CDM News

0 0
Read Time:2 Minute, 2 Second

ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေရှိ “အောင်ဇေယျ” စစ်ကြောင်းမှ စစ်သား ၅ ဦးလက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်

 

D Day News

မေလ ၁၃

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကောင် စီ၏ “ဇေယျစစ်ကြောင်း” မှ အကြမ်းဖက်စစ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

 

ယနေ့ မေလ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိ နေသော အကြမ်းဖက်စစ်ကောင်စီ၏ “အောင်ဇေယျ” စစ်ကြောင်းမှ တပ်မ ၅၅ လက်အောက်ခံ တပ် သား ၂ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင် ရောက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းကလည်း အမှတ် ၃၁ ဗျူဟာထံ ဆက်သွယ်ကာ စစ်သား ၃ ဦး အလင်းဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။

 

“ဒီနေ့ အလင်းဝင်တာ ကျနော်သိသလောက်ကတော့ ၂ ဦးပါ။ အရင်က အမှတ် ၃၁ ဗျူဟာမှူးကိုယ် တိုင် တိုက်ရိုက်လက်ခံထားတာ ၃ ဦးရှိပါတယ်။ အလင်းဝင်လာတဲ့ စစ်သားတွေအတွက်ကတော့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ဆက်သွားမှာပါ” ဟု ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် မင်းအောင်လှိုင်နှင့်အာဏာရှင် လူတစ်စု အတွက် ပြည်သူကိုလူထုကို ဆန့်ကျင်ကာ အသက်သေးတိုက်ဝင်ခြင်းမပြုပဲ ပြည်သူလူ ထုနှင့်အတူ ရပ်တည်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ အလင်းဝင်ရောက်ကြရန် ကျားဖြူစစ် ကြောင်းက တိုက်တွန်းနှိုးဆော်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *