Pakokku News

0 0
Read Time:3 Minute, 40 Second

ပခုက္ကူမြို့နယ်၊ ကျပ်ထိုးရဲစခန်းနှင့် စစ်တပ်စစ်ကြောင်းကို ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

D Day News

မေလ ၁၃

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျပ်ထိုးနယ်မြေရဲစခန်းနှင့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Joker ပြောက် ကျားတပ်ဖွဲ့ (M.Y.G) ထံမှ သိရသည်။

 

မေလ ၁၁ ရက် ညနေ ၆ နာရီအချိန်က ပခုက္ကူမြို့နယ်၊ ကျပ်ထိုးနယ်မြေရဲစခန်းကို ဒရုန်းအကြီးဖြင့် 3.5kg  ဗုံးသီး ၂ လုံး 1.5kg  ၈ လုံး ၊ ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် 2 kg  ဗုံးသီး ၆ လုံး ကြဲချတိုက် ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ရဲ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

မေလ ၁၂ ရက်နေ့တွင် ပခုက္ကူမြို့မှ အင်အား ၇၀ ခန့်ဖြင့် ကျပ်ထိုးနယ်မြေရဲစခန်းကို အင်အားဖြည့် ရင်း ရေကြည်ရွာနှင့် ချိုင်ရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်တပ်စစ်ကြောင်း ကို ချိုင်ကျေးရွာအရောက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်မှ စ၍ 3.5 kg ဗုံးသီး ၂ လုံး 1.5 kg ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“ကျနော်တို့က ၁၁ ရက်နေ့ညနေက စတိုက်တာ၊ သတင်းက တစ်ဖြတ်တဖြတ်လေးပဲ သိနေရတယ်။ ခွေးတစ်ကောင် ပေါင်ပြတ်၊ နှစ်ကောင်ဒဏ်ရာရတယ်။ အဲဒါပဲသိရပြီးနောက်တစ်နေ့မနက်ကျတော့ ပေါင်ပြတ်တဲ့ကောင်သေတယ်။ အခုတော့ ချိုင်ရွာကိုလည်း ရှင်းလင်းရေးဝင်ပြီးပါပြီ။ ခွေးတွေက ဖလံအိုဘက်ကို ရောက်သွားပြီဆိုတော့။ ရှင်းလင်းရေးဝင်တဲ့အချိန်မှာ ထိခိုက်ထားတဲ့သွေးအိုင်တွေ၊ ခိုးအောင်ထားတဲ့နေရာတွေတွေ့တaယ်။ ပြည်သူ ၃၀ လောက်ကို ဓားစာခံဖမ်းလာတာရှိတယ်။ ကျနော်တို့ ဗုံးသီးချတဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက်လာတဲ့ ပြည်သူ ၁၅ ဦးလောက်ရှိတယ်။ အဲဒီ ၁၅ ဦးတော့ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီရောက်လာပြီ။ သူတို့နဲ့ စကားပြောကြည့်တဲ့ အ ချိန် မှာ အဲဒီမှာသတင်းတွေထပ်ရတယ်။ ခွေး ၆ ကောင်သေတယ်။ ၁၂ ကောင်ထိခိုက်ဒဏ်ရာရတယ် လို့  သတင်းထပ်ရတာဖြစ်တယ်။” ဟု Joker ပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရေကြည်ကျေးရွာနှင့် ချိုင်ကျေးရွာမှ ပြည်သူ ၃၀ ခန့်ကို ဓာစားခံဖမ်းဆီးပြီး အင်္ကျီအဖြူများ ဝတ်ခိုင်းကာ ကျပ်ထိုးနယ်မြေရဲစခန်းကို ဆိုင်ကယ်များဖြင့် ရိက္ခာ ပို့ခိုင်းခဲ့ကြောင်း၊ ပြည်သူလူထုပိုင်နေအိမ်များကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းများကိုခိုးယူမှုများ ရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြိုင် (ပ.က.ဖ) ၊ Joker ပြောက်ကျားတပ်ဖွဲ့ (M.Y.G) ဒို့ညီနောင် ပြောက်ကျား တပ်ဖွဲ့ ((M.Y.G) ၊ P.D.F KAMMA (တပ်ပေါင်းစု) ၊ ABSDF ကျောင်းသားတပ်မတော် စစ်ကြောင်း ၃

နှင့် ဧရာဒေါင်း အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *