Monywa News

1 0
Read Time:2 Minute, 7 Second

မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

D Day News

မေလ ၁၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

မေလ ၁၂ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်ခန့်က စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ ထွက်လာသော တွဲကား ၁၁ ပါ အကြမ်းဖက်စစ်ယာဉ်တန်းကို ချောင်းဦး-မုံရွာလမ်းပိုင်းတနေရာ၌ ပဒေသာ မိုင်း ၂ လုံး ၃ ပွိုင့် ၃ လုံး ၂ ပွိင့်၊ ရှေ့ထွက်မိုင်း ၂ လုံး စုစုပေါင်းမိုင်း ၁၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ပေါ်ပါ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး တွဲကား တစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

“အင်အားဖြည့်တဲ့ကားတွေ မဟုတ်ပါဘူး။ ဝမ်ပေါင်ဘက်ကနေ ပစ္စည်းတွေ သယ်နေတဲ့ကား တွေပါ။ မိုင်းဆွဲပြီးတော့ တွဲကားတစ်စီး ခနထိုးရပ်သွားပါတယ်။ ခနနေမှ ခွေးသေတွေရော၊ ဒဏ်ရာရတဲ့ဟာ တွေရော တင်ပြီး ပြန်မောင်းထွက်သွားတာ” ဟု People’s Defence Force – South Monywa မှ Daung Karyan က ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှု ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်းဖြစ်သော People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ Area71 People’s Defence Force၊ မုံရွာမြို့နယ်၊ တိုက်နယ် ၃ ရပ်ကျေး ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *