Kyaukse News

0 0
Read Time:1 Minute, 53 Second

ကျောက်ဆည်မြို့နယ်၊ ခဲယမ်းမီးကျောက်တပ်မှ ထွက်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ် တစ်ဦး သေဆုံး ၇ ဦးအပြင်းအထန်ဒဏ်ရာရ

 

D Day News

မေလ ၁၆

 

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ခဲယမ်းမီးကျောက်တပ်မှ ထွက်လာသည့် အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၇ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ် စားပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၁၃ ရက် ည‌နေ ၅ နာရီခန့်တွင် ကျောက်ဆည်မြို့နယ်၊ ခဲယမ်းမီးကျောက်တပ်မှ ဆင်းခေါင်း တောင်ဘက်သို့ ထွက်လာသွားသည့် စစ်ကား ၃ စီးကို ရဲကြီးရွာနှင့် ဈေးရွာ အကြားအရောက် ပဒေသာ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိကာ ယင်းဒဏ်ရာရရှိသူများ အနက် ၇ ဦးအပြင်းအထန်(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Tigher Brother PDF၊ ဗိုလ်စားပြောက်ကျား၊ မြင်းခြံမြို့နယ် ပကဖ၊ မြစ်သား ပကဖနှင့် မြင်းခြံတပ်ရင်း ၁ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အလားတူ မေလ ၆ ရက်နေ့က ကျောက်ဆည်မြို့ အထက ၁ ကျောင်းတွင် အစည်းအဝေး ပြုလုပ်ရန် လာသည့် ထွက်လာ သည့် စစ်ကား ၁ စီးကို Tiger Brother PDF နှင့် မြင်းခြံ ၂၇ မြစ်သား ပကဖ အဖွဲ့ တို့ပူးပေါင်းပြီး အထက အမှတ် ၁ ကျောင်းပန်းခြံလမ်း အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *