Letpadan News

0 0
Read Time:1 Minute, 47 Second

လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာထိပ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး

 

D Day News

မေလ ၁၄

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြိုနယ်၊ ရေငံကျေးရွာထိပ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ထုတ်ပြန်သည်။

 

ယမန်နေ့ မေလ ၁၃ ရက် နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာသို့ စစ်ကြောင်းထိုး လာသည့် အကြမ်းဖက်စစ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အသင့်စောင့်ကြို ပစ် ခတ် တိုက်ခိုက်ခဲ့ရာ ၄၀ မမကျည်များ ရှေ့ကင်းပွိုင့်အတွင်း ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက် စစ် သား ၁ ဦးသေဆုံးကာ ၃ ဦးအပြင်းအထန်ဒဏ်ရာရာနှင့် ၆ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၂ ရဲဘော်များပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ အကြမ်းဖက်စစ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သားများအနီး သွားလာနေထိုင်ခြင်း လုံးဝ၊ လုံးဝ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *