Myinmu Radio News

0 0
Read Time:3 Minute, 50 Second

မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာတွင် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို အစုလိုက်အပြုံလိုက် ပစ်ခတ် သတ်ဖြတ် (ရုပ်သံ)

 

D Day New

မေလ ၁၁

 

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်လုတ္တောရွာတွင် အကြမ်းဖက်စစ်တပ်က ပြည်သူ ၃၀ ကျော်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားကြောင်း CDSOM တပ်ဖွဲ့ထံက သိရသည်။

 

ယနေ့ မေလ ၁၁ ရက် နံနက် ၅ နာရီခန့်က မြင်းမူမြို့နယ်၊ ဂွေပင်တောကျေးရွာ၌ တပ်စွဲသော အကြမ်းဖက်စစ်သားများသည် လက်ထုတ္တောကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့သဖြင့် ကျေးရွာနေပြည်သူများမှာ ဘုန်းကြီးကျောင်းအတွင်းသို့ ဝင် ရောက်ခိုနေစဉ် အမျိုးသားများအားလုံးကို အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၆၀ မမ လက်နက်ကြီးနဲ့ အလုံး သုံးဆယ်၊ လေးဆယ်လောက်ပစ်ပြီးတော့ ရွာထဲကို ဝင်လာတာ။ ပြီးတော့ လက်နက်ငယ်တွေနဲ့ တရစ်ပစ်ပြီးတော့ ဝင်လာတာ။ ပြည်သူတွေလည်း တော်တော်များ များထိတယ်။ အဲလိုပစ်ခတ်ဝင်လာတော့ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေကြတာ။ အမျိုးသား တွေချည်းပဲကို ပစ်သတ်သွားတာ၊ အနောက်ကျောင်းမှာက ၈ ယောက်၊ အရှေ့ကျောင်းမှာက ၂၀ ကျော် တယ်။ အကုန်လုံးသတ်သွားတဲ့အလောင်းက ၃၀ ကျော်တယ်ဗျ။ ဒဏ်ရာရတဲ့သူ ၅ ယောက်ကို လည်း ဆေးရုံပို့ထားရတယ်။ အမျိုးသားတွေကိုပဲ ပစ်သတ်သွားတာ၊ အမျိုးသမီးတွေကို ကျတော့ PDF တွေ နေတဲ့အိမ်တွေလိုက်ပြခိုင်းပြီး ဘာမှလုပ်မသွားဘူး။ အမျိုးသားတွေကိုတော့ အကုန်လုံးကို ပစ်သတ်သွားတာ” ဟု CDSOM တပ်ဖွဲ့က ဗိုလ်စင်္ကြာက ပြောကြားသည်။

 

ထိုသို့ သတ်ဖြတ်ခံရမှုအတွင်း လက်ထုတ္တောဘုန်းကြီးကျောင်းအတွင်း ပန်းရံလာရောက်လုပ်ကိုင် သည့် ဝမ်းပြည့်ကျေးရွာနေ အမျိုးသား ၃ ဦးပါ သတ်ဖြတ်ခံလိုက်ရပြီး လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များပါ ထိခိုက်သေဆုံး မှုရှိကြောင်း သိရသည်။

 

“လက်နက်ကြီးနဲ့ ပစ်ပြီးဝင်လာတဲ့ချိန်မှာ အဝေးကိုလည်း ပြေးချိန်မရတော့ အမျိုးသားတွေရော၊ အ မျိုးသမီးတွေရော၊ လူကြီးတွေရော လူငယ်တွေရော နီးစပ်ရာ ဘုန်းကြီးကျောင်းတွေထဲမှာ ဝင်‌တော့ အဲဒီထဲမှာ အမျိုးသားတွေအကုန်လုံးဖမ်းပြီး ထပ်ပြီးတော့ အထပ်ကြီးအလိုက်သတ်သွားတာ။တချို့ အလောင်းတွေကျတော့ ထင်းတွေနဲ့ မြောင်းတွေထဲမှာ ထည့်ပြီးတော့ မီးရှို့သွားတယ်၊ အကုန်လုံး တော့မလောင်ဘူး။ တချို့ကျတော့ ရုပ်တွေမပီတော့ဘူး။ အလောင်းတွေတွေ့တဲ့အထဲမှာ အမျိုးသမီး တွေတော့မပါဘူး။ ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတဲ့အထဲမှာ အမျိုးသမီးတစ်ဦးပါတယ်။ အခြေအနေ အရ စိုးရိမ်ရတယ်လို့ပြောတယ်၊ ဒဏ်ရာရတာက အမျိုးသားရော၊ အမျိုးသမီးရောပေါင်းရင် ၁၀ ယောက် ကျော်ကျော်လောက်တော့ရှိမယ်။ကလေးတွေတော့မတွေ့ဘူး။ ၁၆ နှစ်ကောင်လေးတစ် ယောက်တော့ တွေ့ထားတယ်။ အသတ်ခံရတဲ့အထဲမှာပဲ။” ဟု CDSOM တပ်ဖွဲ့က ဗိုလ်စင်္ကြာက ပြောဆိုသည်။

 

အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ နံနက် ၈ နာရီခွဲခန့်တွင် လက်ထုတ္တောကျေးရွာမှ ရေပိုး စားကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း၊ အကြမ်းဖက်စစ်တပ်စစ်ကြောင်းထွက်ခွာလာ ရာ ဂွေးပင်တောကျေးရွာနှင့် လက်ထုတ္တောကျေးရွာမှာ ၁ မိုင်ခွဲခန့်သာ ကွာဝေးကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *