တပ်ရင်းမှ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကင်းမွန်ချီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၅၇ နှစ်အရွယ် ဦးဝင်းနိုင် ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ၎င်းတပ်မှ ထပ်မံပစ်ခတ်သော လက်နက်ကြီးတစ်လုံးသည် ငတိုးခင်ကျေး ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၂ နှစ်အရွယ် ဒေါ်မသီ သေဆုံးကာ အသက် ၁၄ နှစ်အရွယ် မောင်ကောင်းခန့်သူရလွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် လက်နက်ကြီး ၁ လုံးထပ်မံပစ်ခတ်ခဲ့ရာ ဘုရားကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၆၅ နှစ်အရွယ် ဦးတင့်ကြည် ထိမှန်သေဆုံးကာ အသက် ၆၁ နှစ်အရွယ် ဒေါ်ကွယ်ထော၊ အသက် ၃၄ နှစ်အရွယ် ဒေါ်တင်ဇာဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၄ ရက် ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင်လည်း ဝိုင်းကြီးကျေးရွာအတွင်းသို့ လက်နက်ကြီး ၁ လုံးထပ်မံပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

 

မေလ ၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်နှင့် ည ၇ နာရီ ၄ မိနစ်အချိန်တွင် အကြမ်းဖက်စစ် ကောင်စီ၏ ခမရ ၄၃၉ တပ်ရင်းမှ ဝိုင်းကြီးကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

 

မေလ ၂ ရက် နံနက် ၃ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၉ တပ်မှ လက်နက်ကြီး ၁ လုံး ဟော်ခိုဝေါ်ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ထို့အပြင် ည ၁၀ နာရီအချိန်နှင့် ၁၀ နာရီမိ နစ် ၃၀အ အချိန်တို့တွင် အကြမ်း ဖက်စစ်ကောင်စီ၏ ခမရ ၄၃၉ တပ်ရင်းမှ ဝိုင်းကျေးရွာနှင့် လူအပ် ကျေးရွာအတွင်းသို့ ဟောင်ဝှစ်ဇာလက်နက်ကြီး တစ်လုံးစီပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

မေလ ၂ ရက် နံနက် ၆ နာရီ မိနစ် ၃၀ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၇၇ ၊ ၉၂ ၊ ၉၃ ၊ ၄၄ တပ်တို့သည် ရေလဲကျေးရွာအတွင်း မိုင်းထောင်ထားခဲ့သဖြင့် နေအိမ်သို့ ပစ္စည်းပြန်ယူသည့် အသက် ၅၂ နှစ်အရွယ် ဦးပွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလ ၁၂ ရက် နံနက် ၁၁ နာရီအချိန်တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၉ တပ်ရင်းမှ သင်္ကန်းကုန်းကျေးရွာအတွင်းသို့ ဟောင်ဝှစ်ဇာလက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ အသက် ၄၃ နှစ် အရွယ် မစု၊ အသက် ၃၉ နှစ်အရွယ် ကိုသန်းစိုးနိုင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလ ၁၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ နှင့် ညနေ ၄ နာရအချိန်တို့တွင် ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်းမှ ၁၅၅ မမ ဟောင်ဝှစ်ဇာလက်နက်ကြီး ၁၀ လုံးပစ်ခတ်ခဲ့ရာ လက်ကောက်ဝ ကျေးရွာ၊ ချောင်းကြိုးကျေးရွာ၊ မအူပင်ကျေးရွာ၊ သရက်ချောင်းနှင့် ကော်သာစေး ကျေးရွာအနီးတို့တွင် ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း၊ ည ၈ အချိန်တွင် ယင်းအကြမ်းဖက်စစ်တပ်မှ ၁၅၅ မမ ဟောင်ဝစ်ဇာ နှင့် ၁၂၀ မမ လက်နက်ကြီး စုစုပေါင်း ၃ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ တုံးတံတားကျေးရွာနှင့် သရက်ပင် ကျေး ရွာ အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

မေလ ၁၄ ရက် နံနက် နံနက် ၁၀ နာရီ ၅၃ မိနစ်အချိန်တွင် ပိန်းဇလုပ်အခြေစိုက် ခလရ ၂၆၄ တပ်ရင်း မှ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကြိတ်ကွင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၅ နှစ်အရွယ် နော်အေးထွေး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မေလ ၁၄ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်တွင် သထုံမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ် ခမရ ၉ တပ်ရင်းမှ လ်ကနက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးရွာ၊ မရမ်းကုန်းကျေးရွာ အနီး တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၁ နာရီ မိနစ် ၅၀ အချိန်အထိ အကြမ်းဖက်စစ်တပ် အမတ ၃၁၄ တပ်ရင်းမှ လက်နက်ကြီး ၄ လုံး၊ ခမရ ၉ တပ်ရင်းမှ လက်နက်ကြီး ၃ လုံး၊ နံနက် ၁၀ နာရီအချိန် တွင် ခမရ ၉ တပ်ရင်းမှ လက်နက်ကြီး ၄ လုံး၊ ခမရ ၉ လက်အောက်ခံ ဝီယော်စခန်းမှ လက်နက်ကြီး ၂ လုံး ၊ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်တွင် အမတ ၃၁၄ တပ်မှ လက်နက်ကြီး ၁ လုံး၊ ခလရ ၈ တပ်မှ လက်နက်ကြီး ၁ လုံး၊ ဘီးလင်းတိုးဂိတ်စခန်းမှ လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့ကြောင်း ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်မှုကြောင့် လူနေအိမ်များ၊ အိမ်မွေးတိရစ္ဆာန်များ၊ အဆောက်အဦများ ထိခိုက်သေဆုံး ပျက်စီးမှုရှိခဲ့ပြီး ဒေသနေပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *