Laung Lone News

0 0
Read Time:4 Minute, 38 Second

လောင်းလုံးမြို့မရဲစခန်းနှင့် ထွေအုပ်ရုံးနှင့်လက်ခတ်တောင်စစ်စခန်းကုန်းတို့ကို တပြိုင်တည်း ဝင် ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ၁၇ ဦးသေဆုံး

 

D Day News

မေလ ၁၄

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းနှင့်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၁၇ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF ထံမှ သိရသည်။

 

မေလ ၉ ရက် နံနက် ၆ နာရီအချိန်မှစ၍ လောင်းလုံးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲ စခန်းကို တပြိုင်နက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်က ကြည်း၊ ရေ လေ ပူးပေါင်းပစ် ကူပေးသဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းတိုက်ပွဲ၌ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်နေစဉ် အကြမ်းဖက်စစ် ကောင်စီ၏ ရေတပ် စစ်သင်္ဘောဖြင့် အနောက်ဘက် ပင်လယ်ပြင်မှ ဝင်ရောက်လာကာ လက်နက် ကြီး အချက်ပေါင်းစွာ ပစ်ကူပေးခဲ့ပြီး လေကြောင်းဖြင့်လည်း ဂျက်ဖိုက်တာ တစ်စီး၊ စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

၎င်းတိုက်ပွဲသည် နံနက် ၆ နာရီမှ ၁၁ နာရီ မိနစ် ၃၀ အချိန်အထိ ၅ နာရီခွဲခန့်ကြာမြင့်ကာ တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး(ပကဖ) ၊ ထားဝယ်ခရိုင်တပ်ရင်း- ၁ T1 ၊ Guerrilla Dawei နှင့် ဖယ်ဒရယ်ဓူဝံတပ်ဖွဲ့ တို့ပူးပေါင်းကာ တာဝန်ယူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ လောင်းလုံးမြို့တွင်းရှိအကြမ်းဖက်စစ်သား၊ ရဲများ တပ်စွဲထားရာ မြို့မရဲစခန်းနှင့် အထွေ ထွေ အုပ်ချုပ်ရေးမှူးရုံးတို့ကို ပထမဆုံးအနေဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ ရဲ စခန်းအတွင်းသို့ ၆၀ မမ တစ်လုံးနှင့် ၄၀ မမ ဗုံးသီး ၅ လုံး တည့်တည့်ထိမှန်ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲ ၄ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ရဲစခန်းနှင့်အထွေထွေ အုပ် ချုပ်ရေးမှူးရုံးအတွင်းသို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးမှူး ရုံး အတွင်းသို့ ၄၀ မမ ဗုံးသီး ၃ လုံးကျရောက်ပေါက်ကွဲမှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးသေဆုံး ကာ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်သည့် အပြင် မြေပြင်စစ်ကူစစ်ကြောင်းဖြင့် စစ်ကူတက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အနီးကပ် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မြင့်မြတ် စွာ အသက်ပေးလှူခဲ့ရကြောင်း၊ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး(ပကဖ)တပ်စုပေါင်းစုံ ဒေါင်းညီနောင်စစ်ကြောင်း၊ သရက်ချောင်း (ပကဖ) နွေဦးပြောက်ကျားတပ်ဖွဲ့ ၊ Student Revolutionary Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး နံနက် ၆ နာရီမှ စ၍ မွန်းလွဲ ၁ နာရီခန့်အထိ ကြာမြင့်ခဲ့ကြောင်း၊လောင်းလုံးမြို့တွင်းတိုက် ပွဲ၌ အကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးပြီး စစ်ဆေးတစ်ခုလုံးအတွင်း အကြမ်းဖက်စစ်သား၊ ရဲ ၁၇ ဦး သေဆုံးကာ ၁၆ ဦးထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *