PNLA News

0 0
Read Time:2 Minute, 25 Second

ဆီဆိုင်မြို့နယ်၊တောင်ဗိုကန်တော်လေးကျေးရွာ သူကြီးကို PNO ပြည်သူ့စစ်က ဖမ်းဆီးထားပြီး ၁၀ ကျော်သည်အထိ ပြန်မလွှတ်သေး

 

D Day News

မေလ ၁၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်မြိုနယ် နောင် ဗိုကန် တော်လေးကျေးရွာ၏ ရွာသူကြီးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၀ ကျော်သည်အထိ ပြန်မလွတ်သေးကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

မေလ ၂ ရက်နေ့က ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာ၏ ရွာသူကြီးဖြားခွန်လျောသည် ကားဖြင့် ဆီဆိုင်မြို့သို့ သွားနေစဉ် ဆီဆိုင်မရောက်မီ ပုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီလက် အောက်ခံ PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးလယ်အဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရွာသူကြီးက ဆေးပညာလည်းတတ်တော့ ကျန်းမာရေးကိစ္စဆို သူပဲ အားကိုးနေရတာ။ ဒေသခံတွေ က သူ့ကို ဆရာဝန်လျောလို့လည်း ခေါ်တယ်။ အခုက ဖမ်းသွားတာ ၁၀ ရက်ကျော်ပြီ။ အဆက် အ သွယ် လည်းမရတော့ဘူး။ လူလည်း ပြန်မရောက်လာဘူး။ နောင်ရင်း ရွာသူကြီး ညီအစ်ကိုလည်း PNO က သတ်သွားတယ်ဆိုတော့ နောင်ဗိုကန်တော်လေးရွာသူကြီးလည်း အဲ့လို အသတ်ခံရမှာစိုး တယ်။ အသက်ရှင်နေသေးရင်လည်း ပြန်လွှတ်ပေးစေချင်တယ်။”ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

ရွာသူကြီး ဖြားခွန်လျောကို ဖမ်းဆီးထားသည်မှာ ၁၀ ရက်ကျော်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြန်မလွတ်ပေးသေးပဲ ကားကိုလည်း PNO ပြည်သူ့စစ်က သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲသည် နောင်ရင်း ရွာသူကြီး ညီအစ်ကို ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် ရွာသူကြီးပိုင်ဆိုင်သည့် ကုန်တင်ကား ၁ စီးကိုပါ သိမ်းဆည်းသွားကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *